Subscribe to our RSS Feed

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း (၆) ခုအတွက် ဆန်၊ ဆီနှင့် ဆားများ ပေးပို့လှူဒါန်း

From : မြ၀တီ


ရခိုင်ပြည်နယ် မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့နယ်များတွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ဆူပူအကြမ်းဖက်မှု များကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးပြီး လတ်တလော ဒုက္ခနှင့် ရင်ဆိုင်နေကြရသည့် ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း၊ အလယ်သံကျော်၊ ရဲတပ်ရင်း(၂)တို့၌ လည်းကောင်း၊ ဘူးသီးတောင်မြို့တွင် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၌လည်းကောင်း၊ စုစုပေါင်း ကယ်ဆယ်ရေးစခန်း (၆) ခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ကယ်ဆယ်ရေးစခန်း (၆) ခု၌ ရောက်ရှိနေကြသည့် ဒုက္ခသည် အရေအတွက်မှာ အိမ်ထောင်စု ၉၄၂ စု၊ စုစုပေါင်း လူဦးရေ ၄၁၅၄ ဦး ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဒုက္ခသည်စခန်းများအတွက် ဇွန်လ ၁၀ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စုစုပေါင်း ဆန် ၁၅၉ အိတ်၊ ဆီ ၁၆၅ ပိဿာနှင့် ဆား ၁၆၅ ပိဿာ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
 
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်