Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မစ္စတာဗီဂျေနမ်ဘီးယား ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်နှင့် ဒုတိယအတွင်းအရေးမှူးချုပ် မစ္စတာ ဗီဂျေနမ်ဘီးယားဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၁၄ ရက်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး ဝန်းကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်၊ အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ဌာနဆိုင်ရာ အကြီးအကဲ များတက်ရောက်ကြသည်။ ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပကတိ ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား ပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်