From : ခေတ်လူငယ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မာလာဝီသမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကို ထူထောင်လိုသည့် ဆန္ဒရှိကြသည့်အားလျော်စွာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ကြသည်။ နှစ်နိုင်ငံသံတမန်အဆက်အသွယ် ထူထောင်သည့် ပူးတွဲကြေညာချက်ကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မာလာဝီမဟာမင်းကြီးတို့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်တွင် နယူးဒေလီမြို့၌ လက်မှတ်ရေးထိုးကြသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံမှားနှင့် သံတမန်ဆက်ဆံမှု တိုးချဲ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မလာဝီသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ၁၀၅ နိုင်ငံမြောက် သံတမန်ဆက်ဆံမှု ထူထောင်သည့်နိုင်ငံဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်