Subscribe to our RSS Feed

၂၀ရာစုသို့ခြေလှမ်းလှည့်နေသူများ


From : ပုဂံသား

ရှေ့သို့ဆိုလျှင်...
အစဉ်တစိုက် သင်မလိုက်ချင်
ညာဉ်ဆိုးဝင်ကါတွင်တွင်တားမြစ်
စံနစ်ဖေါက်ပြန်မူမမှန်ကါ
နောက်သို့ပြန်လို့သွားချင်သူ။
ဘေးချင်းယှဉ်လျှက်.....
လက်ချင်းယှက်ကါ ချီတက်ကြစို့
ငါတို့တတွေ လက်ရေတပြင်တည်း
ရှေ့ခရီးတွင်မညည်းမပန်း
တူတူလှမ်းမယ်ဆိုရာဝယ်လည်း
ရှောင်ဖယ်နောက်တုန့် လက်တွဲဖြုတ်လျှက်
ဘေးထွက်နေရစ် စိတ်မသစ်သော
စံနစ်ဆိုး ကိုမြတ်နိုးသူ။။
ပမာဆိုက......
မစင်တွင်နစ် ဂျီးအညစ် ကို
နှစ်သက်မှောက်မှား တန်ဖိုးထားသည့်
သနားစဖွယ် လောက်ငယ်ပမာ
မစင်တွင်း ပျော်ဆင်းနေမဲ့သူ.။
လက်တွဲခေါ်လည်း.....
ထော်လော်ကန့်လန့် ရပ်တန့်နောက်ဆုတ်
အတိုက်အခံလုပ်ကါ ခရီးမတွင်
လေးဖင့်အောင်ပြု မိုက်ဂုဏ်ထွားပွား
ဓနရှင်များတို့ မှိုင်းတိုက်ထားသည့်
ကံကို ယုံကါဆူးပုံသက်ဆင်း
အမှောင်တွင်းမှာ နစ်ရင်း မြုပ်ရင်း
နေ .ရစ်...တော့။။။
သင်မလိုက်လည်း...
စိုက်စိုက် ငါတို့ချီတက်အံ့။
သင်ရှုတ်ချလည်း.....
မုချ ငါတို့ချီတက်အံ့.။
သင်ကဖျက်လည်း.....
ရှေ့ဆက် ငါတို့ချီတက်အံ့။
အခွင့်သာခိုက် သင်မလိုက်လျှင်
အမိုက်သင့်ပြင်ဘယ်သူရှိပါ့။။။။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်