From : Kachin Daily News
အစိုးရနှင့် တစ်နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားနေသော KIA အဖွဲ့အနေဖြင့် ရိက္ခာပြတ်လပ်လျက်ရှိကြောင်း သိ ရပါတယ်။ KIA အဖွဲ့အနေဖြင့် ကချင်ပြည်သူများအား မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊ လူ့အခွင့်အရေး ချိုး ဖောက်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုမှ ရွံရှာမုန်းတီးနေကြောင်း သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ဒေသအတွင်း စားနပ်ရိက္ခာပြတ်လပ်ကာ ပြည်သူ များ ဒုက္ခပင်လယ်ဝေနေခဲ့ရပါတယ်။ ထိုကဲ့သို့ ပြည်သူများ ဒုက္ခရောက်နေချိန်တွင် KIA အဖွဲ့မှ ဆက်ကြေး ငွေများကို တိုးမြှင့်ကောက်ခံနေပြီး မပေးပါက အသက်အန္တရာယ်ကိုပင် စိုးရိမ်ရတဲ့ အခြေအနေကိုရောက်ရှိ နေပါတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် KIA တပ်မဟာ(၂)လက်အောက်ခံ၊ ရင်း(၅)မှ တပ်ကြပ်ကြီး လဖိုင်နှင့်အဖဲ့သည် ခေါင်မြေဒေသရှိ ရွှေမှုန်စုပ်စက်များအား တစ်ဆိုင်းလျှင် ၅၀၀၀ ကျပ်နှုန်း ဖြင့်လည်းကောင်း၊ ဈေးဆိုင် ၄၀ ဆိုင်အား ၁ ဆိုင်လျှင် ၃၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ လောင်းကစားဝိုင်း များအား တစ်ဝိုင်းလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ကောက်ခံခဲ့ပါတယ်။ ၄င်းနေ့ညနေပိုင်းတွင် တကက လဖိုင်နှင့်အဖွဲ့သည် ရှဘုတ်နှင့် ယက္ကန်းတိုင် ရှိ ရွှေမှုန်စုပ်စက်များအား တစ်ဆိုင်းလျှင် ၅၀၀၀ ကျပ် နှုန်းဖြင့် ကောက်ခံခဲ့ပါတယ်။ တကက လဖိုင်အဖွဲ့မှ ခေါင်မြေဒေသတွင် အခွန်ကောက်ရခြင်းမှာ `` ဒီအခွန်ငွေတွေနဲ့ ရိက္ခာတွေဝယ်ပြီး တပ်ရင်း(၅)ကိုပို့ရမယ်၊ တပ်ရင်း(၅)မှာ ရိက္ခာပြတ်နေပြီ ´´ လို့ပြောကြားခဲ့ကြောင်း သိရပါတယ်။
Myanmar Express

1 comments:
အဖွဲ့အစည်းဆို ကြည့်လို့ကို မရဘူး။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်