From : ခေတ်လူငယ်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် တောင်သူများထံသို့ ထုတ်ချေးငွေမှ ရရန်ရှိ ကြွေးကျန်ပမာဏမှာ ငွေကျပ်သန်းပေါင်း လေးထောင်ကျော်အထိ ကျန်ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စပါးသီးနှံ တစ်ဧကလျှင် ငွေကျပ် လေးသောင်းနှုန်းဖြင့် လည်းကောင်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် လည်းကောင်း၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်း ငွေကျပ်သန်းပေါင်း သုံးသိန်းကျော်ကို တောင်သူများထံသို့ ထုတ်ချေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လနှောင်းပိုင်းအထိ တောင်သူများထံမှ ပြန်လည်ရရှိငွေမှာ ရခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၂ ရာခိုင်နှုန်း (ငွေကျပ်အားဖြင့် သန်းပေါင်း ၃၀၇၇၉၃ ဒသမ ၈၆) သာ ပြန်လည်ရရှိသေးကြောင်း၊ ကျန်ငွေမှာ ၄၃၁၈ ဒသမ ၈၂ သန်းဖြစ်ကြောင်း သိရသည်။ “ပုံမှန်နှစ်တွေဆို မတ်လကုန်တာနဲ့ ချေးငွေအကုန် ပြန်သိမ်းလို့ ရနေပါပြီ။ ဒီနှစ်တော့ မတ်လ၊ ဧပြီလအထိ ချေးငွေသိမ်းလို့ မရသေးဘူး။ အခု ဇူလိုင်လကုန်အထိလည်း ချေးငွေတွေက ကျန်နေပါသေးတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ကျန်နေတာတော့ မဟုတ်ပါဘူး။ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်က တောင်သူတွေဆီမှာ ကြွေးကျန်တွေ ရှိနေတာ ဖြစ်ပါတယ်” ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

1 comments:
အင်း... တို့မြန်မာတွေ ခုချိန်ထိ တစ်ယောက် တစ်ပေါက် ပါလား.. ဘုရားသာသနာနဲ့ နီးရလို့ ကျေနပ်မိပါတယ်.. လူအချင်းချင်း စောက် ကျင့်တွေရုတ်နေကြတာ တော်သင့်ပီ.. အတ္တတွေ ဘေးဖယ်ပီး အလုပ် လုပ်ဖို့ သာ စဉ်းစားကြစမ်းပါ.. နောက်မျိုးဆက်သစ်တွေ ပညာရည် မြင့်မားပီး အောင်မြင်မှုကို ရဖို့ ကုန်းစကားပြောနေစရာမလို ဘူးလို့ သိလာတဲ့အခါ ခုချိန်မှာ အလုပ်မလုပ်ပဲ စောက်ကျင့်ယုတ် နေတဲ့ အကောင်တွေ ခွေးဖြစ်ဖို့ သာ ပြင်ထားကြ...
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်