့ပါတီတွင်း ရင်ကြားမစေ့နိုင်သေးတဲ့ NLD ပါတီမှ ပြည်သူ့အကျိုး ဘာမှမလုပ်ပဲ ဆန္ဒပြစရာမရှိ ပါတီထဲက လူအချင်းချင်း ဆန္ဒပြလျှက်ရှိ ကြောင်း သတင်းရရှိသည်။ မြောင်းမြမြို့ NLD ပါတီ ရှိ ပါတီဝင် လူ ၃၀၀ ကျော် သည် NLD ပါတီအတွင်း မှာတင် ဒီမိုကရေစီ မရှိသောကြောင့် ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကို သြဂုတ်လ ၁၂ ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီ တွင် ပြုလုပ်ခဲ့သည်။
NLD ပါတီမြို့နယ်ရုံးတည်ရှိရာ ဦးဘချိုလမ်းမှသည် ကျွန်းတောတံတားအနီး ရှိ ခရိုင်ကော်မရှင်ရုံး အထိ ဆန္ဒထုတ်ဖော်ကာ လမ်းလျှောက်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်သည့် ခန့်မှန်း အင်အား ၃၀၀ ကျော် ရှိသည်။ ဆန္ဒထုတ်ဖော်သူတို့က မြို့နယ်ကော်မရှင် ပြန်ဖွဲ့ရေး ၊ ဗဟိုကော်မတီမှ လူကြီးတစ်ဦး နှုတ်ထွက်ရေး ၊ မြို့နယ်ရုံးခန်း မပြောင်းရွှေ့ရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။ အချိန် ၂ နာရီ နီးပါး စုဝေးလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး NLD ပါတီသည် မြန်မာနိုင်ငံမှာ ပါတီပေါင်း ၄၀ ကျော်ရှိသည့်အနက် ပါတီဝင်းအချင်းချင်း ဆန္ဒပြသည့် ပထမ ဆုံး ပါတီ ဖြစ်သည်။
ရန်ကုန်မြို့ရှိ NLD ပါတီ ရုံးချုပ်တွင်လည်း ဗဟိုဦးစီးမှု လွန်ကဲလျှက် ရှိကြောင်း ဝေဖန်မှုများ ရှိကြောင်း NLD စိတ်ပျက် ကာ ထွက်ခွာသွားသူများမှ ပြောဆိုထားသည်များကို http://www.myanmarexpress.net/search/label/%E1%80%92%E1%80%AE%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%94%E1%80%B2%E1%82%95%20%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BC%E1%80%B2%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%99%E1%80%B9%E1%80%B8 တွင် ဖက်ရှုနိုင်သည်။
အချင်းချင်း အဝေမတည့်ကာ ဆန္ဒပြနေသော NLD ပါတီ၏ ဥက္ကဌ မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး သူမ ၏ လက်သုံးစကား မှာ "အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ရမယ်" ဟူ၍ဖြစ်သည်။

ပါတီတွင်း တောင် ဒီမိုကရေစီ မရရှိသေးတဲ့
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
နိုင်ငံရေး စားဖားကြီး တွေ ရှိတဲ့ NLD
ဒီမိုကရေစီ မကျတဲ့ ပါတီတွင်း ကော်မရှင် ဖျက်သိမ်း ပါ.. တဲ့
Myanmar Express
5 comments:
ကောင်း တယ်
BCP,Socialist, Westerner all mixed. For country no way they can lead.
ဗဟိုကော်မီတီကလူကြီးတဦးဆိုတာဘယ်သူတုံး နေပြည်တော်မှာလဲအဲ့ဒီလိုခံစားချက်ရှိလို့ပါ ဗဟိုဦးစီးစံနစ်ကိုလွန်ကဲစွာအသုံးချပြီးအုပ်စုဖွဲ့ဂိုဏ်းဖွဲ့ ဆရာမွေးတပည့်မွေးလုပ်နေကြတယ်၊နောက်မှပေါ်တဲ့ ခွေသေးပန်းပင်လေ၊သိကြတယ် ဟုတ်
မြောင်းမြကလူတွေက သူတို့ဆီမှာဆိုးလှပြီထင်နေတာ
ရန်ကုန်ရုံးချုပ်မှာ ဒီထက်ပိုဆိုးတာပေါ့။ ဗဟိုဦးစနစ်ပုံစံ
စစ်စစ်ကို မြင်ချင်ရင် NLD ရုံးချုပ်ကိုသွားကြည့်။ ဥက္ကဌ
မရှိရင် ဘာမှလုပ်လို့မရတာတွေ့ရလိမ့်မယ်။ ဘဘဦးတင်
ဦးတို့ဆိုတာ ရုပ်သေးရုပ်လောက်တောင် မလှုပ်နိုင်ဘူး။
(သင်ပြုသမျှကံ ပဲ့တင်သံ သင့်ထံပြန်လါမည်) } (၂၇.၃.၂၀၁၂)
{အာဏာရှိသူ ငွေကြေးချမ်းသာသူ လူသားအကျိုး ပိုပြီးလုပ်နိင်မှာပါ။}
ဂျပန်သူဌေးဆီမှာ၂နှစ်အလုပ်မလုပ်ရဘဲလခယူနေရတာ ကြာတော့ရှက်လါတယ် တစ်နေ့မှာ သူဌေးလါတဲ့အခါ ကျွန်တော်က အလုပ်ထွက်တော့မယ်ပြောတော့ ဘာကြောင့်လဲမေးလို့တယ် ကုမ္မဏီက၀င်ငွေမရှိလို့ ငါလခယူရတာ ရှက်လါလို့ပါပြောတော့ (ဘက)အရှုးသန့်ရှင်းရေးဘဲလုပ်ကွာ ဆိုပြီး ကျွန်တော့်သူဌေးကဆူသွားခဲ့ပါတယ် တစ်နေ့ကုမ္မဏီဘောနက်(စ်)ပေးတဲ့နေ့ ဘိုးလိန်းကစားရုံမှာ ရှယ်ယာသူဌေးတွေ စုထိုင်နေရာက ကျွန်တော့်ကိုလှမ်းခေါ်ပြီး မင်းတို့(ဘိရုမာ)ဗမာရဲ့စိက်ဓါတ်တွေ အရမ်းချစ်ဖို့ကောင်းသလို ငါတို့(နီဟွန်းဂျင်း) ဂျပန်လူမျိုးတွေ အကြောင်းလဲပြောပြမယ်နော်ဟုဆိုကာ ငါတို့ကုမ္မဏီလွန်ခဲ့တဲ့ ၁၀နှစ်ကြော် (ဥပမာ) တစ်နေ့ကို တစ်သန်းမြတ်ခဲ့တယ် ၁၀နှစ်- ယနေ့တစ်နေ့ကို တစ်သိန်းရှုံးတာ၂နှစ် အဲဒီလိုရှုံးတာကိုကြည့်ပြီး ကုမ္မဏီကိုပိတ်လိုက်ရင် အလုပ်သမားထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်သွားမှာစိုးလို့တဲ့လေ။ စိက်အဆိုးဆုံးကတော့ အလုပ်သင်အလုပ်သမားအလိုရှိသည်တဲ့…………………………… ၂၀၀၄ခုနှစ် ကျွန်တော်ပြန်ရောက်လါပြီး လူသားအကျိုးပြုရန် မီးကုန်ရမ်းကုန် ကြိုးစားခဲ့ပါတယ် ဒါပေမဲ့……..{YCDC) မြို့တော်စည်ပင်ရယ် ရှက်တတ်ရင်လဲသေလိုက်ကွာ
(နိုင်ငံရေးငါမသိဘူးကွာ)
တိုင်းပြည်တိုးတက်ဖို့အတွက်အတ္တမရှိဘဲ တကယ့်လက်တွေ့လုပ်နေသူတွေ ပေါင်းပြီး လက်ဖြင့်တည်ဆောက်ကြပါ၊ (ဥပမာ) ယခင်က(ပင်လုံစာချုပ်မှလွတ်လပ်ရေး၊လွတ်လပ်ရေးမှပါတီစုံ) ယခု(လက်တွေ့လုပ်နေသူတွေပေါင်းမှဒီမိုကရေစီ၊ဒီမိုကရေစီမှပါတီစုံ) အားလုံးနည်းနည်းလေးမှားနေသလိုဘဲနော်။
(ပါတီစိက်မ၀င်စားပါ)
မျိုးချစ်စိက်မှလွဲပြီး ဘာအစွဲမှမရှိပါ၊ တိုင်းပြည်ဦးဆောင်ဖို့ နေရာ လစ်လပ်တယ်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကိုတော့ လက်တွဲပြီးနေရာပေးသင့်တယ်လို့ထင်ပါသည်၊ သူနှင့်ပါတ်သက်သော နိုင်ငံခြားနည်းပညာ အကူအညီများ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ လါရောက်မှသာလျှင် တိုင်းပြည်လျှင်မြန်စွာ တိုးတက်ပြောင်းလည်းမည်ဟုထင်မိပါသည်။ (ပြည်ပကိုအားကိုးခြင်းမဟုက်ပါ)
(အရေးမကြီးပါ)
(ဘာသာတရားဆိုတာ လူသားတစ်ဦးချင်းစီရဲ့ ယုံကြည်ချက်နှင့်သက်ဆိုင်သည့်အတွက် မျက်လုံးမှိတ်ပြီးမကိုးကွယ်ပါနဲ့ လွတ်လပ်စွာ လေ့လါပါ ဆန်းစစ်ပါ ဘာသာပြောင်းတိုင်း လူမျိုးမပြောင်းနိုင်ပါ) (MYANMAR@BURMA) တိုင်းပြည်ရဲ့နာမည်-အလံပြောင်းတိုင်း တိုင်းပြည်ပြောင်းမသွားပါဘူးကွာ။
(အရေအကြီးဆုံးက)
အရီးကြီးခေတ်ဆိုတာ ရှိခဲ့တဲ့အတွက် ငါကိုယ်တိုင်မျိုးမစစ်ပေမဲ့ လူစစ်ဖို့ လူပီသဖို့တော့လိုတယ် အမြဲဆန်းစစ်နေတယ်ကွာ၊ တို့ကတာဝန်အရဆိုတဲ့စကား မင်းမိသားစုအတွက်ပါ တိုင်းပြည်အတွက် မဟုက်ပါဘူး ပြန်ဆန်းစစ်ပါအုံးကွာ။ မင်းကောလူသားတွေအတွက် သွားကြားထိုးတံ တန်ဘိုးလောက် လုပ်ပြီးပြီလါး၊ တိုင်းပြည်ဖျက်မဲ့ ငါကဘာကောင် ဘာရာထူးကွ၊ ငါကပါတီခေါင်းဆောင်ကွ၊ ကျောင်းသားခေါင်းဆောင်ကွ ဆိုတဲ့ဝေလေလေ စုန်းပြူးတွေဖယ်ရှားပြီး လက်တွဲကြပါ၊ ကောလဟာလနဲ့ အာချောင်မယ်ဆို ဝေးဝေးနေပေးပါ၊ မင်းကတကယ်ဘဲ တာဝန်အရဘဲဖြစ်ဖြစ် မျိုးချစ်စိက်နဲ့ဘဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်ဖို့ လုပ်မယ်ဆိုရင် (ရှေ့ကသွားရင်အီးမပေါက်နဲ့ နောက်ကလိုက်ရင် ဖိနပ်မနင်းနဲ့ကွာ အရမ်းစိက်ဆိုးတယ်) ငါတို့နိင်ငံက ကမ္ဘာမှာအရမ်းနောက်ကြနေပြီ အချိန်မရှိပါ။ ဗမာပြည်လွတ်လပ်ရေး အတွက် နည်းမျိုးစုံနဲ့ သခင်လို့ခေါ်တဲ့အင်္ဂလိပ်တို့၊မုဒိန်းကောင်လို့ခေါ်တဲ့ ဂျပန်တို့နဲ့ပေါင်းရတာကို နားမလည်တဲ့ မျက်နှာရှုးစုန်းပြူးတွေရဲ့အပြစ်ပြောခံခဲ့ရပါတယ်။ ဗမာပြည်မှာ ငါအလုပ်မလုပ်ပါဘူး ငါ့ကုမ္မဏီကနိုင်ငံခြားမှာပါ၊ မျိုးချစ်စိက်ရှိရင် မင်းရဲ့လက်လိုပါတယ်။ လူသားအကျိုးပြုဂီတဥယျာဉ် (၀၉၅၀ ၈၂၈၀၈) တာမွေလူမိုက်ကြီး ၀င်းကိုလှိုင် JJ (CLUB) နားမှာပါနေတယ်………
http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&l=a6af18c97d
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်