Subscribe to our RSS Feed

နာမည်ကြီး ထမင်းငတ် ဗြိတိန် ဘောလုံးအသင်း တောင်ကိုးရီးယားကို ရှုံး ကာ ပွဲစဉ် မှ ထွက်ခွာ


From : planet

အိုလံပစ်ဘောလုံးပြိုင်ပွဲ အမျိုးသားပွဲစဉ် ကွာတားဖိုင်နယ်အဖြစ် အိမ်ရှင် ဂရိတ်ဗြိတိန်နှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တောင်ကိုရီးယားက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်သည်။

သာမန်ပွဲကစ
ားချိန် ယှဉ်ပြိုင်ကစားရာတွင် ပွဲကစားချိန် ၂၉ မိနစ်တွင် တောင်ကိုရီးယားက ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ၃၆ မိနစ်တွင် ဗြိတိန်အသင်းက ပင်နယ်တီရရှိခဲ့ရာ ရမ်ဆေးက ကန်သွင်း၍ ဗြိတိန်တို့ ချေပဂိုးရရှိခဲ့သည်။ |

ပွဲကစားချိန် ၄၁ မိနစ်တွင် ဗြိတိန်အသင်းက ဒုတိယအကြိမ် ပင်နယ်တီပြစ်ဒဏ်ဘော ကန်သွင်းခွင့် ထပ်မံရရှိခဲ့သော်လည်း ရမ်ဆေး၏ ဂိုးကန်သွင်းချက်ကို တောင်ကိုရီးယားဂိုးသမားက ကာကွယ်သွားနိုင်သဖြင့် ဗြိတိန်အသင်း ဦးဆောင်ဂိုးနှင့် လွဲချော်ခဲ့သည်။

ပွဲကစားချိန် မိနစ် ၉၀ တွင် တစ်ဖက်တစ်ဂိုးစီး သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့ပြီး အချိန်ပို မိနစ် ၃၀ ဆက်လက် ယှဉ်ပြိုင်ကစားသော်လည်း နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ၁-၁ ဂိုးဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။ ထို့ကြောင့် ပင်နယ်တီကန်သွင်း၍ အနိုင်အရှုံး ဆုံးဖြတ်ရာ တောင်ကိုရီးယားအသင်းက ၅-၄ ဂိုးဖြင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။

ဗြိတိန်အသင်း၏ ပင်နယ်တီကန်သွင်းမှုများအနက် တိုက်စစ်မှူး စတားရစ်ခ်ျ၏ ဂိုးကန်သွင်းမှုကို ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့သဖြင့် ၅-၄ ဂိုးဖြင့် တောင်ကိုရီးယားတို့ အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။


Myanmar Express

5 comments:

ဘောပွဲ ၇ှုံးတာနဲ့ အပေါ်က မိန်းမ က ဘာထဖြစ်တာလဲ ... သူ့ ဘောကမှ့ ကြည့်လို့ ကောင်းးအဟင့်..အဟင့်

No Sharia law . Very good.

ကောင် မ လေး ဆို ကြည့် ကောင်း မယ် ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်