Subscribe to our RSS Feed

လူ့သမိုင်းအကြို သတ္တဝါ တစ်မျိုး၏ ရုပ်ကြွင်းတွေ့ရှိ


From : .MRTV4

နိုင်ငံတကာမှ သုတေသန ပညာရှင်များ ပါဝင်သည့် အဖွဲ့ တစ်ခုမှာ လူ့သမိုင်း အကြို သတ္တဝါ မျိုးစိတ် ၂ မျိုးတို့မှာ အာဖရိက တိုက်တွင် လွန်ခဲ့သည့်နှစ် ၂ သန်းခန့်က နေထိုင်ခဲ့ကြသည်ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။ အမေရိကန် ၊ ဂျာမန်နှင့် ဗြိတိန် နိုင်ငံသား လူသားဆင့်ကဲ ပြောင်းလဲ ဖြစ်တည်မှု ဗေဒ ပညာရှင်များမှ ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ဗုဒ္ဓဟူး နေ့က ဗြိတိန် သိပ္ပံ မဂ္ဂဇင်း ဖြစ်သည့် Nature တွင် ရေးသား ဖော်ပြခဲ့သည်။

၎င်းတို့အဖွဲ့မှာ အဆိုပါ လူသားများ၏ သွားရိုး ကျောက်ဖြစ်ရုပ်ကြွင်း ၃ ခုကို ကင်ညာနိုင်ငံ မြောက်ပိုင်းတွင် တွေ့ခဲ့ရပြီးနောက် ယခုလို ရေးသားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အရိုးများမှာ သိပ္ပံအခေါ် Homo erectus ခေါ် ရှေးလူသားများ၏ အရိုးစု ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ လေ့လာချက်များ အရ အဆိုပါ အရိုးထဲမှ ၂ ခုမှာ အစောပိုင်း Homo များထံမှ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁.၉၅ သန်းမှ ၁.၇၈ သန်းကြားတွင် ဖြစ်နိုင်ကြောင်း ဖော်ပြသည်။ ယခုလို တွေ့ရှိချက်ကြောင့် သမိုင်းဦး အကြို လူသားများမှာ အချင်းချင်း ကပ်ရက် နေထိုင်ခဲ့ပုံရကြောင်းလည်း ပြောကြားခဲ့သည်။ ယခုလို တွေ့ရှိမှုကြောင့် လူသားများ အကြား ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ကို ပိုမို သိရှိစေနိုင်မည် ဖြစ်ကြောင်း NHK သတင်းတွင် ဖော်ပြသွားခဲ့သည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်