Subscribe to our RSS Feed

စစ်တွေအခြေပြု ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲ


From : ခေတ်လူငယ်


စစ်တွေမြို့ အခြေပြု ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်း သင်္ဘောခရီးစဉ်များအား ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရှိရသည်။ စစ်တွေ-ဘူးသီးတောင် ခရီးစဉ်အား ဇွန်လ ၁၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲခဲ့ပြီး၊ တောင်ကုတ်-မြောက်ဦး ခရီးစဉ်များကိုမူ ဇွန်လ ၁၉ ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဟု သိရသည်။ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနခွဲမှ ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသော ခရီးစဉ် ၄ ခုရှိပြီး၊ ယင်းခရီးစဉ်များမှာ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ဘူးသီးတောင်၊ စစ်တွေ-တောင်ကုတ်နှင့် တောင်ကုတ်-မာန်အောင် ခရီးစဉ်များဖြစ်ပြီး စစ်တွေ-ဘူးသီးတောင် ပြည်တွင်းရေကြောင်း ခရီးစဉ်အား ဇွန်လ ၉ ရက်နေ့တွင် ရပ်နားခဲ့ပြီး၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-တောင်ကုတ် ခရီးစဉ်အား ဇွန်လ ၁၂ ရက်နေ့တွင် ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်