From : popular
Myanmar Express
နိုင်ငံပေါင်းစုံမှာ ပညာရှင် (၈၀)ကျော် ပါဝင်ဟောပြောမည့် Myanmar Second
Forum on Green Economy & Green Growth ပွဲကို ယခုလ ၁၃ ရက်နေ့မှ ၁၅
ရက်နေ့အထိ နေပြည်တော
် MICC ခန်းမတွင် ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များ အဖြစ် နော်ဝေ၊ ဆွိဒင်၊ ဂျပန်၊ ဂျာမနီ သြစတေးလျ၊ US၊ စင်္ကာပူ၊ ကုလ သမဂ္ဂအဖွဲ့အစည်းများ လူများလာရောက် ဟောပြောဆွေးနွေးကြမည် ဖြစ် ပြီး မြန်မာနိုင်ငံမှလည်း ပညာရှင် (၁၀) ဦးခန့် တက်ရောက်ဟောပြောမည် ဟု သိရသည်။
ဟောပြောပွဲအား ကဏ္ဍ (၁၈)ရပ်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ဘဏ်လုပ်ငန်းရှင်များအသင်း၌ ထပ်မံကျင်းပသွားရန် ရှိကြောင်း သိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်