ရွှေည၀ါအမည်ဖြင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာသူသည် ကာလီဖိုးနီးယားပြည်နယ်၊ဥက္ကလံမြို့၊ ဓမ္မဧရိပ်ကျောင်းမှာ ပထမဦးဆုံး အမေရိကန်ပြည်ပွဲဦးထွက် တရားပွဲကို (ဇူလိုင် ၂၉၊ ၂၀၁၂)ေ န့ တွင် ၊ ဟော ခဲ့ပါသည်။ ၄င်းတရားပွဲတွင် ရွှေည၀ါ အမည်ခံသူသည် သူ့  စကားကို သူကိုယ်တိုင် ဆန့် ကျင်သော ဟောပြော မှု များကို ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာကိုလည်း တိုက်ခိုက်ပြော ဆိုခဲ့ပါ သည်။
ရွှေည၀ါ အမည်ခံယူထားသူသည် မြန်မာတို့ ၏ အမျိုး၊ဘာသာ၊သာသနာကို ချစ်မြတ်နိုးသယောင် ပြော ဆိုနေသော်လည်း မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့ အား နှိမ်ချ ပြောဆိုခြင်းများကို အဆင်ခြင်ကင်းမဲ့စွာ ပြောဆို
ခဲ့ပါသည်။ အမေရိကန်နိုင်ငံသို့  ပထမအကြိမ် ရောက်လာခဲ့သည့် ရွှေည၀ါအမည်ခံသူသည် အမေရိကန်နိုင်ငံ အကြောင်းကို စနစ်တကျ မလေ့လာဘဲ လူနှင့် ခွေးကို နှိင်းယှဉ်၍ မြန်မာနိုင်ငံမှ လူနှင့် အမေရိကန်နိုင်ငံမှ ခွေး တို့ ၏ ဘ၀ အဆင့်အတန်းများ ကွာခြားပုံကို အောက်ပါအတိုင်းပြောဆိုခဲ့ပါသည်။
"စဉ်းစားကြည့်တယ်၊ ကိုယ့်တိုင်းပြည် (မြန်မာပြည်) က လူထက်တောင် ဒီတိုင်းပြည် (အမေရိကန် နိုင်ငံ) က ခွေးဖြစ်ရတာ တော်တော် တန်သေးလို့  အောက်မေ့ရတယ်"
ကိုးကားဖော်ပြလိုက်သည့် အထက်ပါ စကားရပ်များသည် ရွှေည၀ါ အမည်ခံသူ နှတ်ဖျားက ပြောကြား ခဲ့သည့် စကားလုံးများဖြစ်ပါသည်။ တိုင်းပြည်နှင့် လူမျိုးကို ချစ်လှပါသည်ဆိုသည့် ထိုသူသည် ဤမျှလောက် အဆင်ခြင်တရား ကင်းမဲ့စွာ အဘယ့်ကြောင့် ပြောဆိုလိုက်ပါသနည်း။ အဖြေကတော့  ရှင်းပါသည်။ ၄င်းပုဂ္ဂိုလ် သည် ဘ၀နှင့် ဆန္ဒ တစ်ထပ်တည်းမကျတော့ဘဲ လွဲမှားသည့် အစွန်းရောက်တရားများ၊ အတွေးများကို ထွေး ပိုက်ထားမှုကြောင့် ရှေ့ နောက်မညီသည့် စကားများကို ပြောမိလျက်သားဖြစ်နေရပါသည်။
၎င်းပုဂ္ဂိုလ်သည် "ကျုပ်ဆုတောင်းကတော့ ပြောင်းရလိမ့်မယ်၊ နိဗ္ဗာန် မတောင်းဘူး၊ ကျုပ်က အကယ် ၍များ နောင်ဘ၀ လူဖြစ်လာခဲ့ရင် အမေရိကန်တို့ ၊ ဂျပန်တို့ မှာ လူဖြစ်ပါရစေ..." စသည်ဖြင့် ဆုတောင်းမည့် အကြောင်းများကို ပြောကြားပြန်ပါသည်။ ရွှေည၀ါ အမည်ခံသူသည် ရှင်၊ ရဟန်းဘ၀၏ မူလရည်ရွယ်ချက် ဖြစ် သော မဂ်-ဖိုလ်နိဗ္ဗာန်ရရေးကို ကျောခိုင်းပြီး၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ လူဖြစ်ရပါလိုကြောင်း ဆုတောင်းသူ ဖြစ်၏။ ထို့ ကြောင့်လည်း ဘ၀ နှင့် ဆန္ဒ တစ်ထပ်တည်းမကျတော့ပေ။
ခြုံ၍သုံးသပ်ရသော် ရွှေည၀ါအမည်ခံသူသည်....
၁) နိုင်ငံရပ်ခြား တိုင်းတစ်ပါ၏ လူမှု စီးပွား ဒုက္ခများအကြောင်းကို နားမလည်ခြင်း
၂) တိုင်းတစ်ပါးကို တစ်ဖက်သတ် အထင်ကြီးခြင်း
၃) မြန်မာအစိုးရအား အာဃာတတရားကြီးမားစွာဖြင့် ပုတ်ခတ် တိုက်ခိုက်ခြင်း
၎) မြန်မာနိုင်ငံရေး အစာမကြေသူ ဒုက္ခသည်နှင့်/ဒုက္ခ၀ယ်များထံမှ အလှူငွေမျှော်ခြင်း
၅) ပြောသမျှစကားများသည် ရှေ့ -နောက် လုံးဝ မညီညွတ်ခြင်း
၆) အရှေ့ ကိုလျှောက်-အနောက်ကို မျှော်၊ ရွှေပြည်တော် မျှော်တိုင်းဝေးနေသူဖြစ်ခြင်း
၇) ဘုန်းကြီးက ဘုန်းကြီးအလုပ်ကို မလုပ်တော့သည့် သူဖြစ်ခြင်း
အထက်ပါ အကြောင်းများကြောင့် ၄င်း ပြော/ဟောသည့် စကားများသည် အစွန်းရောက်ခြင်းနှင့် အလွဲ အမှားများသာ ဖြစ်ပါကြောင်း ခြုံ၍သုံးသပ်လိုက်ရပါသည်။
Myanmar Express

25 comments:
ဒီလိုမျိုးဘုန်းကြီးတွေကြောင့် မြတ်စွာဘုရားရဲ့  ဘာသာနဲ့ တရားတော်တို့ ကို သူများဘာသာဝင်တွေက အထင်အမြင်သေး စော်ကားတာခံနေရတာ။ မိမိ၏ကံသုံးပါးနှင့် တွေးတောပြောဆိုလုပ်ကိုင်သမျှ ပြန်အကျိုးပေးပါလိမ့်မယ်။
များသောအားဖြင့် အညာဘက်က သင်္ကန်းဝတ်လာတဲ့ ဘုန်းကြီးတွေဟာ အညာဒေသမှာ အစားအစာဆင်းရဲတော့ အစားချောင်လို့ ဝတ်လာကြတာ များတယ်။ ဒါကြောင့် အညာဒေသက ဘုန်းကြီးအ၀တ်များတယ်။ အမေရိကန်လို နိုင်ငံလဲရောက်ရော တသက်လုံး မမျှော် မှန်းခဲ့တာတွေ တွေ့ ရကြုံရတော့ အညာသား ဘုန်းကြီး ပေါက်ကရတွေပြောတော့တာပေါ့။ ခွင့်လွှတ်လိုက်ကါလေ။
လူ့ဘုံနဲ့ တိရိစ္ဆာန်ဘုံ ဒါတောင်နားမလည်ဘဲ
သံဃာ့အရည်ခြုံထားတာတော့ ဗုဒ္ဓသာသနာအတွက်
တော်တော်မကောင်းတာဘဲ။ အမေရိကန်ရောက် ဗုဒ္ဓဘာ
သာဝင်များ၊ မြန်မာပြည်မှဗုဒ္ဓဘာသာဝင်များ ယခုခေတ်မှာ ဗုဒ္ဓသာသနာကို ဖျက်ဆီးလိုသူများ ရှိနေပါတယ်။ နောက်
လာနောက်သားများအကျိုးအတွက် သာသနာကြီးမပျက်ဆီး
သွားအောင် ၀ိုင်းဝန်းစောင့်ရှောက်ကြပါ။ အခုလို သံဃာ့
အရည်ခြုံပြီး သာသနာကိုဖျက်ဆီးမယ့် အတွင်းရန်တွေကို
ပိုသတိထားစေလိုပါသည်။
ဒကာကြီးရွှေည၀ါ ဘုန်းဘုန်းပြောမယ် နားထောင်
မြတ်စွာဘုရားက လူ့ဘ၀သည်သာ တရားကျင့်ကြံနိုင်တဲ့ အတွက် အမြင့်မြတ်ဆုံးလို့ဟောခဲ့တယ်
အမေရိကန်လောက်ချမ်းသာတာ မပြောနဲ့ ၊ နတ်စည်းစိမ်၊ ဗြမာ စည်းစိမ်တွေ ထက်တောင် လူ့ဘ၀က အမြင့်မြတ်ဆုံးလို့ ဟောခဲ့တယ်။
အဘယ်ကြောင့် ရုပ်ပစည်းလေး နည်းနည်းသာတာ ကို အားကျပြီး ခွေးဖြစ်ရတဲ့ ခွေးဘ၀ ကလူ့ဘ၀ထက်ကောင်းသည်ဟုယ အသင်ပြော သနည်း
ခွေးဘ၀သည် လူ့ ဘ၀ထက်သာသည်ဟုထင်လျှင် သင်နောက်ဘ၀ကျလျှင် အမေရိကန်မှာ ခွေးပဲသွားလုပ်ပါတော့
.
ရွှေည၀ါ ခေါ်သော (သူများနာမည် ခိုးယူထားထာ)ကိုယ်တော်ကြီး မြတ်ဗုဒ္ဒသာသနာနေပြီး ခွေးဘ၀ကိုတောင်းတတာ သင့်ပင်စိတ်ထင်ပါတယ် သင်ပြောသမျတေဟာ သင့်၏ အဆင့်တန်းကို ဖေါ်ပြတာပဲ ပြန်လာလျင် လောင်းကစား ကြွေးတွေ ပြန်ဆပ်ရန် မမေးနဲ့။ သင်ရွှေည၀ါဆိုတဲ့ နာမည်ကို သင် ခိုးထားတာ မဟုတ်ဘူးလို့ လူလည်ခေါင် ပြောရဲလား ငါလာခဲ့မယ်...
ငရဲကို ချီတက်နေသော ဘုန်းကြီးပါလား
ငရဲ နောက်လိုက် ဒကာ များလဲ ပေါပါပေ့ ။လုံးဝ သင်္ကန်း ရုံ ရန် မသင့်သော့ သူပါတကား။
If he will born again as Dog in United States, not big problem, American women like to kiss dogs, but he will born again as Dog in Vietnam or Korea he will become a Dog meat, they will eat him.
( "စဉ်းစားကြည့်တယ်၊ ကိုယ့်တိုင်းပြည် (မြန်မာပြည်) က လူထက်တောင် ဒီတိုင်းပြည် (အမေရိကန် နိုင်ငံ) က ခွေးဖြစ်ရတာ တော်တော် တန်သေးလို့  အောက်မေ့ရတယ်" )
沒有資格當和尚的和尚,講這句話太看不起自己的國家,來世他自己當美國人的狗。
ဟိုမရောက်ဒီမရောက် ပညာမဲ့ ဘိုးတော်ကြီးပါ
နိုင်ငံရေးလုပ်မယ်ဆိုလဲ နိုင်ငံရေးလုပ်(ပြောလို့သာပြောရတာ နိုင်ငံရေးဦးနှောက်လဲ ရှိပုံမပေါ်ပါဘူး)
ဘုန်းကြီးလုပ်မယ်ဆိုလဲ ဘုန်းကြီးလုပ်(လုပ်ရင်လဲ သာသနာမှာ စားဖားတကောင်တိုးလာတာကလွဲပြီး ဘာမှထူးမှာမဟုတ်ပါဘူး ကိုယ်နုတ်အမှုအရာ ကိုက ပညာမဲ့ လူမိုက် ဆင်ခြေဖုန်းစရိုက်)
ပြောရင်လဲ ငရဲကြီးဦးမယ် ဒင်းတို့ကြောင့်ခက်တယ်
Please upload original mp3 or video file. So we can share on internet. I don't like the way he saying. I live outside Burma (Myanmar). I still dont't like the way he saying. Can u prove it Please Please Please? We need to educate people about the world. There is no other better place than Myanmar for Native Myanmar. "စဉ်းစားကြည့်တယ်၊ ကိုယ့်တိုင်းပြည် (မြန်မာပြည်) က လူထက်တောင် ဒီတိုင်းပြည် (အမေရိကန် နိုင်ငံ) က ခွေးဖြစ်ရတာ တော်တော် တန်သေးလို့  အောက်မေ့ရတယ်"
"ကျုပ်ဆုတောင်းကတော့ ပြောင်းရလိမ့်မယ်၊ နိဗ္ဗာန် မတောင်းဘူး၊ ကျုပ်က အကယ် ၍များ နောင်ဘ၀ လူဖြစ်လာခဲ့ရင် အမေရိကန်တို့ ၊ ဂျပန်တို့ မှာ လူဖြစ်ပါရစေ..."
ကျေးဇူးပြုပြီး အဲဒီဗီဒီယိုလေ တင်ပေးပါလားခင်ဗျာ
တခုပြောချင်တာက အဲဒီရွှေညဝါဆိုတာ သင်္ကန်းပဲခြုံထားတဲ့အဆင့်မှာပဲရှိပါတယ်။ တို့ဘုန်းကြီးလောကမှာကို သူ့ကို အဆင့်အတန်းသိက္ခာရှိတဲ့ကိုယ်တော်လို့မသတ်မှတ်ပါဘူး။ မေးကြည့်ပါ။ ပညာတတ်ဘုန်းကြီးရဟန်းတော်လေးတွေကိုမေးကြည့်ပါ။ အဲဒီရွှေညဝါက ဘယ်လိုလဲဆိုတာကို။
ပြောချင်တာက အဲဒီရွှေညဝါအမည်ခံသင်္ကန်းခြုံတယောက်မကောင်းတာနဲ့ ကျန်တဲ့သံဃာတော်တွေကို မပြစ်မှားမိကြစေနဲ့။ မကောင်းတဲ့သင်္ကန်းဝတ်တယောက်ကိုမြင်ပီးအကုန်လုံးကိုသိမ်းသိမ်းမပြောပါနဲ့။
ခိုးဆိုးမုဒိန်းကျင့်ပီးထောင်ကျတဲ့လူကိုကြည့်ပီးလူတွေအားလုံးဟာ ဒီအတိုင်းပါပဲလို့ပြောလို့မရပါဘူး။ အဲဒါကိုသဘောပေါက်ကြပါ။
စဥ်းစားပေါ့။ အကုန်လုံးကိုသိမ်းမပြောမိစေနဲ့။ အကျင့်သီလနဲ့ပြည့်စုံပီးတော့ သာသနာ့တာဝန် တိုင်းပြည်တာဝန်ကိုထမ်းဆောင်နေတဲ့ဆရာတော်သံဃာတော့် ရဟန်းတော် ကိုရင်တွေအများကြီးဆိုတာကို သိထားပါ။ ဒါပါပဲ။
Most of people who working in Singapore ,Janpan and US don't want stay in the whole life. I think that U Zin should stay long time and learn there in there. They like or not their place Anyway I like my country and all myanmar people. I proud of my country.
ဒီလင့်ကို ကြည့်လိုက်ရင် ပိုပြီး ထင်ရှားသွားပါလိမ့်မယ်။
http://www.youtube.com/watch?v=chDpohElE4E&feature=relmfu
http://www.youtube.com/watch?v=chDpohElE4E&feature=relmfu
ဒါဟာ သံဃာတော်တစ်ပါးအနေနဲ့ပြောရမယ့်စကား မဟုတ်ပါဘူး..
ဗုဒ္ဒဘာသာဟာ အလယ်လတ်လမ်းစဉ်ပါ အစွန်းရောက်ရင် မစစ်မှန်တော့ပါဘူး... နိုင်ငံရေးလုပ်တဲ့ဘုန်းကြီးဟာ ဘုန်းကြီးအတုဘဲဖြစ်တယ်.... နိုင်ငံရေးလုပ်တဲ့ဘုန်းကြီးတွေကို သာသနာမှာ မရှိအောင်လုပ်သင့်တယ်...
ရွှေညာဝါးကဇာတိတွေလိုက်ပြနေပါ့လား
ရွှေညာဝါးကဇညတိတွေလိုက်ပြနေပါ့လား
ဘုန်းကြီးကဘုန်ကြီးအလုပ် မလုပ် စောက်ရူးအလုပ်တွေလုပ်နေတာ လက်ပိုက်ကြည်မနေကြပါနဲ့
ဝိုင်ပြီး ဆွဲချွတ်ကြပါ (သင်္ကန်းကို)
မျက်စိနှင့်မြင်ကတဝက်ပဲုံ ဆိုသောရှေးစကားရှိဘူး၍ မြင်လိုကြားလိုသောကြောင့် ထိုအချိန်ကရိုက်ကူးထားသောvideoကိုပါ တင်ပြစေလိုပါသည်ယ
that i know already u all lier
ဘယ်သူတရားပျက်ပျက်ကိုယ်တရားမပျက်ဖို့အရေးကြီးတယ်ဟေ့
ပုံ-ရှိန်းမြသံစဉ်
ဘယ်သူတရားပျက်ပျက်ကိုယ်တရားမပျက်ဖို့အရေးကြီးတယ်ဟေ့
ပုံ-ရှိန်းမြသံစဉ်
ဘယ်သူတရားပျက်ပျက်ကိုယ်တရားမပျက်ဖို့အရေးကြီးတယ်ဟေ့
ပုံ-ရှိန်းမြသံစဉ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်