Subscribe to our RSS Feed

”ဝ” နဲ့ SSA အပြန်အလှန် ပစ်ခက်


ထိုင်းမြန်မာနယ်စပ်တွင် UWSA ”၀” ပြည်သူ့တပ်မတော် နဲ့ SSA ရှမ်းပြည် တပ်မတော် တို့ကြား အပြန်အလှန် ပစ်ခက်မှုများကြောင့် နှစ်ဖက်လုံးမှာ သေကြေသူများရှိနေပြီး စစ်ပြေး ဒုက္ခသည်တွေ ထိုင်းနိုင်ငံ အတွင်း ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သတင်းရရှိပါတယ်။

ချင်းမိုင် အနီး မယ်အိုင်း ခရိုင် တစ်ဖက်မှာ ၀တပ်ဖွဲ့ဝင် တစ်ထောင်ကျော် က SSA တပ်စခန်းတစ်ခုဖြစ်တဲ့ ချင်းရိုင် အနီး မယ်ဖာလောင်း ခရိုင် တစ်ဖက်က ဒွိုင်ကိုဝမ် စခန်း ကို ၀ိုင်းဖို့ လှုပ်ရှားလာနေတယ်လို့ သိရပါတယ်။

နယ်စပ်ဒေသတွင်း မငြိမ်မသက်မှုများကြောင်း ထိုင်းနိုင်ငံမှလည်း လုံခြုံရေးကို တိုးမြှင့်ချထားပြီး ထိုင်းတပ်မတော် အမှတ် (၃) ထိုင်းတပ်မတော် တပ်မှူး သာနရန်း က ထိုင်းတပ်ဖွဲ့တွေကို အသင့်အနေအထားမှာရှိဖို့၊ တကယ်လို့ UWSA နဲ့ SSA ကြား တိုက်ပွဲတွေဖြစ်လာလို့ ဒုက္ခသည်တွေ ထိန်းသိမ်းဖို့နဲ့ ထိုင်း နယ်နိမိတ်ထဲ ကျွံဝင်မလာအောင် နယ်စပ်ကို စောင့်ကြပ်ဖို့ ညွှန်ကြားထားတယ်လို့ စစ်တပ် သတင်းရပ်ကွက် က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် က ရေးသားပါတယ်။

SSA တပ်မှူး ကတော့ မိမိတို့တပ်တွေကို အပြည့်အ၀ တပ်လှန့်ထားဖို့ SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွတ်စစ်က ညွှန်ကြား ထားကြောင်းဘန်ကောက်ပို့စ်ကိုပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်နေသည့် တိုင်းရင်းသား အဖွဲ့အစည်းအရေအတွက်မှာ အခြားနိုင်ငံများထက် အလွန်အမင်း များပြားနေပြီး အချင်းချင်း မကြာခဏ ပစ်ခတ်လေ့ရှိကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေ မှာတော့ မြန်မာတစ်နိုင်ငံလုံးမှာ "တပ်မတော်" ကိုသာ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ရေးစွဲ ပြဌာန်းထားပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်