Subscribe to our RSS Feed

ဒုက္ခသည်များကို ထိုင်းနိုင်ငံက မကူညီပဲ ဖိအားပေးနေသည်ဟု ဆို

F
ထိုင်းနိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒဟာ ဒုက္ခသည်တွေအတွက် အကူအညီ မရတဲ့ အပြင် ဖိစီးမှုတွေ ဖြစ်စေတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့
ကဝေဖန်လိုက်ပါတယ်။

ဒုက္ခသည်နဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းသူတေ
ွအပေါ် ထိုင်းနိုင်ငံရဲ့
ပြုမူဆောင်ရွက်ချက်ဆိုတဲ့ စာမျက်နှာ ၁၄၃ မျက်နှာပါ အစီရင်ခံစာ တစောင်ကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက် တာပါ။

ဒီအစီရင်ခံစာဟာ ဒုက္ခသည်စခန်းတွေမှာ ရှိနေသူတွေရော စခန်း
အပြင်မှာရှိနေတဲ့ မြန်မာနိုင်ငံ ကဒုက္ခသည်တွေရဲ့အခြေအနေကိုပါ အဓိကထား လေ့လာပြီး ရေးသားထားတာဖြစ်ပါတယ်။

မြန်မာ၊ လာအိုနဲ့ မြောက်ကိုရီးယားက ရောက်လာပြီး ဒုက္ခသည်အဖြစ်
လျှောက်ထားသူတွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ စစ်ဆေးအသိအမှတ်ပြုဖို့ ထိုင်းအစိုးရက ခွင့်မပြုဘူး
လို့ထောက်ပြထားပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းထဲက လူတွေကို အဘက်ဘက်မှာ တင်းကြပ်
ထားပြီး အလုပ်လုပ်ခွင့်လည်း မပြုဘူးလို့ဆိုပါတယ်။

ဒီမူဝါဒအရ တချိန်မှာဒုက္ခသည်တွေ ဌာနေ ပြန်ခွင့်ရတဲ့အခါ ဘဝ ထူထောင်ရေးအတွက် အဆင်သင့်ဖြစ်ဖို့ မလွယ်တဲ့အကြောင်း ပြောဆို ပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေကြားမှာ စိုးရိမ်ကြောင့်ကျမှုတွေ၊ မသေချာမှုတွေ၊ ကိုယ်စွမ်းဥာဏ်စွမ်းပြခွင့် မရတဲ့ခံစားရမှုတွေဖြစ်နေသလို တရားမျှတမှု
အတွက် ဘယ်သူ့ကို ချဉ်းကပ်ရမလဲ ဆိုတဲ့ အားကိုးရာ မဲ့ရတယ်လို့
ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တလျှောက် ဒုက္ခသည်စခန်း ၉ ခုမှာ လူဦးရေ ၁ သိန်း ၄ သောင်းလောက်ရှိနေပြီး၊ အဲဒီထဲက ၆၀ ရာခိုင်နှုန်းလောက်ကိုပဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတယ်လို့ HRW က ဖော်ပြပါတယ်။


Photo: ထိုင်းနိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒဟာ ဒုက္ခသည်တွေအတွက် အကူအညီ မရတဲ့ အပြင် ဖိစီးမှုတွေ ဖြစ်စေတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ ကဝေဖန်လိုက်ပါတယ်။   ဒုက္ခသည်နဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေအပေါ် ထိုင်းနိုင်ငံရဲ့  ပြုမူဆောင်ရွက်ချက်ဆိုတဲ့ စာမျက်နှာ ၁၄၃ မျက်နှာပါ အစီရင်ခံစာ တစောင်ကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက် တာပါ။   ဒီအစီရင်ခံစာဟာ ဒုက္ခသည်စခန်းတွေမှာ ရှိနေသူတွေရော စခန်း အပြင်မှာရှိနေတဲ့ မြန်မာနိုင်ငံ ကဒုက္ခသည်တွေရဲ့အခြေအနေကိုပါ အဓိကထား လေ့လာပြီး ရေးသားထားတာဖြစ်ပါတယ်။   မြန်မာ၊ လာအိုနဲ့ မြောက်ကိုရီးယားက ရောက်လာပြီး ဒုက္ခသည်အဖြစ်  လျှောက်ထားသူတွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ စစ်ဆေးအသိအမှတ်ပြုဖို့ ထိုင်းအစိုးရက ခွင့်မပြုဘူး လို့ထောက်ပြထားပါတယ်။   ဒါ့အပြင် ဒုက္ခသည်စခန်းထဲက လူတွေကို အဘက်ဘက်မှာ တင်းကြပ် ထားပြီး အလုပ်လုပ်ခွင့်လည်း မပြုဘူးလို့ဆိုပါတယ်။   ဒီမူဝါဒအရ တချိန်မှာဒုက္ခသည်တွေ ဌာနေ ပြန်ခွင့်ရတဲ့အခါ ဘဝ ထူထောင်ရေးအတွက် အဆင်သင့်ဖြစ်ဖို့ မလွယ်တဲ့အကြောင်း ပြောဆို ပါတယ်။   ဒါကြောင့် ဒုက္ခသည်တွေကြားမှာ စိုးရိမ်ကြောင့်ကျမှုတွေ၊ မသေချာမှုတွေ၊ ကိုယ်စွမ်းဥာဏ်စွမ်းပြခွင့် မရတဲ့ခံစားရမှုတွေဖြစ်နေသလို တရားမျှတမှု အတွက် ဘယ်သူ့ကို ချဉ်းကပ်ရမလဲ ဆိုတဲ့ အားကိုးရာ မဲ့ရတယ်လို့ ဖော်ပြထားပါတယ်။   ထိုင်း-မြန်မာနယ်စပ် တလျှောက် ဒုက္ခသည်စခန်း ၉ ခုမှာ လူဦးရေ ၁ သိန်း ၄ သောင်းလောက်ရှိနေပြီး၊ အဲဒီထဲက ၆၀ ရာခိုင်နှုန်းလောက်ကိုပဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတယ်လို့ HRW က ဖော်ပြပါတယ်။  (Photo- HRW)

Myanmar Express

1 comments:

အော်
ခုမှ သိကြပါလားနော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်