From : ခေတ်လူငယ်
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေမှာ အင်တာနက်ဖိုးဂျီ(4G) ကွန်ရက်စနစ်ကို တည်ဆောက်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသိန်းဦးက ပြောပါတယ်။ ‘ဖိုးဂျီကို မကြာခင်မှာ စတင်သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်၊ LDE စနစ်နဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ စတင်သွားမှာပါ၊ မကြာခင် စတင်ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်’ လို့ ယခုလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်တဲ့ မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ဖိုးဂျီစနစ်ကို hotspot အနေနဲ့ အသုံးပြုသူများတဲ့ နေရာတွေမှာ ကွန်ရက်ဖြန့်ဝေတဲ့ စခန်းပေါင်း ၂၀၀ လောက် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ဖိုးဂျီစနစ်ဟာ သရီးဂျီစနစ်ထက် အင်တာနက်မြန်နှုန်း ပိုမြင့်ပြီး ကမ္ဘာမှာလက်ရှိ အင်တာနက်အသုံးပြုတဲ့ စနစ်တွေထဲမှာ နောက်ဆုံးပေါ် နည်းပညာတစ်ခု ဖြစ်တယ်။ ပြည်တွင်းမှာ လက်ရှိ သရီးဂျီစနစ် အသုံးပြုနိုင်တဲ့ ဒဗလျူစီဒီအမ်အေနဲ့ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ် ဖုန်းတွေမှာတော့ နိုင်ငံတကာ စံနှုန်းမီတဲ့ အင်တာနက် မြန်နှုန်းမရှိဘဲ အင်တာနက်လိုင်း မကောင်းတာ၊ လိုင်းပြတ်တောက် တာတွေ မကြာခဏ ဖြစ်နေတတ်တယ်လို့ အိုင်တီနည်းပညာ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ ‘သရီးဂျီ စနစ်ကို နိုင်ငံတကာ အဆင့်မီ ကောင်းအောင် လုပ်နိုင်ရင်ပဲ မဆိုးပါဘူး၊ သရီးဂျီပဲဖြစ်ဖြစ်၊ ဖိုးဂျီပဲဖြစ်ဖြစ် ရနိုင်တဲ့ပမာဏသာ ပြောတာ၊ အခု ဘယ်လောက် ရနေလဲ၊ ကားတော့ကားပေါ့၊ ကားကောင်းနဲ့ ကားညံ့ ကွာသလိုပဲ အင်တာနက်မြန်နှုန်း ကောင်းဖို့ဆိုတာ အသုံးချတဲ့ပစ္စည်း၊ အသုံးပြုတဲ့စနစ်နဲ့လဲ ဆိုင်တယ်’ လို့ ၄င်းကဆက်လက် ပြောပါတယ်။ သရီးဂျီအင်တာနက် စနစ်ကို တရုတ်နိုင်ငံက ချေးငွေနဲ့ ၂၀၁၃ ခုနှစ်အတွင်း လိုင်းပေါင်း နှစ်သန်းခွဲလောက် တိုးချဲ့သွားဖို့ ဆောင်ရွက်နေတယ်လို့ ဦးသိန်းဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

3 comments:
4G LDE မဟုတ်ပါခင်ဗျာ...LTE လို့ထင်ပါတယ်...
lde မဟုတ်ဘူးအကို ၊ lte ပါ ၊ long term evolution အကို ။ အမှားရှာတာမဟုတ်ပါဘူး ၊ သတင်းမှန်စေချင်လို့ပါ။
ဟုတ်တယ် ဟုတ်တယ် LTE လို့ပဲ သိတာ ဒါနဲ့ high speed internet က ဖြစ်နိုင်ဖို့ ရာခိုင်နှုန်း ဘယ်လောက် ရှိပါသလဲ မသိလို့မေးတာပါ ဗွေမယူပါနဲ့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်