Subscribe to our RSS Feed

ရန်ကုန်လို တခြားမြို့တွေလည်း ရေကြီးကြအုံးမယ်

From : .. https://www.facebook.com/mmparliament

ရန်ကုန်လို တခြားမြို့တွေလည်း ရေကြီးကြအုံးမယ်
--------------------------------------------------------------

ရန်ကုန်ရေကြီးတဲ့ ဓာတ်ပုံတွေတွေ့တော့ မနှစ်က လွှတ်တော်မှာ ကိုယ်စားလှယ်တွေ မျက်နှာပွင့်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကို သွားပြီး သတိရမိတယ်။ အဲဒီနေ့က မလိုအပ်တဲ့ နေရာက အသုံးစရိတ်တွေကို ရပ်တန့်ထားပြီး ပညာရေးနဲ့ ကျန်းမာရေး ကို တိုးသုံးဖို့ ဆိုတဲ့ အဆိုပါ။ ပညာရေးနဲ့ ပတ်သက်ပြီး ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တောင် ဆွေးနွေးခဲ့ပါသေးတယ်။ အဆုံးအဖြတ်မှာတော့ ကန့်ကွက်သူမရှိ ထောက်ခံမှုနဲ့ နေပြည်တော် နိုင်ငံခြားရုံးများနဲ့ သံတမံရပ်ကွက် တွေမှာ ရေဝင်ရေထွက် စနစ်၊ မိလ္လာစနစ်နဲ့ လျှပ်စစ်မီးစနစ်တွေ ကြိုတင်တပ်ဆင်ခြင်း လုပ်ငန်းတွေကို ရပ်တန့်လိုက်ပါတယ်။

လူမရောက်သေးပေမယ့် အကွက်ချထားတဲ့ နေရာတွေမှာ ရေဝင်ရေထွက်စနစ်၊ မိလ္လာစနစ်၊ လျှပ်စစ်မီးစနစ်နဲ့ မြေအောက် စနစ်တွေ ကြိုတင် ချထားမယ့် အစိုးရရဲ့ အစီအစဉ်ကို လွှတ်တော်အမတ်တွေက လူမနေသေးရင် မြေအောက်စနစ်တွေ မလိုအပ်ဘူးဆိုပြီး ဝိုင်းကန့်ကွက်လိုက်ကြတာပါ။  လွှတ်တော်အမတ်တွေရဲ့ ဆုံးဖြတ်ချက်ကြောင့် တနေ့မှာ နေပြည်တော်က နိုင်ငံခြားသံတမန်ရုံးတွေ ရန်ကုန်လိုဖြစ်လာပါလိမ့်မယ်။

စနစ်ကျတဲ့ မြို့တစ်ခုရဲ့ အရေးအကြီးဆုံးအချက်ဟာ ရေဝင်ရေထွက်၊ မိလ္လာနဲ့ မြေအောက်စနစ်ကောင်းဖို့ အဓိက လိုအပ်ပါတယ်။ လူမနေသည်ဖြစ်စေ နေသည်ဖြစ်စေ အကွက်ချပြီး တနေ့မှာ တိုးပွားလူမယ့် လူဦးရေအတွက် မြေအောက်စနစ်တွေကို ကြိုတင် စီစဉ်ထားရပါတယ်။ ရန်ကုန်မြို့ကို စတည်ခဲ့စဉ်က စနစ်ကျမှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ဂျပန်ရော၊ အင်္ဂလိပ်ရောက ဗုံးတွေအပြိုင်ကျဲခဲ့ပါသေးတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရန်ကုန်က လူပေါင်းစုံလာပါတယ်။ အခုဆို ၈ သန်းလောက်ရှိပါတယ်။ အခုချိန်မှ မြေအောက်စနစ်တွေ ပြန်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဒါကို လွှတ်တော်အမတ်များ သံဝေဂယူကြပါ။ အစိုးရအနေနဲ့လည်း အခြားမြို့ငယ်တွေကို ရန်ကုန်လိုမဖြစ်အောင် ပြင်ပ မြို့ပြအင်္ဂါရပ်တွေထပ် မြေအောက် ရေ/မီး/မိလ္လာစနစ်ကို တိုးလာမယ့်လူဦးရေအတွက် မျှော်တွေး ပြင်ဆင်ထားပါ။ တိုးလာမယ့် ကျောင်းသားဦးရေကို မျှော်ပြီး ကျောင်းတွေကို မြို့ပြင်ထုတ်တာ မှန်ပေမယ့် မြေအောက်စနစ်က အားနည်းပါသေးတယ်။

မြို့တွေမှာ အခုလိုဖြစ်တော့ ဘယ်သူတွေအပြောခံရလဲ။ အရင်ဆုံး အစိုးရကို မြန်မာတွေ အပြစ်တင်ကြပါတယ်။ ပြီးရင် အင်ဂျင်နီယာတွေကို အပြစ်တင်ကြပါတယ်။ လွှတ်တော်အမတ်တွေကို ဘယ်သူမှ အပြစ်မတင်ပါဘူး။ စကားပြောကောင်းရင် လွှတ်တော်အမတ်လုပ်လို့ရပါတယ်။ သင်္ချာအခြေခံရှိရင် လွှတ်တော်ဥက္ကဌ လုပ်လို့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးသိရုံနဲ့ မြို့တစ်မြို့ကို တည်ဆောက်လို့မရပါဘူး။ နိုင်ငံရေးကျွမ်းကျင်ရုံနဲ့ လူနာတစ်ယောက်ကို ဆေးကုလို့မရပါဘူး။ နိုင်ငံရေးဘွဲ့တွေ ရထားတာနဲ့ စစ်ပွဲတွေရပ်ဖို့ မလုပ်နိုင်ပါဘူး။ တတ်သိနားလည်တဲ့လူတွေကို ဦးစားပေးပါ။ မေးမြန်းပါ။ လွှတ်တော်အမတ်ထဲမှာ အင်ဂျင်နီယာ မပါတဲ့အတွက် ဆောက်လုပ်ရေးဆိုင်ရာ တွေကို မလိုအပ်ရင် လွှတ်တော်မှာ မဆွေးနွေးဖို့နဲ့ လွှတ်တော်အမတ်တွေကလည်း မိမိကိုယ်တိုင် အတွင်းကျကျသိရှိနာလည် လုပ်ကိုင်ဖူးတာ မဟုတ်ရင် မဆွေးနွေးမကန့်ကွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နေရာတကာ ဆရာလုပ်နေမယ်ဆိုရင်တော့ ပညာတတ်တွေလည်း နိုင်ငံခြားရောက်ကုန်မယ့်အပြင် တနိုင်ငံလုံးကမြို့တွေလည်း ရန်ကုန်လို ရေကြီးလာပါလိမ့်မယ်။

ဦးဝင်းကြည် (စက်မှုတက္ကသိုလ်)
 

.. www.MyanmarExpress.net
 

5 comments:

1-THE 1ST.QUESTION WHY CITIES ARE FLOODING?
THE ANSWER ARE AS FOLLOWS;
VERY POOR UNDERGROUND DRAINAGE SYSTEM AS MENTIONED IN THE ABOVE ARTICLE.
NOT MAINTAINING THE PRESENT UNDERGROUND
DRAINAGE SYSTEM.
ALL UNDERGROUND DRAINS AND OVER THE
GROUND DRAINS ARE PARTIALLY BLOCKED
AND NOT WORKING PROPERLY.
ALL CITIES ARE NOT DOING RIGHT AND NOT
EFFECTIVE PLAN/PROGRAM TO IMPROVE.
ALL CITIES CANNOT DO EFFECTIVE CONTROL THE
GARBAGE/TRASH CLEANING.
PLEASE LOOK AT THE VERY SMALL ISLAND
NATION IN ASIA WAS VERY DIRTY BEFORE
INDEPENDENCE BUT VERY CLEAN AFTER THE
INDEPENDENCE BECAUSE GOVERNMENT
TAKING CARE AND FULL CONTROL IN ALL AFFAIRS.
LAW MADE AND APPLY VERY STRICT AND VERY HEAVY FINE TO ALL LAW BREAKERS.
NO EXCEPTION AND PUT EVERYBODY UNDER
THE LAWS AND ORDERS.
ANOTHER KIND OF CITIES FLOODING ARE DUE
TO EXTRA ORDINARY SPRING TIDE.
YANGON HAVE THIS KIND OF FLOODING
OCCASIONALLY BUT TIME IS VERY SHORT ABOUT
3-4 HOURS .
ALL CITIES SUPPOSE TO BUILD UNDERGROUND
WORK IS FIRST AND THEN BUILD THE CITIES
OVER THE GROUND.
ITS SHOW THAT NEED PROPER CITY ENGINEERS
OR CITY PLANNERS.
1-THE 2ND.QUESTION IS WHY MANAGEMENTS
OF ALL DEPARTMENTS ARE NOT EFFICIENT?
THE ANSWERS ARE AS FOLLOWS;
BRITISH RULE THE COUNTRY BY USING
ICS=INDIAN CIVIL SERVICE PERSONNELS AND
MYANMAR RULE THE COUNTRY BY USING
BCS=BURMA CIVIL SERVICE PERSONNELS AND
THEN USING THE "MISTER KNOW ALL" FOR ALL
DEPARTMENTS.
LOT OF PEOPLE REALIZED MYANMAR NEED
TECHNICIANS OR TECHNICAL EXPERTS OR
TECHNICAL KNOW HOW PEOPLE NEED TO REPLACE IN ALL DEPARTMENTS.
OUR HISTORY RECORDED ALL KINGS RULED
THE COUNTRY WITH WISE MEN SUCH AS "WUN ZIN PO YAR SAR","'SA KAR TAUNG SAR" ETC..
AND BECAME A PROSPEROUS COUNTRY.
NEED TO CHANGE FOR BETTER COUNTRY.
NEED TO CHANGE EDUCATION SYSTEM.
NEED TO CHANGE ALL DEPARTMENTS.
NEED TO USE THE TECHNICIANS,WISE MEN AND
WELL TRAINED PERSONNEL IN ALL GOVERNMENT DEPARTMENTS.
GOVERNMENT IMPROVING BUT NEED EFFECTIVE
ACTIONS.

မ/ဥက္ကလာ...တ/ဥက္ကလာ...ဒဂုံမြို့သစ်​​တွေမှာ​ရေ​တွေတင်​​နေတာက​ကေားလွတ်​​တော်​အမတ်​​တွေကန်​ကွက်​လို့ဘဲးလား...စည်​ပင်​သာရာနဲ့မဆိုင်​ဘူး​ပေါ့..ဟုတ်​ရဲ့လား..စက်​မူတက္ကသိုလ်​ပညာရုင်​ကြီးရယ်​....

ရေတွေဝာင်တာစည်ပင်နဲ့ တော့ဆိုင်တယ်တူးထားတဲ့မြောင်းတွေ
ကိုလယ်သမားတွေ၊ကုပဏီတွေစည်ပင်မသိအောင်မြောင်းတွေ
ပိတ်ကြ၊မြောင်းတွေပေါ်အမှိုက်မပြစ်ကြပါနဲ့ဆိုမြောင်းတွေပေါ်ပုံ
့ကြ၊ကိုယ့်ပတ်ဝန်းကျင်တောင်ကိုယ်သန့်ရှင်းရေးမလုပ်ကြဘူး
တအိမ်နဲ့တအိမ်စည်းလုံးညီညွတ်မှုမရှိကြဘဲစည်းမဲ့ကမ်းမဲ့၊
အမှုမဲ့အမှုတ်မဲ့ကိုယ်နဲ့ မဆိုင်သလိုနေထိုင်ကြလို့ပတ်ဝန်းကျင်
မှာဒီလိုတွေဖြစ်လာကြတာ၊ကျောင်းရေမြုတ်နေလို့ ရေကျအောင်
မြောင်းတူးတာတောင်ကန့် ကွက်တဲ့သူတွေရှိတယ်စဉ်းစားသာ
ကြည့်ကြပါတော့။

စည်​ပင်​သာယာကထိ့ထိ့မိ့မိ့အ​ရေးယူ​ဆောင်​ရွှက်​သင့်​ပါတယ်​..စည်းကမ်းမဲ့​ဈေး​ရောင်းပြီး..အလွယ်​တကူ​ရေ​မြောင်းထဲးကိုအမိုက်​ပစ်​တဲ့သူ​တွေကို..​ဈေး​ကောက်​​လေးရ​နေရင်​ပြီး​ရေားဆိုပြီးမ​နေသင့်​ပါဘူး...ရန်​ကုန်​မြို့​ရေကြီး​ရေလျှံထာဟါ​ရေ​မြောင်းထဲးအမိုက်​များပိတ်​ဆို့​နေခြင်း..:​နောက်​​နေရာ​တော်​​တော်​များများမှာကန်​ထရိုက်​တိုက်​ခန်းများ​ဆောက်​လုတ်​လျှက်​ရှိရာ..သဲးနှင့်​ဘိလတ်​​မြေများပိက်​ဆို့​နေခြင်းများကိုသက်​ဆိုင်​ရာဌာနများမှထိ့​ရောက်​စွာမကိုင်​တွယ်​ခြင်း..တချို့..ဆိုင်​..များဆိုရင်​​မြောင်းကို​ကျော်​ကာအုတ်​.သဲး​ကျောက်​..သံ​ချောင်းများ​ဆောက်​လုပ်​​ရေးပစ္စည်းများကိုကားလမ်းမ​ပေါ်ထိ့​ရောက်​​အောင်​​စုပုံထားခြင်း​..လမ်​မကျယ်​လမ်းထိပ်​​ထောင့်​တွင်​ဆိုင်​များကိုပိက်​ဆို့ခင်းထားခြင်း​ကြောင်​.ကားလမ်းများပါပိက်​ဆို့​နေတာကို​နေရာတိုင်းမှာမြင်​​တွေ့​နေတာကို..စည်​ပင်​သာယာကလက်​ပိုက်​ကြည့်​​နေတာလား....ပိုက်​ဆံယူထာလို့မ​ပြေားရဲးတာလား​တော့မသိ့ဘူး...ဘာလုပ်​ကြမှာလဲး​ပြေား....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်