Subscribe to our RSS Feed

မြန်မာ့စီးပွားရေး ညီလာခံအား ပြည်ပ၌ ကျင်းပ သွားမည်


From : MRTV-4

၆ ကြိမ်မြောက် ကျင်းပမယ့် မြန်မာ့ စီးပွားရေး ညီလာခံကို လာမယ့် ဇူလိုင်လ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ တို့မှာ စင်္ကာပူ နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့

ညီလာခံ ကျင်းပပေးတဲ့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ညီလာခံကို ၆ ကြိမ်မြောက် အနေနဲ့ ကျင်းပတာ ဖြစ်ပြီး ပြည်ထောင်စု ၀န်ကြီးဌာန ၁၁ ခုမှ တာဝန်ရှိ သူများက တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြည်ပမှာ သွားရောက် ကျင်းပ ရခြင်းဟာ အမေရိကန်၊ အာဖရိက၊ ဥရောပ အစရှိတဲ့ နိုင်ငံများက စီးပွားရေး လုပ်ငန်းရှင် များနဲ့ အလွယ်တကူ တွေ့ဆုံကြပြီး စီးပွားရေး လုပ်ငန်းများကို ဆွေးနွေးကြ စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပရခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ရေနံနှင့် သဘောဝ ဓာတ်ငွေ့ လုပ်ငန်းများ၊ ဟိုတယ်နှင့် ကွန်ဒို အဆောက်အအုံ လုပ်ငန်းများ အတွက် စီမံကိန်းများ၊ လေကြောင်း လုပ်ငန်း၊ မြေအောက် မီးရထား လုပ်ငန်း၊ အကြီးစား စက်ပစ္စည်း မျိုးစုံ၊ ကျောက်မိုင်း တူးဖော်ရေး လုပ်ငန်း၊ ဘိလပ်မြေဖျော်စက် စက်ရုံ လုပ်ငန်းနဲ့ ဖုန်းငွေဖြည့် ကဒ်နှင့် နည်းပညာသုံး ဆက်သွယ်ရေး လုပ်ငန်းများ အကြောင်းကို နိုင်ငံတကာ ပညာရှင်များနဲ့ ဆွေးနွေး သွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မြန်မာ့ စီးပွားရေး ညီလာခံကို ပထမဆုံး အကြိမ်အဖြစ် ၁၉၉၄ ခုနှစ်က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ပြီးခဲ့တဲ့ မေလ ကလည်း ရန်ကုန်မြို့နဲ့ နေပြည်တော် မှာလည်း ကျင်းပပြုလုပ် ခဲ့တယ် လို့လည်း သိရပါတယ်။ လက်ရှိမှာ အဆိုပါ မြန်မာ့ စီးပွားရေး ညီလာခံကို ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်များ အများအပြား စိတ်ဝင်စားလျက် ရှိတယ်လို့ သိရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်