မြန်မာနိုင်ငံတွင်း ထုတ်ဝေသည့် ၇ ရက် သတင်းဂျာနယ်ပါ ကျေးရွာ 'လျှပ်စစ် မီးလင်းရေး လေးနှစ်ကြာသော်လည်း မီးမရဘဲ မီတာ လျှောက်ထားသူများ အကြွေးတင်' သတင်းပါ အချက်အလက်များသည် သက်ဆိုင်ရာ ကျေးရွာ လျှပ်စစ် မီးလင်းရေး ကော်မတီ နှင့် တာဝန်ယူ ဆောင်ရွက်နေသော ကုမ္မဏီ သို့လာရောက် မေးမြန်းခြင်းမရှိဘဲ လွဲမှားစွာ ရေးသားသည်ဟု ဆိုကာ ၇ ရက် သတင်းဂျာနယ် မုံရွာ မြို့မှ သတင်းထောက် ရန်နိုင်ကျော် ကို လာရောက် တွေ့ဆုံရန် နိုင်ငံပိုင် သတင်းစာ များမှ တစ်ဆင့် ယနေ့ ဆင့်ခေါ်လိုက် ကြောင်း ကာယကံရှင် က The Voice Weekly သို့ပြောကြားသည်။
မီးလင်းရေးကို တာဝန်ယူ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးမြန်မာ အင်ဂျင်နီယာ (စီမံ) မှ ညွန်ကြားချက်အရ ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ် သည်ဟု ယင်းစာတွင် ဖော်ပြပြီး သတင်းထောက်ကို ၂ ပတ် အတွင်း လာရောက် တွေဆုံရန်နှင့် မလာရောက်ပါက ကုမ္မဏီ ဂုဏ်သိက္ခာ ကျဆင်းမှု မျိုး ဖြစ်ပေါ်စေသည့် အတွက် တရား စွဲဆိုသွားမည်ဟုလည်းပါရှိ သည်။
ကာယကံရှင် သတင်းထောက် ရန်နိုင်ကျော်က ယင်းသတင်းနှင့် ပတ်သက်၍ သတင်း အတည်ပြုချက် သွားရောက်ယူစဉ် ကုမ္မဏီ ရုံးခန်းမှာ ပိတ်ထားကြောင်းနှင့် ရှေနေ နှင့် တိုင်ပင် ကာ ၇ ရက် သတင်း ဂျာနယ် သတင်း အယ်ဒီတာအဖွဲမှ တစ်ဆင့်ဖြေရှင်း သွားမည်ဖြစ် ကြောင်း လည်းပြောကြား သည။်
ယင်း သတင်းထောက် သည် ခေတ္တကန် ကျေးရွာ မီးလင်းရေး ကော်မ တီမှ တာဝန်ရှိသူ တစ်ဦးနှင့်၎င်း မုံရွာမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးမှ ခန့်မှန်းချက် များကို ၎င်းသတင်းတွင် မေးမြန်း ရေးသားထားပြီး ဇွန်လ ၁၄ ရက်နေ့ ကဖြန့်ချိခဲ့သည့် ၇ ရက် သတင်းဂျာနယ် Vol 11 No 14 တွင် ဖော်ပြထား ခြင်းဖြစ်သည။်
အဆိုပါရွာတွင် မီတာတစ်လုံး ရရှိရန်အတွက် ကျေးရွာသားများ ကျပ် ၆ သိန်း ပေးသွင်းခဲ့ရပြီး အချို့မှာ လယ်ယာများ ပေါင်၍ အကြေပေးသွင်းထား ကြရကြောင်း၊ အကြွေးကြောင့် လယ်ယာမြေ ဆုံးနိုင်သည့် အခြေနေ ရောက်နေကြောင်း ဒေသခံများ ကို ကိုးကား၍ သတင်း ရေးသားထား သည် ကို တွေ့ရသည်။
ခေတ္တကန် ကျေးရွာသည် မုံရွာမြို့ အနီး ၅မိုင်ခန့် အကွာ လက်ရှိ ကမ္ဘာ့အမြင့်ဆုံး အမြင့် ၁၃၀ မီတာ ရှိ ဗောဓိတထောင် ရပ်တော်မူ ရုပ်ပွားတော်ကြီး အနီးတွင် တည်ရှိသော ကျေးရွာဖြစ်သည်။
From : http://www.mgkyautkhae.com/2012/08/blog-post_8.html
အခုမီဒီယာသမားတွေကို စာပေစီစစ်ရေးက ရှိနေတော့ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဆန္ဒတွေပြကြတယ်
အင်တာနက်ပေါ်တတ်လာတော့ ဆန္ဒပြတာတဲ့..သောက်ရှက်က မရှိဘူး..ပြီးတော့ သူတို့ပဲ ရဲနဲ့တွေ့တော့
သူငယ်ချင်းအလှူသွားသလိုလို လမ်းလျှောက်သလိုလိုနဲ့ ဖာသယ်မ ပါးစပ်လို ဗလောင်းဗလဲနဲ့ မီဒီယာတွေ..
ပါးစပ်ထဲမှာ မစင်အပြည့်နဲ့..။ ဟော..ကြည့်..ပြောရင်းဆိုရင်း လုပ်ချလိုက်ပြန်ပြီ..သောက်တလွဲ အိုင်စီတီ ဂျာနယ်..တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်း ခေါ်ယူ ဆိုတဲ့သတင်းမှာ ကေအိုင်အေ က ပုံတွေလာတင်ပြီး ရုပ်တည်ကြီးနဲ့ ဖြန့်ချလိုက်တယ်.မြန်မာနိုင်ငံမှာနေပြီး မြန်မာစစ်တပ် ဗိုလ်လောင်းတောင် မမြင်ဖူးးဘူးထင်တယ်..တယ်လည်း ဗဟုသုတ နည်းတဲ့ ဂျာနယ်..အဲဒီလို ပုစွန်ဆိန် ဦးနှောက်နဲ့ လူတွေ ဗဟုသုတ နည်းတဲ့သူတွေ ထုတ်တဲ့ ဂျာနယ်က အိုင်စီတီ တဲ့..ကြည့်ရတာ အင်တာနက်မှာ သူများရေးပြီးသား အိုင်တီ အသိပညာတွေကို စုစည်းပြီးထုတ်တာပဲနေမှာပါ..ကိုယ်တိုင် အစွမ်းအစ အသိဥာဏ် ဗဟုသုတ ရှိပုံမရဘူး..။
ဘယ့်နှယ့်..လုပ်ချင်တာလုပ်သလို..
ဆင်ကလေးမွေးဆိုပြီး ခွေး၂ကောင်မိတ်လိုက်တဲ့ ပုံတင်တာကျနေတာပဲ..ဘယ်လိုမှ မသင့်တော်..။
ရတဲ့သတင်းတွေကို အင်တာနက်က ဒေါင်းလုတ်ချပြီး (ဓါတ်ပုံ့-သတင်း-အင်တာနက် )လို ရေးတာလည်း မြန်မာ မီဒီယာများပဲ ရှိသကိုး ။ ကင်မရာလေးကိုင်တာနဲ့ ဓါတ်ပုံသတင်းထောက်ဖြစ်ပြီ
မှတ်နေတယ် ။ အာသွက်လျှာသွက်မေးတတ်တာလေးနဲ့ ကိုယ့်ကိုကိုယ်သတင်းထောက်ဖြစ်ပြီ မှတ်နေတယ်..အဲဒါကြောင့်လည်း မင်းသမီး ထက်ထက်မိုးဦးဆီမှာ ပါးချခံရတာ..မိန်းမချင်း မစာမနာ ..Hotဖြစ်ရင် ဂျာနယ်ဝင်ငွေကောင်းမယ် ဆိုတဲ့ သောက်ချီးထုပ် အတွေးအခေါ်ပဲ ရှိတာကိုး..။အဲဒီလို ဂျာနယ်တွေက အဲဒီလို မီဒီယာသမားတွေက ဂျာနယ်ဝင်ငွေကောင်းရင်ပြီးရောပဲ လုပ်တတ်တာကတော့ လွန်လွန်းသဗျ။အခုလို ရေးချင်တိုင်းရေးတာက သောက်တလွဲလုပ်တာက အမှန်တင်ပြမယ့် စတုတ္တမဏ္ဍိုင်ကြီးတဲ့လားဗျာ..ရှက်တတ်ရင် အိုင်စီတီ ဂျာနယ်က ပုစွန်ဆိတ်ချီးခေါင်းနဲ့ အယ်ဒီတာတွေ စာစီသူတွေ နဲ့ မီဒီယာသမားတွေ အိမ်ကိုပြန် ..ငရုတ်ကျည်ပွေ့နဲ့ ဖင်ဆောင့်သေဖို့ကောင်းနေပြီ ။
Myanmar Express

3 comments:
အေးပါကွာ။
မြန်မာစစ်ဗိုလ်လောင်းတွေ ကို ကချင်သူပုန်တွေပုံထည့်မှတော့ သေလိုက်ပါတော့ကွာ
Grave mistake
ICT မှာတွေ့ရတဲ့ပုံက ဗိုလ်လောင်းတွေရဲ့ပုံဟုတ်ပါတယ်။
ကေအိုင်အေတွေရဲ့ ပုံမဟုတ်ပါ။ ဒါပေမယ့် မီဒီယာတွေ
လွဲမှားမှုကိုပြောချင်ရင်တော့ အများကြီးပါဘဲ။ အမေရိကန်
စစ်သင်္ဘောကြီးဓာတ်ပုံကိုတင်ပြီး ဆိုမာလီပင်လယ်ဓားပြ
တွေပြန်ပေးဆွဲသွားတဲ့ ကုန်တင်သင်္ဘောလို့ဆိုတာမျိုး၊
သတင်းအကြောင်းအရာတစ်ခုထဲကိုဘဲ ရှေ့မျက်နှာဖုံးမှာ
မှန်တယ်၊ နောက်မျက်နှာဖုံးမှာကျတော့ မှားတယ်လို့
ကပြောင်းတိကပြောင်းပြန် ရေထားတာမျိုး၊ ဒေါ်လာသန်း ၄၀၀ တန်ဂျက်လေယာဉ်လို့ရေးရမယ့်အစား ၄၀၀ တန်ဂျက်လေယာဉ်လို့ရေးတာမျိုး။ ပြောရရင်တော့အများကြီးပါဗျာ။
အပေါ်ကရေးတဲ့သူ သေချာကြည့်ပြီးမှပြော။ ငါတို့ ဗိုလ်လောင်းက လက်မောင်းတံဆိပ်က အ၀ိုင်းကွ လေးဒေါင့်မဟုတ်ဘူး။ ငါတို့မှာ ကော်လံတံဆိပ်ရှိတယ်ကွ။ အခုပုံမှာ ကော်လံတံဆိပ် ပါလားဆိုတာ သေချာကြည့် လိုက်အုံး။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်