From : MRTV-4
မွန်ပြည်နယ် အတွင်း ပညာရေး ကဏ္ဍပိုမို ကောင်းမွန်စေဖို့ အတွက် အခြေခံပညာကျောင်း ၃၅ ကျောင်းကို တိုးချဲ့ ဆောက်လုပ်ပေးဖို့ စီစဉ်လျက် ရှိတယ်လို့ မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ကျောင်းဆောက်လုပ်မှုတွေ ဆောင်ရွက်ဖို့အတွက် လက်ရှိမှာ မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှ အိတ်ဖွင့် တင်ဒါခေါ်ယူ ထားပြီး အခု ပညာသင်နှစ်မှာ တည်ဆောက်မှု တွေကို အပြီးပြုလုပ် သွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် လာမယ့် ပညာသင်နှစ် မှာတော့ အဆိုပါ ကျောင်းတွေမှာ စာသင်ကြားရေးတွေ စတင် ပြုလုပ်နိုင်ဖို့ စီစဉ်လျက် သွားမှာ ဖြစ်ပါတယ်။ ကျောင်းဆောက်လုပ်ဖို့ အတွက် တင်ဒါ သွင်းလိုသူ တွေဟာ ဇူလိုင်လ ၁၆ ရက်နေ့နောက်ဆုံး ထားပြီး အစိုးရ အဖွဲ့ရုံးကို တင်ဒါသွင်း ရမှာ ဖြစ်ပါတယ်။ ကျောင်းဆောက်လုပ်ဖို့ ကြာချိန် ကိုတော့ သက်ဆိုင်ရာ ပြည်နယ် ၀န်ကြီးချုပ်မှ ၆ လအတွင်း အပြီး တည်ဆောက်ဖို့ ကန့်သတ် လျာထား ပေမယ့် တင်ဒါဖွင့်တဲ့ ရက်မှာ သက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့ လုပ်ငန်းရှင်တွေ ညှိနှိုင်းကာ ဆောက်လုပ်မယ့် ကာလကို သတ်မှတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ကျောင်းဆောက်လုပ်မှု အတွက် မွန်ပြည်နယ် အတွင်း ကျိုက်ထို မြို့နယ်က လွဲပြီး ကျန်မြို့နယ် ၉ ခု စလုံးမှာ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မွန်ပြည်နယ် အတွင်း အခုလို ကျောင်းဆောက်လုပ် မှုတွေ သာမက လက်ရှိ သင်ကြားလျက် ရှိတဲ့ ကျောင်းတွေ ကိုလည်း ပြန်လည် ပြုပြင်လျက် ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ မွန်ပြည်နယ် အတွင်း အထက်တန်းကျောင်း ၆၇ ကျောင်း၊ အလယ်တန်းကျောင်း ၉၂ ကျောင်း၊ မူလတန်းကျောင်း ၁၂၀၄ ကျောင်းနဲ့ မူလတန်းလွန်ကျောင်း ၁၇၁ ကျောင်းမှာ စာသင်ကြားပေး လျက်ရှိတာ ဖြစ်ပါတယ်။ အခု ထပ်မံ ဆောက်လုပ်မယ့် ကျောင်းသစ် ၃၅ ကျောင်းကိုတော့ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနဲ့ မူလတန်းလွန် ကျောင်းအားလုံးကို လိုအပ်ချက် အလိုက် ခွဲဝေချ ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်