Subscribe to our RSS Feed

စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့ပါက ၀န်ကြီးဌာနသို့ အကူအညီ တောင်းခံနိုင်

From : MRTV4

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ လုပ်ငန်းများ

လုပ်ကိုင်ရာမှာ အခက်အခဲများ ကြုံတွေ့ပါက စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနသို့ တင်ပြ အကူအညီ တောင်းခံ နိုင်တယ်လို့ သိရပါတယ်။ ဒီလိုတင်ပြ အကူအညီ တောင်းခံမှုကို စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ Export and Import လုပ်ငန်းများ၊ လုပ်ငန်းခွင်မှာ အခက်အခဲများ၊နယ်စပ်မှ ကုန်ပစ္စည်းများ တင်ပို့မှုတွေမှာ အခက်အခဲများ ရှိပါက ၀န်ကြီးဌာနသို့ တင်ပြကာ အကူအညီ တောင်းခံ နိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၀န်ကြီးဌာန အနေနဲ့ ကုန်သွယ်မှုများ အဓိက လုပ်ဆောင်ရာ နေရာဒေသ တွေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးများမှာ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပေး နေပြီး အဆိုပါ ပွဲတွေ မှာလည်း လုပ်ငန်းရှင် များရဲ့ အခက်အခဲတွေကို တင်ပြနိုင်တယ်လို့ သိရပါတယ်။ ယခုလို တင်ပြလာတဲ့ အခက်အခဲတွေ ကိုတော့ ၀န်ကြီး ဌာနမှ လိုအပ်သလို သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ညှိနှိုင်း ဆောင်ရွက် ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခု လက်ရှိမှာ နယ်စပ်မှ တရားမ၀င် ကုန်ပစ္စည်းများ ပပျောက်ဖို့ အတွက် ကိုလည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်