KIA ဗဟိုမှဗိုလ်လဆိုင်းနဲ့ လူတွေက မနေ့ည ၁နာရီခွဲလောက်တုန်းက နော့လန်ရွာသို့ ရောက်လာပြီး ရွာမှ
ရွာသား၎ဦးကို တပ်သားသစ်အဖြစ် အတင်းအဓမ္မလူသစ် စုဆောင်း သွားခဲ့ ပါတယ်။ နော့လန်ရွာမှ မနက် ၂နာရီမှာ
ဆကားပါရွာသို့ထွက်ခွါသွားပြီး ဆကားပါရွာမှ ရွာသား ၅ ဦး ကိုလဲတပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်း
ခဲ့တယ်လို့ ဆကားပါရွာသားများကပြော ပါတယ်။
KIA အခုလိုမျိုး ညအချိန်မတော်လူတွေအိပ်ချိန်မှာ အတင်းအဓမ္မဖမ်းဆီးပြီးလူသစ် စုဆောင်းနေတာ
တွေက တော်တော်လေးများနေပါပြီး ရွာတွေမှာရှိတဲ့ ယောကျာင်္းလေးတေကွ အိမ်မှတောင်မအိပ်ရ
တော့ဘဲ တောထဲမှာ မြွေတွေကင်းတွေမကြောက်ဘဲသွားရောက်ပြီး ပုန်းခိုအိပ်နေကြရပါတယ်။ ကချင်ရွာသား
တွေက အိပ်ကောင်းချင်း မအိပ်ရစားကောင်းချင်းမစားရဘဲ မိသားစုစားဝတ်နေရေးကိုလုပ်ဆောင်ခြင်းမရှနိုင်ဘဲ KIA
ရဲ့အတင်းအဓမ္မ စုဆောင်းခြင်းကို မခံရအောင်စိတ်ဆင်းရဲကြီးစွာနဲ့နေထိုင်နေရတယ်လို့ ဆကားပါရွာက
သားတစ်ယောက်ရဲ့ မိခင်တစ်ဦးမှ KDN သတင်းကိုလိုက်လံယူဆောင်ပေးနေတဲ့သူတစ်ဦးအား ပြောပြခဲ့ပါတယ်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်