Subscribe to our RSS Feed

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး Website လွှင့်တင်


From : မြန်မာ့အလင်း


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ Website ဖြစ်သော www.myanmarconstitutionaltribunal.org.mm ကို ဇွန် ၂၁ ရက်တွင် စတင်ထုတ်လွှင့်လိုက်ပြီ ဖြစ်သည်။ အဆိုပါ website တွင် အဖွင့်စာမျက်နှာ၊ နောက်ခံသမိုင်း၊ သတင်းစုံ၊ အခြေခံဥပဒေအကြောင်း သိကောင်းစရာ၊ ဥပဒေနှင့် ဆုံးဖြတ်ချက်များ၊ ညှိနှိုင်းဆွေးနွေး၊ မှတ်တမ်းဓါတ်ပုံကဏ္ဍ ဟူ၍ ပါရှိပြီး အခြေခံဥပဒေအကြောင်း သိကောင်းစရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပြည်ထောင်စုဆိုရှစ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၁၉၇၄ ခုနှစ်)နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇ ခုနှစ်) တို့ကိုလည်းကောင်း၊ ဥပဒေနှင့် ဆုံးဖြတ်ချက်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းခဲ့သော ကိစ္စရပ်များအတွက် ခုံရုံး၏ ဆုံးဖြတ်ချက် အပြည့်အစုံ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွဲ့စည်းပုံတို့ကိုလည်းကောင်း ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သက်ဆိုင်သည့် ဆောင်းပါးများ၊ စာတမ်းများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆောင်ရွက်ချက်များ၊ သတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်