Subscribe to our RSS Feed

အင်္ဂလန်တွင် ဘီဘီစီကို မြန်မာများ ဆန္ဒပြ


ဇွန်လ ၁၈ နေ့တွင် အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာ တိုင်းရင်းသားများ စုစည်း၍ BBC ( Television Centre – Shepherd’ Bush/Wood Lane) အား ဆန္ဒပြကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

ထိုဆန္ဒပြပွဲသို့ အင်္ဂလန်ရောက် မြန်မာတိုင်းရင်းသား ၅၀ ခန့်တက်ရောက်ခဲ့သည်။ နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ ပြုလုပ်သော ဆန္ဒပြ ပွဲတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားသွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်၍ BBC ၏သတင်းထုတ်ပြန်ချက်များအပေါ် မှန်ကန်မှုမ ရှိကြောင်းနှင့် ဘက်လိုက်ဖေါ်ပြမှုများအား ရှုတ်ချကြောင်း ဖေါ်ထုတ် ပြသခဲ့ကြသည်။

ဆန္ဒပြမှုအကြောင်းရင်း၏ ဦးတည်ချက်နှင့် မှန်ကန်သော သမိုင်းအချက်အလက်များအား BBC တွင် တာဝန် ထမ်းဆောင်နေသည့် အရာ ရှိ တဦး ထံသို့ ပေးအပ်ခဲ့သည်ဟု ပြောသည်။

ဆန္ဒပြသူများ အဓိကထုတ်ဖေါ်ကန့်ကွက်ခဲ့သောအကြောင်းရင်းမှာ BBC ၏မှားယွင်းစွာ ထုတ်ပြန်နေသောသတင်းများသည် လက်ရှိ ရခိုင် ပြည် နယ်အတွင်း ဖြစ်ပေါ်နေသည့် ပြဿနာအားပိုဆိုးရွားစေကြောင်း၊ ရိုဟိန်ဂျာ သည်မြန်မာနိုင်ငံသားများ (လုံးဝ) မဟုတ်ကြောင်း ၊ BBCမှ မှား ယွင်းစွာ ထုတ်ပြန်လျက်ရှိသော သတင်းများကြောင့် မလိုလားအပ်သော နားလည်မှု လွဲမှားမှူများ ကမ္ဘာအရပ်ရပ်ရှိ ပြည်သူ များ အကြား တွင် ဖြစ်ပေါ်လျက်ရှိကြောင်း ၊မြန်မာအရေးလှုပ်ရှားနေသော Burma Campaign UK ၏လုပ်ဆောင်ချက်များ သည် မြန်မာ နိုင်ငံနှင့် တိုင်းရင်း သားများအား ကိုယ်စားမပြုကြောင်း အတိအလင်း ဖေါ်ပြခဲ့ကြသည်ဟု ဦးဆောင် လူပ်ရှားသူ တစ်ဦးက ဆိုသည်။

ဆန္ဒပြပွဲတွင် ကြွေးကြော်သံများဖြင့် ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး ပဋိပက္ခ ပို မကြီးထွားရအောင် သတင်းမှားများ ထုတ်လွှင့်ခြင်းကို ရပ်တန့်ပါ ဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြကြောင်း သတင်း ရရှိသည်။

Myanmar Express

3 comments:

BBC ကဟာတွေရေ

လေအခွန် အဆောင်ရ တိုင်းလျှောက် ပြောမနေနဲ့


မဟုတ်တာတွေပြော လွန်းလို့ ပါးစပ် ဝဲပေါက်နေ အုန်း
မယ်

ကိုယ့်တိုင်းပြည်ကိုယ်ဆန္ဒပြတော့အလံမီးရှိုး ခြေ နဲ့ နင်း
သူများကိုဆန္ဒ ပြတော့မရဲတရဲနဲ

ဘီဘီစီက မြန်မာနိုင်ငံအပေါ်မှာစိတ်ကောင်းစေတနာမရှိတာ သူ့ သတင်းတွေဆောင်းပါးတွေကို ဖတ်ကြည့်ရင်သိသာတယ်၊ အပြုသဘောနဲ့ အကောင်းဘက်ကိုဦးတည်တဲ့ ရေးသားချက်မျိုး လုပ်လေ့ မရှီဘူး၊ လွတ်လပ်တဲ့ ဒီမိုကရေစီစိုးမိုးတဲ့ နိုင်ငံတစ်နိုင်ငံက သူများနိုင်ငံရေးဝင်စွက်ဖက်တဲ့ တစ်ဘက်စောင်းနင်းဆန်တဲ့ တရားမျှတမှု မရှိတဲ့ အတင်းအဖျင်းပုံစံသတင်းတွေ သာဖြစ် ပါတယ်၊ မြန်မာမီဒိယာတွေ ဘီဘီစ၊ီကို အတုယူသင့်ပါသလား စဉ်းစားဖွယ်ဖြစ်ပါတယ်။ မျှတမှန်ကနုန်မှုက သတင်းဌာနတွေရဲ့ အသက်ဖြစ်ပါတယ်၊

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်