Subscribe to our RSS Feed

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ တောင်အာဖရိက နှင့် အစ္စရေးနိုင်ငံ သံအမတ်ကြီးများ ခန့်အပ်



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်အာဖရိက သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်ခြင်း

နေပြည်တော် စက်တင်ဘာ ၁၀

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ တောင်အာဖရိက သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ်စ ရိုဘီနာ ပက်ထရစ်ရှာမာ့က်စ် သည် ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်းင်း၏ သံအမတ်ခန့် အပ်လွှာကို ပေးအပ်သည်။



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အစ္စရေးနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်ခြင်း

နေပြည်တော် စက်တင်ဘာ ၁၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ ဟာဂေး မိုရှေးဘီဟားသည် ယနေ့နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

Myanmar Express

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်