From : The Voice
အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်၌ပြုလုပ်နေသည့် လွှတ်တော်အစည်းအဝေးများကို ဇူလိုင် ၁၉ အာဇာနည်နေ့နှင့် ဇူလိုင် ၂၂ရက်နေ့ထိ ခေတ္တရပ်နားထားမည်ဟု လွှတ်တော် အစည်းအဝေး၌ သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှာ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့မွှန်းလွှဲပိုင်းတွင် ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးသို့ တက်ရောက် မည်မဟုတ်ပဲ ၁၂ နာရီခန့်တွင် ရန်ကုန်မြို့ သို့ ပြန်လာမည် ဖြစ်ကြောင်း၊ လွှတ်တော် အစည်းအဝေး ခေတ္တရပ်ဆိုင်းချိန်တွင် သူရ ဦးရွှေမန်းနှင့် ထပ်မံ တွေ့ဆုံခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က သတင်းမီဒီယာများသို့ ပြောကြားသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်