Subscribe to our RSS Feed

မမှန်သတင်းပေးမှုဖြင့် NLD အတွင်းရေးမှူးကို ရွေးကောက်ပွဲ ကော်မရှင်တရားစွဲ

From : The Voice


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးနှင့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်
ရေးအဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၂ အရ သတင်းမမှန်ပေးမှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုထားကြောင်း NLD ပါတီပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။

NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် ဧပြီလ ၁၇က် ကြားဖြတ်ရွေးကောက်ပွဲကာလ၌ မဲလက်မှတ်များတွင် ဖယောင်းသုတ် မှုများရှိနေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြား ခြင်းဖြစ်ကြောင်း NLD ပါတီထံမှသိရှိရသည်။

အဆိုပါအမှုကို ၂၀၁၂ ခုနှစ် ဇွန် လ ၁၄ရက်နေ့တွင် ဇမ္ဗူသီရိ တရားရုံးသို့ အမှုရင်ဆိုင်ရန်ဆင့်ခေါ်ထားပြီး ဦးဥာဏ်ဝင်းသည် ဇွန်လ ၁၃ ရက်နေ့ကပင် နေပြည်တော်သို့သွားရောက် တရားရင်ဆိုင်လျက်ရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကဆိုသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ The Voice Weekly မှ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ တယ်လီဖုန်းဖြင့် သုံးကြိမ်ခန့်ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများအစည်းအဝေးပြုလုပ်နေသဖြင့် မအားလပ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့မှုမရှိကြောင်း၊ တရားဝင်တိုင်ကြားသူလည်း မရှိကြောင်းနှင့် ယခုကဲ့သို့ မမှန် မကန်စွပ်စွဲပြောဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မမှန်မကန်တိုင်ကြားသူအား ကော်မရှင်က လိုအပ်လျှင်အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေးခြင်းဖြစ်ကြောင်း ဖယောင်းသုတ်သည့် တိုင်ကြားမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ၉ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Myanmar Express

1 comments:

No body above the law. NLD is becoming law maker. But they will foolow the law or not.Doubt.
In singapore Pm is law maker . But Judge is apply the law. How about U Nyan Win. They will say not really don't know. By the law , can you answer it that way. It mean myanmar law is as elastic as rubber?Very big party, very big lair to public using media and net work.We worry for our country, no qualify people took power.Real we feel that.General AungSan and Old myanmr fight for freedom 100 years. And usless people leading how fast we will be slave again.?????

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်