From :
.. Aung Naing Moe
အဘိုးကြီးက တခုခု ပြောလိုက်တိုင်း ဒေါ်စုက "အဲဒါကို မှတ်ထားလိုက်၊ မှတ်တမ်းတင်ထားလိုက်ပါ" ဆိုတာမျိုး ထပ်ကာတလဲလဲ ကြားရသောအခါ ကျွန်ုပ်စိတ်ထဲတွင် အင်မတန် ရယ်ချင်ပက်ကျိ ဖြစ်လာလေသည်။ ဤဖြစ်စဉ်ကြီးကို လက်ကိုင်ဖုန်းများ၊ အသံဖမ်းစက်များ၊ ကင်မရာများနှင့်ပါ လူအများ မှတ်တမ်းတင်လျက်ရှိသည့်ကြားက အဘယ်သို့သော ရည်ရွယ်ချက်ဖြင့် ဒေါ်စုသည် အဘိုးကြီး စကားများကို မှတ်တမ်းတင်ခိုင်းနေသနည်း။ မှတ်တမ်းတင်ရအောင် လွှတ်တော်လည်းမဟုတ်၊ တရားခွင်လည်း မဟုတ်။ ဘယ်နေရာတွင် ပြန်လည် ထုတ်သုံးရန် ရည်ရွယ်သနည်း။ ဘာပြန်ပြောရမှန်းမသိ၍ ပြောမိပြောရာ စိတ်လိုက်မာန်ပါပြောခြင်းဆိုလျှင် သာ၍ ရယ်ရွှင်ဖွယ် ကောင်းသေးတော့၏။
၁၉၈၈ ခုနှစ် ဒေါ်စု နိုင်ငံရေးထဲ ဝင်ရောက်လာကတည်းက ဒေါ်စုနှင့် အခြားနိုင်ငံရေးပြိုင်ဖက်များ တယောက်ချင်း လူအများရှေ့တွင် စကားစစ်ထိုးပွဲ ကျင်းပသည်ကို (Live public debate) မမြင်ဘူးခဲ့ကြ။ ထိုစဉ်ကထောက်လှမ်းရေးမှ အသံခိုးဖမ်း၍ ထွက်လာသော ကက်ဆက်တိပ်ခွေထဲ၌ ဒေါ်စုနှင့် တပ်မှူးဟောင်းများ အစည်းအဝေးတွင် ဒေါ်စုတယောက် ထိန်းမနိုင် သိမ်းမရ ဒေါသပုန်ထနေသည်ကိုသာ ကြားဖူးကြသည်။ ဒေါ်စု၏ မိန့်ခွန်းများ၊ စာနယ်ဇင်း အင်တာဗျူးများဖြင့်သာ ကျေနပ်ခဲ့ကြရသည်။ ပထမပိုင်း အင်တာဗျူးများမှာ "ဒီလို အခက်အခဲ ကာလတွေကို အန်တီ့အနေနဲ့ ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ" စသည့် ဒေါ်စုအကြိုက်ကျမည့် မေးခွန်းများသာ ကြုံခဲ့ရရာ ဒေါ်စုအနေဖြင့် အတော်လေး အနေချောင်ခဲ့သည်။ သို့သော် တင်/ဝင် ပြီးသည့်နောက် မီဒီယာများက အရင်ကလို သိပ်မညှာတော့။ ကချင်စစ်ပွဲကိစ္စ၊ ရိုဟင်ဂျာကိစ္စ၊ လက်ပံတောင်းအရေး စသည်များတွင် ချောင်ပိတ်မေးခွန်းများ မေးလာကြသည့်အခါ ဒေါ်စု အိုးနင်းခွက်နင်းဖြေကြားစ ပြုလာသည်။ LSE ဖိုရမ်တွင် ကချင်ကျောင်းသား ကိုခွန်နောင် မေးသည့် အမေးကို ပြန်ဖြေရာတွင် ရုပ်ပျက်စ ပြုလာသည်။ လက်ပံတောင်းအရေးတွင် သာမန်ရွာသားများကိုပင် စကားပေါက်အောင် မပြောနိုင်သော ဒေါ်စုအဖြစ်ကို စတင်မြင်တွေ့ရသည်။ ယခုနောက်ဆုံး လမ်းဘေးမှ အဖိုးကြီးကိုပင် နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်။ အကယ်၍ စစ်အုပ်စုဘက်မှ (လမ်းဘေးက အဖိုးကြီးထက်) စကားကြွယ်သော သူတဦးဦးနှင့် စကားစစ်ထိုးရလျှင် ဒေါ်စုအနေဖြင့် မည်သို့ ရင်ဆိုင်ကိုင်တွယ်မည်နည်း။ သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ကောင်းကောင်းမွန်မွန် ပြန်လည် စကားစစ်ထိုးနိုင်ပါမည်လော။ လက်ပံတောင်း ဒေသခံများနှင့်ဒေါ်စုအကြား စကားစစ်ထိုးပွဲ၊ လမ်းဘေးအဘိုးကြီးနှင့် ဒေါ်စုအကြား စကားစစ်ထိုးပွဲများကို မြင်ရပြီးသည့်နောက် ဒေါ်စု၏ Debate skill အပေါ် များစွာ သံသယ ဖြစ်မိပါတော့သည်။
.. www.MyanmarExpress.net

8 comments:
ဒေါ်စုနိုဘယ်ဆုကို ပဲလှော်နဲ့လဲစားရင် ဘယ်နှစ်စေ့ရမလဲ။
88 နဲ့ NLD အဖွဲ့အစည်းတွေမှာအပြောအဆို
အရေးအသား သည်းခံခွင့်လွင့်မှု ဆိုတဲ့ အရည်အချင်းတော်တော်အားနည်းတယ်။
ဒေါ်စုအနေနဲ့ကသူ့ကိုထောက်ခံတဲ့လူတစ်စု
နဲ့သာရေရှည်မှာအဆင်ပြေနိုင်မယ်။
ကြိုက်တယ်
ဒေါ်စု မှာ ဘာနိုင်ငံရေး အရည်အခြင်း မှ မရှိပါ ...
နဂို နိုင်ငံခြားမှာ နေစဉ်တုံးကလဲ နိုင်ငံရေး လုပ်ခဲ့တာမဟုတ်ပါ။
အဲဒီလို မိန်းမတစ်ယောက်ကို ဘယ်သူတွေက ပြည်သူ့ခေါင်းဆောင် ဆိုပြီးတင်ခဲ့တာပါလိမ့်။
အဲဒါကို Record လုပ်ထားပါ
၈၈ မတိုင်မီက
စုကြည်က မြန်မာတွေကို
မျောက်သာသာကောင်တွေလို့သဘောထားတာ
၈၈ မတိုင်မီက
စုကြည်က အဖြူကောင်ကိုလင်လုပ်
တခြားအဖြူကောင်တွေကို ဖင်ခံ
အဖြူကောင်တွေနဲ့ပေါင်းပြီး
အဖြူကောင်တွေက မြန်မာတွေကို
အသားအရောင်ခွဲခြား အထင်အမြင်သေးပြီး
မျောက်သာသာကောင်တွေလို့သဘောထားသလို
စုကြည်ကပါ မြန်မာတွေကို မျောက်သာသာကောင်တွေလို့သဘောထားတာ
၈၈ မတိုင်မီက
စုကြည်က မြန်မာတွေနဲ့ တွေ့ဖို့နေနေသာသာ
စုကြည်က သူ့ကိုသူတောင် မြန်မာလို့ပြောရမှာတောင်
ရှက်သလေး ဘာသလေးနဲ့
အခုမှ
စုကြည်က ပြည်ပက မြန်မာတွေကို တွေ့တယ်လို့
လာပြောမနေနဲ့
နိုင်ငံခြားမှာအနေကြာသူတိုင်း
အဖြူကောင်တွေ ကုလားတွေကိုပဲ ဖင်ခံတဲ့
မြန်မာဆိုရင် မကုန်းတဲ့
၈၈ မတိုင်မီ စုကြည်အကြောင်းကိုသိတယ်
စုကြည်က ဒေးဗစ်လှမြင့် ကို ကုန်းတာ
စုကြည်က တခြား NLD နဲ့ ဒီမိုအကောင်မျိုးစုံကို ကုန်းတာက
၈၈ နောက်ပိုင်းမှ
အဲဒါကို Record လုပ်ထားပါ
စဉ်းစားမျှော်မြင်မှုအသိတရားမရှိတဲ့ မင်းကိုနိုင်တို့ခေါ်တာလေ
သုံး စေ့လောက်တော့ ရနိုင် ပါတယ်
အမှန်ကိုက တို့မေမေ မှားနေပြီ၊၊
အဲ့ဒီ movie clip လေး ကြည့်ရတုန်းက သူ့အတွက်တောင် စိတ်မကောင်း ဖြစ်ခဲ့သေးတယ်၊၊ သာမာန်
ပြည်သူတစ်ယောက်က ခုလို လူကြားသူကြားထဲမှာ လူသိရှင်ကြား မကျေနပ်ချက်ကို ထုတ်ပြောတာ ခံနေရပြီလို့ တွေးပြီး သနားတောင် သနားခဲ့သေးတယ်၊၊
တကယ်က
ခွန်းကြီးခွန်းငယ် ပြန်ပြောခဲ့မဲ့ အစား ဖြစ်သင့်တာက "အဘ ပြောပြော ရင်ထဲရှိတာကို ပြော" ဆိုပြီး အရင်ပြောခိုင်းခဲ့ရမှာ၊၊ ပြီးမှ သူပြောတာတွေကို ပြန်ဖြေရှင်းပြချင် ပြ၊ ဒါမှမဟုတ် ကျမ မှတ်ထားလိုက်ပါမယ် ဆိုပြီး လှဲ့ထွက်နိုင်ခဲ့ရင်တောင် ဒီလောက် အရှက် ရခဲ့ရမှာ မဟုတ်ဘူး၊၊
ခုတော့
ဒီမိုကရေစီ ခေါင်ဆောင်ဆိုပြီ လူကြားထဲ ဆင်း၊ ကိုယ်ပြောချင်တာကျတော့ နမဲငစ ပြော၊ မပြောရရင် မြန်မာပြည်မှာ ဒီမိုကရေစီက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့၊၊
ဒါပေမဲ့ ပြည်သူတစ်ယောက်က
ပြောချင်တာကိုတော့ ကိုယ်မကြိုက်ဘူး ဆိုတာနဲ့ ဖမ်းချင် ချုပ်ချင်လောက်တဲ့ထိ မခံမရပ်နိုင် ဖြစ်တာတွေ့ရတော့
စိတ်ပျက်မိတယ်၊၊
နောက်ပြီး ဒီနေရမှာ
အဘဦးစု မှန်တယ်လို့ ထောက်ခံနေတာလည်း မဟုတ်ပါဘူး၊၊
ဒီလို အငြိုးတွေ အတေးတွေနဲ့ လူထုခေါင်းဆောင် ဆိုတဲ့ ဂုဏ်ပုဒ်ဟာ သင့်မှာ သင့်လျှော် ပါတော့မလား ဆိုတာ မေးခွန်း ထုတ်စရာတော့ ဖြစ်ပြီ၊၊
အကယ်၍ ဒီအဘ ဦးစုသာ တစ်စုံတစ်ခု ဖြစ်သွားလို့ကတော့၊ အထူးသဖြင့် ဥပဒေမဲ့ ဖြစ်သွားလို့ကတော့ ဘယ်သူ့မှာ တာဝန် ရှိတယ် ဆိုတာ မေးနေစရာ မလိုတော့ပါဘူး ဆိုတာတော့ သတိရနေ စေချင်ပါတယ်၊၊
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်