Subscribe to our RSS Feed

“ ၀မ်းသာ၊ ၀မ်းနည်းမိသည် ဒေါ်စုကြည် ”


ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်ဆီသို့ ကူးပြောင်းလျက်ရှိရာ အဖက်ဖက်မှ ပွင့်လင်း မြင်သာသော ဖြစ်ပေါ်တိုးတက်မှုများကို တွေ့မြင်နေရသည်။ ဒီမိုကရေစီမိခင်ကြီး ဒေါ်စုကြည်၏ လျှောက်လှမ်းနေသော ဒီမိုကရေစီခြေလှမ်းများသည်လည်း အတော်အတန် ခရီးပေါက်နေသည်ကို တွေ့ရသည်။ ဒီမိုကရေစီခေါင်းဆောင် တစ်ဦးအား ပြည်သူလူထုမှ ကြိုဆိုနေပုံများသည် သောင်းသောင်းဖျဖျ မြင်တွေ့ရသည်မှာ ၀မ်းသာAားရရှိလှပါသည်။ ဘုန်းကြီး၊ ကျောင်းသားနှင့် အပညာသည်များပါမကျန် ၀န်းရံနေတာကိုလည်း တွေ့ရှိရပါသည်။ ဖခင်ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည်လည်း ကိုလိုနီစနစ်ကိုတွန်းလှန်၍ ဖက်ဆစ်တို့အား တိုက်ထုတ်ကာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ကြိုးပမ်းခဲ့သည်။ ဗိုလ်ချုပ်၏ သမီးကလည်း ယနေ့ ဒီမိုကရေစီကို ကြွေးကြော်နေသည့်အတွက် ဒါမှ ဒို့ဗိုလ်ချုပ်သွေးကွလို့ လက်ခမောင်းခတ်လိုက်ချင်သည်။ သို့သော်လည်း ဘယ်လိုဒီမိုကရေစီမျိုးလဲ၊ တကယ်တော့ ဘယ်လိုဒီမိုကရေစီပဲကျင့်သုံးကျင်သုံ့း တိုင်းပြည်ဥမကွဲသိုက်မပျက် နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားတွေ အေးချမ်းပျော်ရွှင်နေဖို့တော့လိုပါသည်။ ထပ်လောင်းပြီးတော့ မချင့်မရဲဖြစ်မိ သည်ကတော့ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ်သွေးအစစ်ဖြင့် ဒီမိုကရေစီမြန်မာနိုင်ငံတော်၌ ပခုံးပြောင်း တာဝန်ယူမည့်သူ မရှိတော့သဖြင့် ၀မ်းနည်းမိသည်။ ယူကြုံးမရဖြစ်မိသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီစနစ်ကတော့ ခေတ်ရေစီးကြောင်းအတိုင်း ဆက်လက်ရှင်သန်သွားမည်ဖြစ်သဖြင့် ၀မ်းသာရပါသည်။

Myanmar Express

2 comments:

ဘယ်လိုမှ သဘော မကျပါ

သူမက မင်းလောက် ဥာဏ်မရှိသူမို့ နားလည်ပေးပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်