Subscribe to our RSS Feed

အိုလံပစ် ထိပ်ဆုံးတွင် တရုတ် ရှိနေ


From : planet

ကျင်းပလျက်ရှိသည့် ၂၀၁၂ လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲများတွင် မြန်မာစံတော်ချိန် ယနေ့ည ၁၁း၀၀ နာရီအထိ တရုတ်နိုင်ငံအသင်းက ရွှေတံဆိပ် ၂၈ ခု၊ ငွေတံဆိပ် ၁၆ ခုနှင့် ကြေးတံဆိပ် ၁၄ ခုရရှိကာ စုစုပေါင်း ဆုတံဆိပ် ၅၈ ခုဖြင့် ဆုတံဆိပ်ရရှိမှုဇယားတွင် ထိပ်ဆုံးမှရပ်တည်နေသည်။

တရုတ်နိုင်ငံ၏နောက် ဒုတိယနေရာတွင် အမေရိကန်က ရွှေတံဆိပ် ၂၇ ခု၊ ငွေတံဆိပ် ၁၄ ခု၊ ကြေးတံဆိပ် ၁၅ ခုရရှိကာ စုစုပေါင်း ဆုတံဆိပ် ၅၆ ခုဖြင့်လည်းကောင်း၊ တတိယနေရာတွင် ဂရိတ်ဗြိတိန်အသင်းက ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၉ ခု၊ ကြေးတံဆိပ် ၉ ခုရရှိကာ စုစုပေါင်း ဆုတံဆိပ် ၃၄ ခုဖြင့်လည်ကောင်း အသီးသီး ရပ်တည်နေသည်။

လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲများကို သြဂုတ် ၁၂ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ အိုလံပစ်ပြိုင်ပွဲ ဆုတံဆိပ်ရရှိမှုဇယားမှ ထိပ်ဆုံး ၁၀ နိုင်ငံ၏ ဆုတံဆိပ်များ ဆွတ်ခူးရရှိမှု အခြေအနေကို ပုံတွင်ဖော်ပြထားသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်