Subscribe to our RSS Feed

ငါတို့ မြန်မာ


ထောင်စုနှစ်တွေကုန်ဆုံးသွားပါစေ...........
ငါတို့ ရင်ထဲဝင်ကြည့်ပါ
အရိုးခံစိတ်လေး အဖြူသက်သက်ပါ
အရိုးခံစိတ်ထား အလှတရားနဲ့ပါ
ရိုးရိုးသားသားလေးပါ..............


သမိုင်းအစဉ်ဆက်ပြောင်းသွားပါစေ
ငါတို့ရင်ထဲ ၀င်ကြည့်ပါ
ရိုးရာအမွေနှစ် အသစ်သစ်နဲ့ပါ
ရိုးရာအိမ်မက်အသစ်နဲ့ပါ
ဇွဲလုံ့လတို့ အပြည့်နဲ့ပါ..................


ရိုးသားမှုအပြည့်နဲ့
နူးညံ့မှုအပြည့်ပါ
ဖြူစင်ခြင်းအပြည့်နဲ့
သိက္ခာခြင်းအပြည့်ပါ...............


မြန်မာသွေး မြန်မာအသည်းဟာ
ရဲ့နီရဲတယ် ဂန္ဒ၀င်တရားအပြည့်နဲ့
ပန်းတိုင်ရောက်အောင်လှမ်းမယ်.................



ငါတို့ အိမ်မက်ထဲဝင်ကြည့်လှည့်ပါ
သံယောဇဉ်အမှန်တရား ကမ္ဘာတစ်သက်မြဲတယ်ဟေ့
ပင်လယ်ကြီးထဲမှာ တောင်စဉ်များကြားမှာ
ရေမြေအလှတရား ကြားမှာ
သမိုင်းဝင်ဲရာဇ၀င်ပေါင်းများစွာ
ငါတို့မြန်မာ
ရိုးရာ စိတ်ထားအလှတရားနဲ့ပါ..................


ငါတို့ရဲ့ လက်ဖ၀ါးမှာ
ချွေးတွေအပြည့်နဲ့ပါ
ငါတို့ရဲ့ ရင်ထဲမှာ
သမိုင်းဝင်ကျောက်စာအပြည့်နဲ့ပါ
ငါတို့ရဲ့ခြေဖ၀ါးဟာ ဆူးတွေနင်းဖို့
မမှုခဲ့ပါ ငါတို့ဘ၀ ငါတို့ စခဲ့တာ


ထောင်စုနှစ်တွေကုန်ဆုံးသွားပါစေ
ရိုးရာစိတ်ထားအလှတရားနဲ့ပါ
သမိုင်းအစဉ်ဆက်တွေပြောင်းသွားပါစေ
ရိုးရာအိပ်မက်အသစ်နဲ့ပါ
တောင်ပင်လယ်များ ဆီးတားပါစေ
ငါတို့တွေ တွေးကြောက်မသွားပါ
ဆူးခြုံတွေများ ပိုင်းခြားထားပါစေ
ငါတို့တွေဘာမှ မမှုခဲ့ပါ
ငါတို့ဘ၀ ငါတို့ဘ၀ ငါတို့ စခဲ့တာ
ငါတို့မြန်မာ သမိုင်းဝင်ရာဇ၀င်များနဲ့ပါ.....................


Myanmar Express

1 comments:

နနနနပကဗျာမဟုတ်။ရေးချင်တာရေးတဲ့ကဗျာကလေးပါ။ဟဟဟ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်