Subscribe to our RSS Feed

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး အစားထိုး ပြောင်းလဲခြင်း


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နေပြည်တော်မှ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး အစားထိုး ပြောင်းလဲခြင်း၊ ကြေညာချက်အမှတ် (၃၅/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၈ ရက် (၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ၂၀-၁-၂၀၁၂ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၃/၂၀၁၂) တွင် ဖော်ပြထားသည့် ကချင်ပြည်နယ် (၁) ကြည်း ၃၁၁၈၆ ဗိုလ်မှူးကျော်စွာမြင့် (အစား) ကြည်း ၂၈၇၁၄ ဗိုလ်မှူးအောင်ဇင်၊ ရန်ကုန်တိုင်းဒေသကြီး (၂) ကြည်း ၃၈၅၈၀ ဗိုလ်ကြီးလင်းလင်းကျော် (အစား) ကြည်း ၁၃၉၃၂ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် စသည့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတို့အား ယှဉ်တွဲဖော်ပြပါအတိုင်း အစားထိုး ပြောင်းလဲလိုက်သည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

1 comments:

တကယ့်ကို အရည်အချင်းရှိတဲ့သူတွေ လွှတ်တော်ထဲကို တဖြည်းဖြည်းရောက်လာကြတာ ဂုဏ်ယူပါတယ်.....။ တပ် ကိုယ်စားလှယ်တော်တွေအနေနဲ့လည်း နိုင်ငံရေးအတွက် အခုလို သီခြားတာဝန်ထမ်းဆောင်နေကြတာ အမျိုးသားရေးအတွက် စိတ်အေးရတာပေါ့ဗျာ.....။ အားလုံး စည်းလုံးညီညွတ်စွာနဲ့ ရှေ့ဆက်ကြမယ်ဆိုရင် တိုးတက်မှု ပိုပြီး မြန်ဆန်လာပါလိမ့်မယ်.....။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်