Subscribe to our RSS Feed

ဟူကျင်ထောင်းနှင့် ပူတင် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

From : .မြဝတီ



ပေကျင်း စက်တင်ဘာ
တရုတ် သမ္မတ ဟူကျင် ထောင်းသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် စက်တင်ဘာ ၇ ရက်က တွေ့ဆုံ၍ နှစ် နိုင်ငံ ဆက်ဆံရေးနှင့် အခြား ကိစ္စရပ် များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ ခေါင်းဆောင် များသည် ရုရှား နိုင်ငံ အရှေ့ပိုင်း ဗလာဒီဗော့ စတော့ခ် မြို့ရှိ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (APEC) ထိပ်သီး ဆွေးနွေးပွဲ ပြင်ပတွင် သီးခြား တွေ့ဆုံ ခဲ့ကြ ခြင်းဖြစ်ပြီး တရုတ်နှင့် ရုရှား နှစ်နိုင်ငံ မဟာ ဗျူဟာမြောက် ပူးပေါင်း လုပ်ဆောင်ရေး အပြင် ဒေသတွင်း နှင့် နိုင်ငံ တကာ ကိစ္စရပ်များ အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ထိုသို့ ဆွေးနွေး ရာတွင် နှစ်နိုင်ငံ အကြား လာမည့် ဆယ်စုနှစ် အတွင်း ကုန်သွယ် မှုများကို တိုးမြှင့် သွားပြီး အပြန် အလှန် ယုံကြည်မှု တည်ဆောက်ရေး၊ ထောက်ပံ့ ရေးနှင့် တန်းတူ ညီမျှရှိရေး စသည်တို့ကို တိုးမြှင့် လုပ်ဆောင်ရန် နှစ်နိုင်ငံ ခေါင်းဆောင် များက သဘောတူ ခဲ့ကြောင်း သိရသည်။

တရုတ်နှင့် ရုရှား နိုင်ငံတို့သည် ၂ဝ၁၅ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ် မှုကို ၇၉ ဒသမ ၂ ဘီလီယံ အထိ တိုးမြှင့်သွား မည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် ဘီလီယံ ၂ဝဝ အထိ တိုးမြှင့် သွားရန် စီစဉ်လျက် ရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်