Subscribe to our RSS Feed

ပြည်သူကို မချစ်ဘဲ အကျဉ်းသားတွေကိုချစ်တဲ့ ကိုဇာဂနာအတွက် စကားလက်ဆောင် (ပေးစာ - ၁၀၄)


From : ပြည်သူအကျိုးကိုလိုလားသူတစ်ဦး
ရန်ကုန် ဖေဖော်ဝါရီ ၁၆ ရက်

အင်တာနက်သတင်းတစ်ခုမှာ ထောင်ထဲမှာကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးရင် အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရပ်မှာမဟုတ်ဘူးဆိုတဲ့သတင်းတစ်ပုဒ်ကို ဇာဂနာနဲ့ Hillary Clinton တို့ပုံကြီးနဲ့ တင်ထားတာ ဖတ်လိုက်ရတယ်။ ရင်ထဲမှာပြောစရာစကားတွေအများကြီးဖြစ်လာလို့ ပြည်သူတွေ သိအောင်ရင်ဖွင့်လိုက်ပါတယ်။ တကယ်တော့ ဇာဂနာဟာ လူရွှင်တော်တစ်ယောက်ပါ။ ပျက်လုံးတွေထုတ်ရင်း ပြည်သူတွေကျွေးတဲ့ ထမင်းကိုစားပြီး ပြည်သူ့ ဘဏ္ဍာနဲ့ မိသားစုကို နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင် စေခဲ့တဲ့သူပါ။ အဲ့ဒီလို လူက ပြည်သူတွေမျက်နှာကိုမှမထောက် ထောင်ထဲမှာ ရှိနေတဲ့ လက်ကျန်အနည်းငယ် သော အကျဉ်းသားတွေအတွက် မြန်မာနိုင်ငံကို စီးပွားရေး ဆက်လက်ပိတ်ဆို့ဖို့ တောင်းဆိုခဲ့တဲ့ ဇာဂနာရဲ့ မျိုးချစ်စိတ်ကတော့ ရဲရဲတောက်ပါပဲ။

ဇာဂနာပြန်လွတ်လာတဲ့ သတင်းဖတ်ရတဲ့အချိန်က ကျွန်တော်စိတ်ထဲမှာ ပျော်ခဲ့မိပါတယ်။ National Endowment for Democracy ရဲ့ ဖိတ်ကြားချက်နဲ့ အမေရိကန်ကို သွားတဲ့အခါမှာလည်း ပြည်သူတွေ တိုးတက်ဖို့အတွက် တစ်ခုခုတောင်းဆိုမှာပဲဆိုတာကို ကြိုတွေးရင်း ပိတိဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဇာဂနာဟာ မြန်မာပြည်မှာရှိတဲ့ လူဦးရေ သန်း(၆၀)လောက်ကို စိတ်ထဲမှာမထည့်ထားပဲ လက်ကျန် အကျဉ်းသား လက်တစ်ဆုတ်စာအတွက် တောင်းဆိုမှုတွေပြုပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိဖို့တောင်းဆိုတာ ကတော့ မြန်မာပြည်သူလူထုအစားရင်နာလှပါတယ်။ တချိန်က ဇာဂနာ ကပြခဲ့တဲ့ သူတောင်းစားအငြိမ့်ထဲကလို ဇာဂနာ တစ်ယောက်သူတောင်းစားဂိုဏ်းချုပ်လုပ်ချင်နေပြီ ဆိုတာ သေချာနေပါပြီ။

ဇာဂနာရဲ့ အမေရိကန်ကိုလာရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုး အတွက်လို့ပြောခဲ့ပြီးတော့ မြန်မာနိုင်ငံ ကိုအမေရိကန်အနေနဲ့ ဆက်လက်ပိတ်ဆို့စေချင်ရတာက ဘာသဘောနဲ့ လဲဆိုတာကိုတော့ ပြည်သူလူထု အနေနဲ့ပဲ တွေးကြည့်စေချင်ပါတယ်။ ပိတ်ဆို့မှုတွေရပ်ခဲ့ရင် မြန်မာနိုင်ငံကြီး တိုးတက်လာမယ်။ ဖွံ့ဖြိုးစည်ပင်လာမယ်။ အလုပ်အကိုင်မရှိသူတွေအလုပ်ရလာမယ်။ အများကြီး ဖြစ်ပေါ်လာနိုင်မယ့် အခွင့်အရေးတွေ ၊ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ရလဒ်တွေကို ပိတ်ပင် လိုက်တာနဲ့ အတူတူပါပဲ။ တကယ်လို့သာ အမေရိကန်နိုင်ငံအနေနဲ့ ပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေးခဲ့ရင် ပြည်သူလူထု အကျိုးစီးပွားတိုးတက်လာပြီးတော့ ဇာဂနာတို့လို လူနည်းစုတွေအတွက်ထောက်ခံမှု မရှိတော့မှာ၊ ပြည်သူလူထုထမင်းကို ညာစားဖို့အတွက် ပျက်လုံးတွေမရှိတော့မှာကို စိုးရိမ်နေရှာတာလားဆိုတာကတော့ ဇာဂနာပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။

ဇာဂနာအတွက် ထောင်ကလွတ်လွတ်ချင်းလုပ်တဲ့အလုပ်ကတော့ ပြည်သူအတွက် မဟုတ်ဘဲ လက်ကျန်အနည်းငယ်သာရှိတဲ့ အကျဉ်းသားတွေနဲ့ နိုင်ငံခြားမှာ ရောက်နေတဲ့ သူ့မိသားစု အနေအစားချောင် ဖို့အတွက် မြန်မာပြည် ပြုပြင်ပြောင်းလဲရေးကို အကြောင်းပြပြီး ပေါက်ကရတွေပြော၊ မရှိမဲ့ရှိမဲ့ ဟာသ ဥာဏ်လေးကို အသုံးချပြီး ပျက်လုံးများထုတ်သလားလို့ဖြေတွေးလေးတွေးပေး ပေမယ့် မြန်မာပြည်သူလူထု သန်း(၆၀)ကျော်အတွက်တော့ ဒါဟာ ဟာသမဟုတ်လောက်ပါဘူး။ ဒုက္ခတွေပင်လယ်ဝေခဲ့ရပါတယ်။
ပြောင်းလဲမှုတိုင်းကို လိုလားနေတဲ့အချိန်မှာ ဇာဂနာက ရက်ရက်စက်စက်နဲ့ အကျဉ်းသား တွေပြန်လွှတ်ပေးဖို့ ဘယ်လိုကြားဝင်ဆောင်ရွက်နိုင်မလဲလို့ သွားမေးလိုက်တာဟာ ဇာဂနာကို အထင်ကြီး နေတဲ့စိတ်လေးတောင် ကြက်ပျောက်၊ ငှက်ပျောက် ၊ဘာမှမရှိလောက်အောင်ပျောက်ခဲ့ရပါတယ်။ ဟာသဥာဏ် ရှိသလောက် စဉ်းစားဥာဏ်မရှိတဲ့ ဇာဂနာအတွက် မြန်မာပြည်သူလူထုကိုယ်စား ရင်နာလို့မ ဆုံးပါဘူး။

မြန်မာပြည် ဒီမိုကရေစီအရေးကိုလိုလားပြီး ပြည်သူတွေအကျိုးစီးပွားအတွက် ဖွဲ့စည်းတည်ထောင်ထား တဲ့ ပါတီတွေအနေနဲ့လည်း ပိတ်ဆို့မှုတွေကို ပြန်လည်ဖွင့်ပေးဖို့လိုလားနေတဲ့အချိန်မှာ ဇာဂနာတစ်ယောက် ကတော့ ဘယ်လို ဦးနှောက်နဲ့ပြောလိုက်တာလဲဆိုတာကတော့ ပြည်သူတွေအနေနဲ့ ရှင်းလင်းစွာ သိမြင်နိုင် မှာပါ။ ဇာဂနာတစ်ယောက် အပြင်ရောက်လာတဲ့အခါမှာ ပြည်သူလူထုအကျိုးကို မဆောင်ရွက်နိုင်သေးတဲ့မပြင် ပြည်သူတွေဘ၀နိမ့်နေတာကိုပဲ မြင်ချင်တယ်ဆိုတာ အမေရိကန်မှာပြောသွားတဲ့ စကားလုံးတွေက သက်သေပြနေပါတယ်။

အကျဉ်းသား လက်တစ်ဆုပ်စာလောက်ရဲ့ လွတ်မြောက်ရေးကို မျှော်ကိုးပြီး မြန်မာပြည်သူ/ပြည်သား သန်း၆၀ ကျော်ရဲ့ အကျိုးစီးပွား၊ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လန်းမှု အကျိုးကို မကြည့်တော့ဘဲ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ မရပ်ဆိုင်းခဲ့တဲ့ ကိုဇာဂနာရေ “ တလွဲဆံပင်ကောင်းနေပြီပေါ့။ ဆောရီးဗျာ ကိုဇာဂနာက ဆံပင်မှ မပေါက်ဘဲ ဂတုံးပြောင်ဆိုတော့ လွဲတာပေါ့ဗျာ။ ကိုဇာဂနာကို အကြံပေးချင်တာကတော့ ပြည်သူတွေအတွက် စဉ်းစားတွေးတောတာတွေ မှန်ကန်အောင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဆီမှာ ဆံပင်ပေါက်ဆေး ထပ်မံတောင်းလိုက်ပါအုံး” လို့ ပြောလိုက်ချင်ပါတယ်

Myanmar Express

8 comments:

ဖက်ခွက်စားရဲ့ စိတ်ဟာ ပိုက်ဆံရဖို့လောက် သူ အလုပ်ရဖို့လောက် သူ့မိသားစု ပိုက်ဆံရဖို့လောက်ပဲ ရှိမှာပါ။ ပညာမတတ်တဲ့ ဇာဂနာရဲ့ အတွေးအခေါ်တွေ ဆောင်ရွက်ချက်တွေကို အော့နှလုံးနာမိတယ်။ ဗလောင်းဗလဲပြောပြီး နိုင်ငံရေးရေးလုပ်သယောင် ဘာယောင်ယောင်နဲ့ ကတုံး မင်းဘယ်တော့မှ ကောင်းစားမယ့်ကောင်မဟုတ်ဘူး လွတ်လာတုံးကတမျိုး ခုတမျိုးနဲ့ ပညာ မတတ်တဲ့ သူရဲ့ စရိုက်ကဒီလိုပါလား....

ဒီလိုလူစားမျိုးတွေကို အမေရိကန်အပါအ၀င် နိုင်ငံခြားတိုင်း
ပြည်များက များများလိုချင်တာ....ဒါမှ သူတို့လုပ်ချင်သလို
လုပ်လို့ရမှာလေ...ဇာဂနာ နိုင်ငံရေးလုပ်ချင်ရင်
တရားဝင်ပါတီထောင်လို့ရပါတယ်...။
အဲဒီလောက် ဇ မရှိပါဘူး။။။ ဇာဂနာအတွက်ကတော့
ဟာသနိုင်ငံရေးသမားပါပဲ...

ဇာဂနာဟာ ဘေးမှာရေပုံးနဲ့ရေခွက်ထား သတင်းစာတွေဖတ်နေပြီး
ရေခွက်ကို ပုံးထဲနှစ်လိုက်တိုင်းပေါ်လာတဲ့ရေခွက်ကိုကြည့်ပြီး
ဒီသောက်ခွက်က တစ်ချိန်လုံးပေါ်ပေါ်နေတယ် ဆိုတဲ့အတိုင်း

သြော်.. ဇာဂနာဆိုတဲ့ သောက်ခွက်ကြီးကလည်း
တစ်ချိန်လုံးဟိုကပေါ် ဒီကပေါ်ပါလား

ရွေချပေးမယ်

I think you all are the best of the best of myanmar, keep it up!

လူတိုင်းက အမေရိကန်ကို သိပ်ဇောင်းပေးလွန်းနေတယ်ထင်တယ်။ ဟေ့ အားလုံးမှတ်ထားကြ ကိုယ်လုပ်မှ ကိုယ်ရမယ်။ ဗိုလ်ချုပ် ဘယ်လိုလုပ်သွားလဲကြည့် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး ကိုယ်ကိုယ်တိုင် ပြုပြင်ကြ အမေကျော် ဒွေးတော်မလွမ်းကြနဲ့။ အားလုံး သာကူးတွေဖြစ်နေကြတယ်။ ကြပ်ကြပ်သတိထားကြပါ။

ဇာဂနာ ဂတုံး
မြန်မြန်အညွန့်တုံးပါစေဗျာ
ဘာသာပြောင်းရုံတင်မကဘဲ
ဘ၀ပါပြောင်းသွားစေချင်ပါတယ်
ယမမင်းအုပ်ချုပ်တဲ့တိုင်းပြည်ကိုသွားပြီး
အလုံးစုံပိတ်ဆိုမှုလုပ်ကြဖို့ ဆော်သြလိုက်ပါဦး။

သေချင်းဆိုး ဇာဂနာ.... ငါတို့ စောက်ဆံကို စားပီး လီးတောင်.. ခုတော့ ငါတို့ကို ငတ်ပီး သေအောင် နင်က အမေ၇ိကန်ကို စီးပွားရေး ပိတ်ဆို့  ခိုင်းတာ ဘာလဲ နင် ထမင်း ၀သွားပီးပေါ့လေ... အ၇င်ကတော့ ပိန်ပိန်လှီလှီ ခွေးဝဲစားလေး.. ခုတော့ ပ၇ိတ်သတ် ဆိုတဲ့ ပြည်သူတွေ ကျွေးတဲ့ ထမင်းကို စားပီး ပြန်ကိုက်နေတာလား ခွေးသူထောင်းစား ၇ဲ့ ..သူတောင်းစား ထမင်းဝတော့ လီးတောင် တယ် ဆိုတာ မင်း အတွက် ထားခဲ့တဲ့ စကားပုံများလားးးး သင်္ချိုင်းပျောက် ၇ဲ့..... အသေဆိုးကောင်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်