Subscribe to our RSS Feed

မြန်မာ ယူ-၂၂ ထိုင်းနိုင်ငံကို ထွက်ခွာ


From : MRTV

မြန်မာနိုင်ငံမှာ လက်ခံကျင်းပ ပြုလုပ်မယ့် အေအက်ဖ်စီယူ-၂၂ ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်းဟာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန် ထိုင်းနိုင်ငံကို မနေ့က

ညနေပိုင်း လေယာဉ်နဲ့ ထွက်ခွာခဲ့ တယ်လို့ သိရှိရပါတယ်။ အဆိုပါ မြန်မာယူ-၂၂ အသင်းကို ကိုင်တွယ်မယ့် နည်းပြချုပ် ပက်ဆောင်ဟွာက ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က အပြီးသတ် ကစားသမား ၂၄ ဦး စာရင်းကို ထုတ်ပြန် ကြေညာ ခဲ့တာဖြစ်ပြီး ထိုင်းယူ-၂၂ အသင်း၊ မော်လဒိုက်စ်ယူ-၂၂ အသင်းတို့နဲ့ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။

အဆိုပါ နည်းပြချုပ် ပက်ဆောင်ဟွာရဲ့ ကစားသမား ၂၄ ဦး စာရင်းနဲ့ အတူတူ တာဝန်ရှိသူ ၁၁ ဦး ပါဝင်ခဲ့တာ ဖြစ်ကာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ ကစားသမား များရဲ့ မိဘများက လေဆိပ်ကို လိုက်လံ ပို့ဆောင် ပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။ အဆိုပါ မြန်မာယူ-၂၂ ကစားသမား စာရင်း မှာတော့ ကြည်လင်း၊ သိန်းသန်းဝင်း၊ ကျော်ဇေယျာဝင်း၊ ကျော်ကိုကို အစရှိတဲ့ ကစားသမားတွေ ပါဝင်သွားခဲ့ ကြကြောင်း သိရှိရပါတယ်။

အခုလို ထိုင်းနိုင်ငံကို ထွက်ခွာ သွားတဲ့ မြန်မာယူ-၂၂ အသင်းရဲ့ နည်းပြ အဖွဲ့ဝင်တွေ မှာတော့ အသင်း အုပ်ချုပ်သူ အဖြစ် လက်ရွေးစင်ဟောင်း ဦးသန်းတိုးအောင်က တာဝန်ယူ သွားမှာ ဖြစ်ကာ လက်ထောက် အုပ်ချုပ်သူ ဦးစိုးမိုးကျော် နည်းပြချုပ် အဖြစ် ပက်ဆောင်ဟွာ နည်းပြအဖြစ် ဦးတင်မြင့်အောင် လက်ထောက် နည်းပြများ အဖြစ် ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ အဖြစ် ဦးမျိုးချစ်၊ ကြံ့ခိုင်ရေး နည်းပြ အဖြစ် ဟဟေဂျွန်၊ အသင်းဆရာဝန် အဖြစ် ဒေါက်တာ အောင်ကျော်ဦး အကြောပြင် ဆရာအဖြစ် ဦးပြည့်ဖြိုးအောင်၊ မီဒီယာ အရာရှိ အဖြစ် ဦးဇော်မင်းထိုက်၊ ကိုရီးယား စကားပြန် အဖြစ် ဦးအောင်သူရ တို့က ဆောင်ရွက် သွားမှာ ဖြစ်ကာ လိုက်ပါ သွားခဲ့ကြတယ်လို့ သိရှိရပါတယ်။

မြန်မာယူ-၂၂ အသင်းဟာ ထိုင်းနိုင်ငံမှာ ဇွန်လ ၁၇ ရက်နေ့နဲ့ ၁၉ ရက်နေ့ တို့မှာ အသီးသီး ခြေစွမ်းပွဲများ ကစား သွားမှာဖြစ်ပြီး ၁၇ ရက်နေ့မှာ ထိုင်းယူ-၂၂ အသင်းနဲ့ လည်းကောင်း ဇွန်လ ၁၉ ရက်နေ့မှာ မော်လ်ဒိုက်စ်ယူ-၂၂ အသင်းတို့နဲ့ လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစား သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ မြန်မာ-၂၂ အသင်းဟာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိချိန်မှာ အသင်းရဲ့ နောက်ဆုံး ကစားသမား ၂၄ ဦး စာရင်းမှ ၁ ဦးကို လျှော့ချ သွားမှာ ဖြစ်ပြီး ထိုင်းနိုင်ငံကို ထွက်ခွာ သွားခဲ့တဲ့ ကစားသမား ၂၄ ဦး စာရင်းမှ နောက်ခံ ကစားသမား ဟိန်းသီဟဇော် (ရတနာပုံ)ဟာ ခြေဖမိုး ဒဏ်ရာကြောင့် ချန်လှပ် ထားခြင်း ခံခဲ့ရတယ် လို့လည်း သိရှိရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်