Subscribe to our RSS Feed

နှစ်နိုင်ငံဆက်ဆံမှုခိုင်မြဲရေးနှင့်စပ်လျဉ်း၍ ကင်ဂျုံအွန်နှင့် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် တွေ့ဆုံ

From : မြဝတီ

(ပြုံယမ်း သြဂုတ် ၃)
တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မ တီ၏ နိုင်ငံတကာ ရေးရာ ဌာနမှ အကြီး အကဲ ဝမ်ကျား ရိသည် သြဂုတ် ၂ ရက် က မြောက်ကို ရီးယား နိုင်ငံသို့ အလည် အပတ် ရောက်ရှိစဉ် အတော အတွင်း နှစ် နိုင်ငံ ဆက်ဆံရေး တိုးမြှင့် မည့်ကိစ္စရပ် များကို မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အွန်နှင့် ဆွေးနွေး ခဲ့ကြ ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
ထိုသို့ တွေ့ဆုံ ဆွေးနွေး ရာတွင် တရုတ် သမ္မတ ဟူကျင် ထောင်းနှင့် အခြားပြည် နယ်နှင့် ပါတီ များမှ ခေါင်းဆောင် များကိုလည်း မိမိ အနေနှင့် ဆုမွန်ကောင်း တောင်းပေး ပါကြောင်း ဝမ်ကျား ရိအား ကင်က ပြောကြား ခဲ့သည်ဟု သိရသည်။
တရုတ်နှင့် မြောက် ကိုရီးယား ဆက်ဆံ ရေးနှင့် စပ်လျဉ်း၍ တရုတ် ကွန်မြူနစ် ပါတီမှ ခေါင်းဆောင် များနှင့် တရုတ် အစိုးရ အဖွဲ့ဝင် များသည် မဟာဗျူဟာ နည်းအရ လေ့လာ သုံးသပ် မှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ရင်းနှီး ချစ်ကြည်စွာ ဆက်ဆံ ရေးကို တိုးမြှင့် ရန်နှင့် ဆက်လက် တည်တံ့ ခိုင်မြဲ စေရန် အတွက် မူဝါဒများ ချမှတ်ပြီး မဆုတ် မနစ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဝမ်က ဆက်လက် ပြောကြား ခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန် စေရန်၊ ပါတီ အချင်းချင်း အပြန် အလှန် နားလည်မှု ခိုင်မြဲ စေရန်နှင့် လက်တွေ့ ကျသော ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး တို့တွင် တရုတ် နိုင်ငံ သည် မြောက် ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့် အနေအ ထားတွင် ရှိကြောင်း ဝမ်က ဆက်လက် ပြောကြား ခဲ့သည်ဟု သိရသည်။
Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်