ကျောင်းသား သတ်သမား နိုင်အောင် နှင့် မိုးသီးဇွန်
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ
၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီးကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အ များစုဟာ အသက် ၁၉ ၂၀ ပတ်ဝန်းကျင်တွေများပါတယ်။တချို့ ၁၄ ၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလိုမိုးသီးနှင့် နိုင်အောင်တို့ လို ၂၆ ၂၇ နှစ် အရွယ် ရောက်ပြီသူများလဲ ပါခဲ့ကြပါတယ်။စစ်တပ်ကို လက်နှက်ကိုင်ပြန်တိုက်မယ်ဆိုပြီး ထွက်ခဲ့ကြတာပါ။အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်း အသင်းတွေကြောင့်ဆို မမှားပါဘူ။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင် တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။စဉ်းစားကြည့်ပါ၊တရားဥပဒေ စိုးမိုးမူမရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာမိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲ ထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက်အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအ သင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီးလူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ချင်းကို ခံခဲ့ ရပါတယ်။အကျည်းတန်းဆုံး နဲ့ ရင်နာစရာ အကောင်းဆုံးက"ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင်ဆိုသူအချို့က အုပ်စုဖွဲပြီးကျောင်းသားတွေကို ရန်သူလူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။
မိမိ ကိုယ်ကျိုး အတွက်တခုမှမပါဘဲ တိုင်းပြည်အတွက်ဆိုပြီးမိဘတွေကို စွန့်ပြီး ထွက်လာ ကြတဲ့ ကျောင်းသား လူငယ်တွေဟာလပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်ဆက်ခံပြီးမှ သတ်ဖြတ်ခံ ခဲ့ကြရတာပါ။
တစ်ရက် မဟုတ်ဘူး၊
တစ်ပတ် မဟုတ်ဘူး၊
တစ်လ မဟုတ်ဘူး၊
လပေါင်းများစွာ ရက်ရက်စက် ညှင်းဆဲ ပြီးမှ တရိစ္ဆန်တွေ လို သတ်ခဲ့ကြတာပါ။
• မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊
လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်)ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီခဲ့ပါတယ်။
• နည်းပေါင်းဆုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။
• ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့ တဲ့အတွက် ကိုဌေးနိုင်တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများဆွဲ ပြီး တကိုယ်လုံးနူခဲ့ ရပါတယ်။
• ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုဆောင့်ရတဲ့ ABSDF ကျောင်းသားလေး က
"ကိုဌေးနိုင်က မျက်ရည် တွေကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကိုတောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။
• မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေး ခဲ့ပါဘူး။
အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ ပါတယ်။
ဌေးနိုင်ကို သိကြတဲ့ သူများအားလုံးက ဌေးနိုင်ဟာတော်တော် သတ္တိကောင်း ပြီးစိတ်ခိုင်မာတဲ့ သူ ဖြစ်တယ်ဆိုတာ ကို သိကြ ပါတယ်။
ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာပါဝင် ခဲ့ ကြသူတွေပါ။
• နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့်အောင်နိုင်(ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကိုအစိုးရသူသျှို များအဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။
• လပေါင်း များစွာ တော်ရုံလူ မကြားဝံ့ရဲလောက် အောင်ယုတ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်ဆက်ပြီး၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
• အများစုဟာခေါင်းဖြတ်သတ်ခြင်းခံရပါတယ်။
• အသက် ၁၉နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင်ညှင်းပန်းသော ကာလများ အတွင်းသတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအားလူအများရှေ့တွင် ကာမဆက် ရှက်ခိုင်းခြင်း၊
• မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ပါးစပ်အတွင်း ဒါးမြောင် ဖြင့်ထိုးမွေကာ စစ်ဆေး ခဲ့ပါသည်။
• ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။
• လက် ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊လက်ကိုခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။
• ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှထွက်သော သွေးကိုတခြားဖမ်းဆီးခံ ကျောင်းသား တစ် ယောက်အား သောက်ခိုင်းခြင်း။တို့အပြင် အခြားနည်းလမ်းပေါင်းဆုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်း စဲခဲ့ပါတယ်။
မိဘအရွယ်ရောက်လာကြပြီတဲ့၊ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ် ကို ပိုနားလည်လာကြပါပြီ။ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီးကျောင်းသားတွေ ပြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှားရှိသေးတဲ့မိဘတိုင်း သူတို့ရဲ့ သားသမီးတွေ ကိုမျော်ကြမှာပါ။ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ကျောင်းသား လေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။သူတို့လဲ အခြားမိသားစုတွေ လို မျော်ချင်ကြမှာပါ။
အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာသူတို့ သားသမီးတွေ ဘယ် တော့မှာပြန်မလာတော့ဘူးဆိုတဲ့ အသိကသူတို့ ကို ဘယ်လောက်ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါ ဘူး။ အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေ ကြပြီးအစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေ ကချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလည်း၊ဒီမိုကရေစီ အတွက်ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့ တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ဘယ်လောက် ခံစားကြရမလဲ။အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈မျိုဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့်သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ၊ နှင့်ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီးဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ် သမား များကို အသိအမှတ်ပြုပြီး မဆက်ဆံ ဘို့ တိုက်တွန်းချင်ပါတယ်။
အဲဒီနေရာမှာ
ဒါတွေဟာတောထဲမှာ ဖြစ်ခဲ့တာ၊
ပြီးခဲ့တာ ပြီးခဲ့ပြီ၊
ငါတို့နဲ့ဘာမှမဆိုင်ဘူး၊
ငါတို့ဟာနည်မည်ကြီး တွေဘဲ ဆင်သွားရင်လမ်းဖြစ်တယ်၊
မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊
နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျာံး၊
ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ဆိုတဲ့
အတွေး မျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ်ဆို လျှင်
သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူ များနှင့်
သူတို့ရဲ့ မိသားစုများသာမက၊
ခင်များတို့အားလုံး ကို
လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ်
အသိအမှတ်ပြု ထားတဲ့သူအားလုံး နှင့်တကွ
ဒီမိုကရေစီရေးတခုလုံး ကို စော်ကားလိုက်တာပဲ ဖြစ်မယ်။
တချိန်တည်းမှာ ပြည်သူ ၊ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း
ခုလို ပြောင်းအလဲကာလ မှာ အတိုက်အခံ အုပ်စုများအားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း
အမျိုးသား ညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေး ကြတယ်ဆိုတာကို သိစေချင်ပါတယ်။ဒါပေမဲ့ဒီသတ်ဖြတ်မူ တွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ
သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာငါတို့နှင့်မဆိုင်ဘူး ဆိုပြီးမိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ် ပြု ဆက်ဆံ မည် ဆိုလျှင်ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲအမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်ကိုများ ကို ထိခိုက် ရုံသာမက
ဒီမိုကရေစီ နှင့် လူအခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါ လိမ်မယ်။
ပြည်သူ တို့အနေဖြင့် မြန်မာသမိုင်းမှာဒီလို အရုပ်ဆိုး အကျည်း တန်လှတဲ့ ရက်စက်ကြမ်း ကြုတ်လှတဲ့
သတ်ဖြတ်မူကြီးမှာ ဘယ်လိုရပ်တည်ခဲ့တယ်၊ဘယ်လိုတာဝန်ယူ ဖြေရှင်း ပေးခဲ့တယ်၊ကျန်ရစ်သူ မိသားစုတွေကို ဘယ်လိုနှစ်သိပ်မူမျိုး ပေးနိုင်ခဲ့ တယ်ဆိုတာသမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ် ခဲ့မှာပါ။အဓိကတော့သမ္မတကြီး တို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင် မယ်လို့ ယုံကြည်ပါတယ်။ပြည်တွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့် တကွလူအခွင့်အရေး မြတ်နိုးသူ အားလုံး အနေဖြင့်ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံး အားသူတို့ကျုးလွန်ခဲသော လူမဆန်သည့် ရာဇဝတ်မူ များ အတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကိုသူတို့သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်း လိုက်ပါတယ်။နောက်ဆုံးအနေနဲ့ ကျနော်တို့ အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်