Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်၏ မဟာဗျူဟာအမှားလော

From : .. mizzima

မကြာသေးမီကာလက ဥရောပခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကလွတ်လပ်စွာ တွေးခေါ်သူများ အတွက်ပေးသော ဆာခ်ဟာရော့ဗ်ဆုကို လက်ခံရယူခဲ့သည်။ ယင်းဆုက ၁၉၉၀ ခုနှစ်ကတည်းက ဥရော ပပါလီမန်ကပေးအပ်ခြင်း ဖြစ်သော်လည်း ထိုအချိန်ကဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ်ကျခံ နေရသည့်အတွက် လက်ခံရယူနိုင်ခဲ့ခြင်းမရှိခဲ့သည့်ဆု ဖြစ်သည်။ ယခုခရီးစဉ်တွင် သူမသည် ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး ပြည်သူများကို မိန့်ခွန်းပြောကြားခဲ့သည်။

ယခင်ခရီးစဉ်များအတွင်းကလည်း သူမအနေဖြင့်ကမ္ဘာ့ခေါင်းဆောင်များကို မြန်မာအစိုးရ၏ ပြုပြင်ပြောင်း လဲရေးပိုမိုပြုလုပ်ရန် ဖိအားပေးဖို့တိုက်တွန်းခဲ့သည်ပင်။ သူမကခရီးစဉ်များအတွင်း အဓိကထောက်ပြ သည့် ပြဿနာမှာ “ဥရောပသမဂ်္ဂက မြန်မာနိုင်ငံဖွဲ့ စည်းပုံပြင်ဆင်ရေးကို ဖိအားပေးရန်” ပြောကြားခဲ့ သည်ချည်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏အခွင့်ထူးခံနေရာရရှိနေခြင်းကလည်း အဓိက ပြဿနာတစ်ခု ဖြစ်နေကြောင်းလည်း သူမကဆိုသည်။ မြန်မာပြည် အတွင်း ပြုပြင်ပြောင်း လဲရေးအတွက် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများက ဖိအားပေးရန်လူသိရှင်ကြားတောင်းဆိုခြင်းက အသစ် အဆန်းတော့ မဟုတ်ပေ။ အားလုံး မျှော်လင့်ထားပြီး ဖြစ်သည်။ သို့သော် ယင်းတောင်းဆိုခြင်းကပင် သူမအတွက် အန္တရာယ်အချို့တော့ရှိနေသည်။

သူမသည် နိုင်ငံတကာ၏လေးစားခင်မင်မှု ကိုရရှိနေခြင်းက သူမ၏အရှိန်အ၀ါကိုသုံးပြီး နိုင်ငံတကာမှ အစိုးရများ၊ အဖွဲ့အစည်းများနှင့် ထင်ရှားသော နိုင်ငံရေးသမားများ၏ ထောက်ခံမှုကိုရယူနိုင်သည်။

မြန်မာစစ်အစိုးရကို နိုင်ငံတကာမှဖိအားပေးရန် သူမကတွန်းအားပေးခဲ့သည်။ ပြင်းထန်သော နိုင်ငံရေးနှင့် စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ပြီး နိုင်ငံတကာကလည်း သူမပြန်လည်လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်း သား လွတ်မြောက်ရေးတို့ကို တောင်းဆိုခဲ့သည်။ မြန်မာအစိုးရကို လူအခွင့်ရေးလေးစားရန်နှင့် စစ်မှန် သောဒီမိုကရေစီ အစိုးရဖြစ်ရေးတို့ကိုလည်း နိုင်ငံတကာကတောင်းဆိုခဲ့ကြသည်။

၂၀၁၁ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်သည်ပါလီမန်သို့ ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။ စစ်တပ်ကလည်းအစိုးရတာဝန်များမှ တဖြည်းဖြည်းဆုတ်ခွာနေပြီး၊ နိုင်ငံ တကာကလည်း အကြံဉဏ်များ၊ အကူအညီများပေးခြင်းဖြင့် မြန်မာပြည်အတွင်းသို့ တက် သုတ်ရိုက်ဝင် ရောက် လာနေသည်။

ယင်းကြိုဆိုဖွယ်ရာ တိုးတက်မှုများနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေး ခြင်းများ လည်းရှိခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတကာ အဆင့်အတန်းဖြင့် ဦးသိန်းစိန်အစိုးရကို ဖိအားပေးရန်ကြိုးစားနေပုံပေါ်သည်။ ယင်းသို့ ပြု လုပ်နေခြင်းဖြင့် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် သူမ လိုချင်သောရလဒ်ကို ရရှိမည်လားဆိုသည်ကတော့ မေးစရာဖြစ်နေသည်။

ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးလုပ်နေသော အရပ်ဘက်-စစ်ဘက် စပ်ကျား နိုင်ငံရေးစနစ်ကို အကောင်ထည်ဖော်နေသော အစိုးရကိုနိုင်ငံတကာဖြင့် ဖိအားပေးခြင်းက မူဝါဒအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ သူမ အဆိုကိုထောက်ခံရန် အထောက် အထားတော့ မရှိသေးပေ။ အမှန်စင်စစ်အားဖြင့် အမေရိကန်နှင့်အခြား ခေါင်းဆောင်များကလည်း စီးပွားရေးပိတ်ဆို့မှုများက စစ်အစိုးရထက်အရပ်သားများကို ပိုမိုထိခိုက်စေကြောင်းကို ဆိုခဲ့ပြီးဖြစ်သည်။

နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများက မြန်မာအစိုးရကိုပိုမိုဖိအားပေးခြင်းက ဆန့်ကျင်ဖက်ရလဒ်ကို ပင် ဖြစ်စေနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးပိတ်ဆို့ရန်နှင့် အစိုးရပြုပြင်ပြောင်းလဲရေးလုပ်ရန် တောင်းဆိုခြင်းက သူမအပေါ်စစ်အစိုးရက မျိုးချစ်စိတ်မရှိခြင်း၊ နိုင်ငံတော်ကိုသစ္စာဖောက်ခြင်းဟု ရှုမြင်ခြင်းခံခဲ့ရသည်။၂၀၀၂ ခုနှစ်က မြန်မာနိုင်ငံခြားရေးဝန်ကြီးက “မျောက်ကို ငှက်ပျောသီးပေးပြီးကခိုင်းခြင်းက နည်းလမ်း မဟုတ်ကြောင်း၊ ကျွန်တော်တို့က မျောက်မဟုတ်ကြောင်း” ဆိုခဲ့သည်အထိ ရှိခဲ့သည်။

နိုင်ငံတကာ၏ ဖိအားများကမျိုးချစ်စိတ်လွန်ကဲသော စစ်အစိုးရခေါင်းဆောင်များကို ပြည်ပဖိအားကိုပို၍ တွန်းလှန်ရန် အားပေးလိုက်ပြီး၊ စနစ်ပြောင်းလဲရေးအတွက် ကိုယ်ပိုင်အစီအစဉ်အတိုင်းသာအကောင် အထည်ဖော်အောင် ပြုလုပ်လိုက်သည်။

ယခုအခြေအနေမှာ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့” ဟူသော လမ်းပြမြေပုံကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် လက်ခံပြီးဖြစ်သည်။ ယင်းအချက်များက ပြည်ပဖိအားများကစစ်အစိုးရ၏ အတွေး အခေါ်များကို ထိထိရောက်ရောက် မပြောင်းလဲနိုင်ကြောင်း ဖော်ပြချက်ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲကလည်း ပြည်ပဖိအားထက်ပြည်တွင်းမှလာသည်မှာ ထင်ရှားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်အစိုးရကိုလည်း ယခင်စစ်အစိုးရလိုပင် နိုင်ငံတကာက ဖိအားပြင်း ပြင်းပေးစေချင်ပုံပေါ် သည်။ ယင်းအခြေအနေမျိုး ယင်းလုပ်ရပ်မျိုးကို အကယ်၍ဦးသိန်းစိန်အစိုးရက လက်ခံနိုင်လျှင်တောင်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံနိုင်မည်မထင်ပေ။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး ဆက်လက်ပြုလုပ်ရန်နှင့် ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆိုလျှင် ကာချုပ်၏ထောက်ခံမှုသည် အရေးကြီးလှသည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများက ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်း လဲမှုများကို ထောက်ခံချီးကျူးနေသည်မှာ အထင်အရှားဖြစ်သည်။ အငြင်းပွားဖွယ်ဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုပင် အားတက်သရော ပြောဆိုရန်ကိုပင် မသိကျိုးကျွန်ပြုထားသလို ရှိခဲ့သည်။ထို့ကြောင့် ပြည်ပအစိုးရများက မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အနှောင့်အယှက်ဖြစ်မည့် အပြုမှုအပြော ဆိုမျိုးကို မပြုလုပ်ဖို့ရန်လိုလားနေသည်ဟု ယူဆရသည်။ မြန်မာအစိုးရအပေါ် စတင်ရရှိထားသည့် သြဇာ သက်ရောက်မှုကိုလည်း လျှော့မချလိုကြပေ။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏အခြေအနေသည် ယခုကိစ္စတွင်ယခင်ကထက် ယခုနိုင်ငံတကာ မိသားစုအပေါ် သြဇာလွှမ်းမိုးမှုလျော့နည်းနေသည်။ မြန်မာအစိုးရအပြောင်းအလဲများက ဒေါ်အောင်ဆန်း စုကြည်၏ နိုင်ငံတကာပုံရိပ်ကိုလည်း အနည်းငယ်ကျဆင်းစေသည်။ ထို့အပြင်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်းကချင်စသည့် တိုင်းရင်းသားလူနည်းစုများကို ဖိနှိပ်ခြင်းနှင့်ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုရန်ပျက်ကွက်ခဲ့ခြင်းကြောင့် ဝေဖန်မှုမျိုးစုံနှင့် ခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစစ်ဗိုလ်ချုပ်များ၏ ယုံကြည်မှုကိုရအောင် မဟာဗျူဟာများချမှတ်ရ မည့်အစား ယခုကဲ့သို့ကွဲလွဲသည့်ဗျူဟာများ ချမှတ်နေခြင်းက အံ့သြစရာဖြစ်နေသည်။ဒေါ်အောင်ဆန်းစု ကြည် ၀န်ခံထားသလိုပင် စစ်တပ်၏ထောက်ခံမှုမရဘဲ စစ်မှန်သောဒီိမိုကရေစီစနစ်ကို မသွားနိုင်ပေ။ပါလီမန်အတွင်းပါဝင်နေသော တပ်မတော်ကိုယ်စားလှယ်များ၏ သဘောတူညီချက်မပါဘဲသူမနေဖြင့် ဖွဲ့စည်းပုံကိုပြင်ပြီး သမ္မတဖြစ်မလာနိုင်ပေ။

အထက်ပါ အချက်များကိုကြည့်၍ ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရကိုဖိအားပေးရန် နိုင်ငံတကာ ကိုတောင်းဆိုနေခြင်းသည် အကောင်းထက်အဆိုးကိုဖြစ်နိုင်သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောဆိုနေကြသည်။ နိုင်ငံတကာအစိုးရများက မည်သို့တုံ့ပြန်သည်ဖြစ်စေ ယင်းမဟာဗျူဟာကသူမနှင့် ဦးသိန်းစိန်အစိုးရ၏အေးစက်နေသော ဆက်ဆံရေးကိုပို၍အေးခဲသွားစေနိုင်သည်။ထို့အပြင် သူမ၏ ခေါင်းဆောင်မှု အခန်းကဏ္ဍကိုသာမက၊ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကိုပါ သိမြင်နားလည်သည့် သူမနှင့် လက်တွဲနိုင်သော စစ်ဗိုလ်ချုပ်များနှင့်လည်း ပိုမိုကင်းကွာသွားစေနိုင်ပေသည်။

  http://www.myanmarexpress.net/2013/11/blog-post_3784.html တွင်

၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မအောင်မြင်မှုများ ကို ပြန်လည်ဖတ်ရှုနိုင်သည်။


 .. www.MyanmarExpress.net
 

4 comments:

NLD ဟာ ရုပ်လည်းမချော သရုပ်ဆောင်လည်း မကောင်းဘဲနဲ့ သူဋ္ဌေးသမီးမို့လို့ ရုပ်ရှင်မင်းသမီး တက်လုပ်နေတာနဲ့ တူနေပြီ၊ အထင်ကရ နိုင်ငံရေးပါတီကြီး ဖြစ်ပါရက်နဲ့ တော်တော်အသုံးမကျတဲ့ လုပ်ပုံကိုင်ပုံတွေကိုသာ ဆက်တိုက်လုပ်နေတော့တာပဲ၊

တပ်မတော်ကို ကျမ မမုန်းပါဘူးဆိုဆိုပြီး ဈေးခေါ်တဲ့ မိန်းမရွှင်လေသံကို ပါးစပ်ကဟစ်နေပေမယ်လို့ နိုင်ငံခြားရောက်တဲ့အခါကျတော့ အခွင့်ထူးခံစစ်တပ်လို့ပြောပြန်တယ်၊ တပ်မတော်က ဘယ်ပါတီကိုမှ အချစ်အမုန်းမသတ်မှတ်ဘဲ အမျိုးသားရေးကိုပဲ လုပ်နေတာ ဖြစ်ပေမယ့် ၁၉၈၈ တိုင်းဆူပြည်ဖျက် ရမ်းကားမှုရန်ကနေ ကယ်တင်ပေးခဲ့တယ်ဆိုတဲ့ သမိုင်းကိုမှ အောက်ထစ်ဆုံး အသိအမှတ်မပြု ရဲတဲ့ ဒေါ်စုကြည်ကို ကြည်ဖြူဖို့တော့ ခက်လိမ့်မှာ အမှန်ပဲ၊

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စစ်တပ်ရဲ့ ပူးပေါင်းပါဝင်မှုကို လိုလားပါတယ်လို့ ပြောပြီး တစ်ဖက်ကကျတော့ စစ်တပ်ပါဝင်နေတာကို အပြစ်တင်လို့ မဆုံးပြန်ဘူး၊

အခြေခံဥပဒေပြင်ဆင်ရေးမှာ မွတ်ကုလား ကိုနီဆိုတဲ့လူကိုမှ ခိုင်းတာကိုက တော်တော်ချာတူးလန်တဲ့ လုပ်ကွက်ဖြစ်နေပြီ၊ အဲဒီကုလားကလည်း ဟောပြောပွဲတွေတိုင်းမှာ တပ်မတော်ကိုစော်ကားတဲ့ ရိုက်ပေါက်တွေကိုချည်း လျှောက်ပြောနေတော့တယ်၊ သူပြောတာလွန်သွားပြီဆိုတာ သိတော့ ဘာပြောတယ်မှတ်သလဲ၊ သူဆဲတဲ့အထဲမှာ အရင်ဗိုလ်ချုပ်မှူးကြီးတွေကို မိုးမွှန်အောင် ကိုင်တုပ်ပေမယ်လို့ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်ကိုတော့ မပြစ်မှားပါဘူးတဲ့၊

ဟဲ့ ကုလားငတုံး၊ နင့်ကိုတော့မဆဲပါဘူး၊ နင်တို့ တမန်တော်မိုဟာမက်ကိုတော့ ငါတို့ဆဲမယ်ဆိုရင်ကော နင်မနာဘူးလား၊

တပ်မတော်မှာ ခေါင်းဆောင်အဆက်ဆက်က သားအဖလိုနေလာကြတာ နင်မယုံရင် နင်တို့ဆီက တပ်ချုပ်ပြုတ် ခေါကြီးတင်ဦးကိုမေးကြည့်လိုက်၊

လက်ရှိဦးစီးချုပ်ကိုမဆဲပေမယ့် သူ့အဖေလို ဖြစ်နေတဲ့ အရင်ဗိုလ်ချုပ်မှူးကြီးကို နင်က ပြစ်မှားနေမှတော့ ကိုယ့်ဆဲတာထက်တောင် နာအုန်းတော့မပေါ့ဟယ်၊

အဲဒါကြောင့်လဲ နင်တို့ ပါတီက ပြည်ပထောက်ပံ့မှုတွေနဲ့ သန်မာနေပေမယ့် ပြည်သူ့ချဉ်ဖတ်အော့ကြောလန်ဖြစ်နေတာ၊


ဒေါ်အောင်ဆန်းစုကြည်သာမက ၁၉၈၈ မှာ ပါခဲ့ကြသူတွေဟာ မဟာဗျူဟာအမှားတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသလို ပြည်သူတွေကိုပါ တွန်းချခဲ့ကြပါသည်၊သူတို့ကြောင့် ကျွန်တော်တို့ ကောလိပ်ကျောင်းတက်သောအခါတွင် ကောလိပ်ကျောင်းများ လယ်တောထဲ အပို့ခံလိုက်ရပါသည်၊ ၁၉၈၈ ကာလတွင် ဒေါက်တာမောင်မောင်က သုံးလအတွင်း ဒီမိုကရေစီရွေးကောက်ပွဲကျင်းပပေးမည်ဆိုသည်ကို ဦးနုက ရှုံးရှုံးနိုင်နိုင် ပါတီစုံရလိုက်တာအမြတ်ဟုဆိုပါသည်၊ ဦးအောင်ကြီးက ဒီမိုကရေစီရပြီမို့ လမ်းပေါ်ထွက် ဆန့်ကျင်တာတွေရပ်ပြီး နိုင်ငံရေးအရ စည်းရုံးဖို့ပြောလိုက်ပါပြီ၊ ထို့သို့သော အခြေအနေတွင် အာဏာထပ်မသိမ်းလို့မဖြစ်အောင် ကြားဖြတ်အစိုးရတောင်းတဲ့အလုပ်ကို ၈၈ များဘာကြောင့်ဆက်လုပ်ခဲ့ပါလိမ့်၊ ဒေါက်တာမောင်မောင်ပြောသကဲ့သို့ ၁၉၈၈ ဒီဇင်ဘာလမှာသာ ရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ပါက ၁၉၈၉ နှစ်ဆန်းကထည်းက ယနေ့ အခြေနေသို့ ကျွန်တော်တို့ နိုင်ငံ ရောက်နှင့်နေပြီဖြစ်ပါသည်၊ တစ်ခြားဆိုရှုယ်လစ်နိုင်ငံတွေဟာ ၁၉၉၁ ကျမှ ပြောင်းလဲရေးလုပ်ကြတာမို့ ကိုယ်က သူတို့ရှေ့ရောက်နေပြီလည်း ဖြစ်ပါသည်၊

ထိုကာကတွင် မျက်စိသငယ်ဖြစ်နေသော မြန်မာ ပြည်သူများကို အရေးတော်ပုံ ခေါင်းဆောင် ဆိုသူများနှင့် ၈၈ ကျောင်းသားများက ကိုယ်ကျိုးသက်သက်ကိုသာ ကြည့်ကာ ပေါ်ပေါက်လာသည့် အခွင့်အရေးများကို ရှင်းမပြခဲ့သဖြင့် အချိန်တွေ ဆုံးခဲ့ရပါသည်၊

၁၉၈၈ ဇူလိုင်အရေးပေါ်ပါတီညီလာခံတွင် အခြားမည်သည့် ဆိုရှယ်လစ်နိုင်ငံမှ ပြည်သူတွေပင် မရရှိသည့် အခွင့်အရေးဖြစ်သော တစ်ပါတီနှင့် ပါတီစုံရွေးချယ်ခွင့် လမ်းကြောင်းပေါ်လာခြင်း

သြဂုတ်တွင် ပြည်သူ့ သဘောအမြင် လေ့လာစုံစမ်းရေး ကော်မရှင်ဖွဲ့ကာ မည်သူမဆို အစိုးရနှင့် တိုက်ရိုက်စကားပြောခွင့်ရအောင် အင်ဗွိုင်းမန်းမမှာ လာရောက်ခွင့်ပြုခြင်း

သုံးလအတွင်း ရွေးကောက်ပွဲကျင်းပပေးမယ်ဟု စက်တင်ဘာတွင် ကြေငြာခဲ့ခြင်း စသည့် ရတောင့်ရခဲ အခွင့်အရေးများကို ပြည်သူတွေမသိအောင် ဆူပူရမ်းကားသူများသည် အကွက်ကျကျ သတင်းလွှင့်ချိန်ရောက်တိုင်း ဆူဆူညံညံသံပုံးတီးခဲ့ကြသည်၊

ထို့ကြောင့် ဒေါ်စုနှင့် ၈၈များသည် သူတို့ ဗျူဟာအယူအဆ အမှားကြီးမှားခဲ့ကြောင်း သမိုင်းမှန်ကို
ဝန်ခံသုံးသပ်မှသာ နောက်နောင် ဒီလိုအမှားမျိုး မလုပ်မိမှာဖြစ်ပါသည်၊

ဗိုလ်ချုပ်သမီးဆိုတဲ့ အရှိန်နဲ့ စိန်နားကပ်အရောင်နဲ့ ပါးပြောင်နေတာပါဗျာ။
အရည်အချင်းကတော့ သာမန်ရွက်ကြမ်းရေကြိုမိန်းကလေးအဆင့်ပါဘဲ။
အင်္ဂလန်မှာကျောင်းတက်တော့ အင်္ဂလန်က သာမန်ဘွဲ့တစ်ခုရခဲ့တာ
ဘာမှမပြောပါလောက်ပါဘူး။
ငယ်ငယ်ရွယ်ရွယ်နဲ့ အင်္ဂလန်က ပါရဂူဘွဲ့ရခဲ့တဲ့ မြန်မာတွေ
ဒုနဲ့ဒေးရှိပါတယ်။
သူ့ရဲ့ တွေးခေါ်မျှော်မြင်မှုအခြေအနေကိုသုံးသပ်ရရင်
အဖေကိုသတ်တဲ့လူမျိုးကို လက်ထပ်တယ်ဆိုကထဲက
သဘောပေါက်မိပါတယ်။
အခုလုပ်နေတာတွေကိုကြည့်ရင်လည်း ပြည်သူတွေအတွက်ဘာမှမပါဘဲ
သူသမ္မတဖြစ်ရေးကိုသာ ဦးတည်နေတာတွေ့ရတယ်။
သူသမ္မတဖြစ်ရင် အခုသူအကူအညီတောင်းထားတဲ့ တိုင်းပြည်တွေကို
ပြန်ကျေးဇူးဆပ်ရတော့မယ်။
ဘယ်လိုဆပ်မလဲ ?
တိုင်းပြည်ကို ရောင်းစားမှာပေါ့ဗျာ။ အဖြေက ရှင်းပါတယ်နော်။

The following comment is down to earth right.
NLD ဟာ ရုပ်လည်းမချော သရုပ်ဆောင်လည်း မကောင်းဘဲနဲ့ သူဋ္ဌေးသမီးမို့လို့ ရုပ်ရှင်မင်းသမီး တက်လုပ်နေတာနဲ့ တူနေပြီ၊ အထင်ကရ နိုင်ငံရေးပါတီကြီး ဖြစ်ပါရက်နဲ့ တော်တော်အသုံးမကျတဲ့ လုပ်ပုံကိုင်ပုံတွေကိုသာ ဆက်တိုက်လုပ်နေတော့တာပဲ၊

တပ်မတော်ကို ကျမ မမုန်းပါဘူးဆိုဆိုပြီး ဈေးခေါ်တဲ့ မိန်းမရွှင်လေသံကို ပါးစပ်ကဟစ်နေပေမယ်လို့ နိုင်ငံခြားရောက်တဲ့အခါကျတော့ အခွင့်ထူးခံစစ်တပ်လို့ပြောပြန်တယ်၊ တပ်မတော်က ဘယ်ပါတီကိုမှ အချစ်အမုန်းမသတ်မှတ်ဘဲ အမျိုးသားရေးကိုပဲ လုပ်နေတာ ဖြစ်ပေမယ့် ၁၉၈၈ တိုင်းဆူပြည်ဖျက် ရမ်းကားမှုရန်ကနေ ကယ်တင်ပေးခဲ့တယ်ဆိုတဲ့ သမိုင်းကိုမှ အောက်ထစ်ဆုံး အသိအမှတ်မပြု ရဲတဲ့ ဒေါ်စုကြည်ကို ကြည်ဖြူဖို့တော့ ခက်လိမ့်မှာ အမှန်ပဲ၊

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်