Subscribe to our RSS Feed

ခွေးခြင်္သေ့မိုးသီးဇွန်ဆိုတာ နဂိုအရင်အတိုင်းပါဘဲ


From : မင်းကိုကို

အသက်တာကြီးသွား၊အချိန်များသာလျှင်မြန်စွာကုန်ဆုံးသွားသောလည်းအကျင့်စရိုက်မရင့်ကျက်သေးတာကို တွေ့ မြင်ရပါသည်။အဓိကကတော့ဝမ်းတွင်းစိတ်က အရေးကြီးပါသည်။၈၈ခုနှစ်၊ဇွန်လမှာမိန်းပြန်ဖွင့်သဖြင့်တရားပွဲများလုပ်ရာမှာမိုးသီး၏အပြောအဟောများအား ကျောင်းသားတွေမပြောနှင့်
၊ကျောင်းသူတွေကတောင် မကြိုက်နှစ်ကြတာကို ပြန်မြင်ယောင်မိပါသည်။သြဂုတ်လ(၂၈)ရက်နေ့ မှာ ယူနီယံမြက်ခင်းပေါ်မှာ သမဂ္ဂဖွဲ့  စည်းသည့်တရားဟောပြောပွဲမှာလည်း အကိုကြီး၊အကိုလတ်၊အကိုငယ်တွေနှင့်
သံလိုက်အိမ်မြောင်တလုံးဖြင့်တောခိုဖို့ ကြိုးစားပြီးမော်လမြိုင်က လှည့်ပြန်ခဲ့တာကိုဗြောင်လိမ်ပြောသွားသော မိုးသီးဇွန်ဖြစ်ပါသည်။အချိန်ဆွဲကာ ပေရှည်ဟောပြောနေသဖြင့် ရပ်ပါတော့အသိပေးနေသောလည်းပြောဟောနေ၍စိတ်မရှည်သောကျောင်းသားအချို့ စင်ပေါ်တက်ရိုက်မည်လုပ်တာကို တားဆီးခဲ့ရပါသည်။ရန်ကုန်ဆေးရုံကြီး ၃၆နာရီအစာငတ်ခံဆန္ဒပြပွဲမှာလည်း လုံခြုံရေးတာဝန်ယူထားသောရွှေဂျိုးဖြူက သူတို့  အားဝိုင်းထားပါသည်ဆို၍ မြို့ ထဲမှသပိတ်အဖွဲ့ တွေဆီမမှန်မကန်အကြောင်းကြားပြန်လို့ အချင်းချင်းဖြစ်သော ပြဿနာများကို ရှင်းလင်းခဲ့ရပါသည်။ရှင်းကြချိန်မှာ မိုးသီးအား ရွှေဂျိုးဖြူအဖွဲ့ မှရဲဘော်များအားနားလည်မှုလွဲသွားသည့်အပေါ်ပြန်တောင်းပန်ပေးဖို့  ပြောသူကပြောသောလည်း
မိုးသီးဇွန်ဆိုသူက ကလေကချေများအား မတောင်းပန်နိုင်ဘူးဆိုပြီးလူအများရှေ့ မှာဖော်ထုတ်ပြောပြန်လို့ သက်ဦးဦးဆောင်သောရွှေဂျိုးဖြူအဖွဲ့ နားမှ ကျော်ဝင်းလေး ငှက်ကြီးတောင်မြောက်ပြီးခုတ်ဖို့ လုပ်ခဲ့တာအလျှင်အမြန်ဝင်ဆွဲရသည့် ဖြစ်ရပ်ကိုမြင်ယောင်မိပါသေးသည်။၈၉ခု၊မတ်လ တံတားနီနှစ်ပတ်လည်မှာ မိန်းထဲကိုရောက်လာပြီးဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရဖို့ သူ့  ကိုယ်သူ အမြောက်ဆန်ကြီးပမာတုန်ဟီးသွားအောင်ပစ်ဖောက်ချင်ကြောင်းဟောပြော၊ လူတွေကို ကျောင်းထဲကထွက်ပြီး
အပြင်မှာ ချီတက်ဖို့ ကြွတက်ပြကာ၊ပစ်ဖို့  ပြင်ဆင်ထားသော စစ်တပ်ဆီကို လှူံဆော်ခဲ့တာလည်း မိုးသီးဖြစ်ပါသည်။မကသပပွဲကိုဖျက်ဆီးချင်တာပဲသိပြီး လူများသေမည်ကို မစဉ်းစားမတွေးခေါ်သူဖြစ်ပါသည်။
မနည်းတားဆီးခဲ့ရသလို၊မိုးသီးတို့  ကိုလည်း အတူတူနှစ်ယောက်ချင်း လက်ချင်းချိတ်ကျောင်းပြင်ထွက်ချီတက်ကြမည်လို့ ချဲ့  လင့်လုပ်ယူမှ ငြိမ်သွားကြသည်။အုတ်အော်သောင်းနင်းနှင့် အချင်းချင်းစစ်တပ်ရှေ့  မှာဖြစ်ခဲ့ရတာသည် ရှက်စရာဖြစ်ပါသည်
။သမဂ္ဂမှခွဲကာပါတီထောင်ခဲ့သောလည်း လမ်းကြောင်းကြီး၃သွယ်တို့  ဘာတို့ ဖြင့် ညာဖြီးပြောဆိုကြသည်။
ကိုယ်သန်ရာကိုယ်လုပ်ခြင်းတာဖြစ်သည်။ဗကသမှာ လမ်းကြောင်း၃သွယ်မူမချမှတ်ခဲ့တာအမှန်ဖြစ်ပါသည်။
ပေါ်ဦးနှင့်ကေကြူ့ ကိုမေးနိုင်ပါသည်။ကြိုးမဲ့လေတံခွန်စာတမ်းကို မိုးသီးအနေဖြင့်ဘယ်နှစ်စောင်လိုချင်ပါသလဲ ဆိုတာသိချင်ပါသည်။ပို့ ပေးဖို့ အသင့်ရှိပါသည်။တောဆင်းချိန်နှင့်တပြိုင်တည်း ငါတနေ့  ပြန်လာခဲ့မယ်
ကဗျာစာအုပ်ထုတ်သွားခဲ့သောမိုးသီးကဗီဇာတာထုတ်ပေးလိုက် ထောင်ကျမှာ၊ပစ်သတ်မှာမကြောက်ဘူး ပြန်မယ်ပြောဆိုတာကို အသံဖိုင်မှာကြားလိုက်ရသဖြင့် ကိုယ့်နားတောင်မှကိုယ်မယုံနိုင်ဖြစ်သွားရပါသည်။
လူ့ ဘောင်သစ် အကွဲအပြဲဇာတ်လမ်း၊ ဘုရားသုံးဆူအကွဲအပြဲဇာတ်လမ်း၊အေဘီအကွဲအပြဲဇာတ်လမ်းအားလုံးများနှင့်ချိတ်ဆက်ထားတာမိုးသီးဖြစ်ပါသည်။
အေဘီကွဲတော့ ကျောင်းသားစိတ်နှင့် ဆလိုင်းကိုကိုဦး၊ကိုသန်းဝင်း၊ကိုဥာဏ်လင်းရွှေအစရှိသောကျောင်းသားများရပ်ပေးသောလည်း မိုးသီးဥာဉ်ကြောင့်ကိုယ့်တပ်ကိုယ်ပြန်နင်း၊ဖျက်ရပါသည်။ကိုဝင်းမင်း၊ကိုအောင်သူငြိမ်း၊ကိုအောင်နိုင်ဦး(ဗဟု)များဖြင့် အားယူသောလည်းလူပေါ်လူဇော်နည်းများဖြင့် မိုးသီးတပ်လန်ထွက်သွားတာလည်း အမှန်ဖြစ်ပါသည်။
တရားရုံးရင်ဆိုင်ရဲသော မိုးသီးက ပါတ်စပို့ အတုအမှုနှင့်ထိုင်း၊လရောင်ထောင်ကလွတ်အောင် အာမခံပေးခဲ့သောဖိုရမ်အေရှမှ မစ္စချာလီဒါကို ဘာမှမပြောဆိုပဲ အမေရိကားထွက်ပြေးသွားခြင်းသည် ရှက်တက်မည်ဆို ရှက်စရာဖြစ်နေပါသည်။ကွဲစရာမရှိရင် မိုးသီးသည် သူဆရာကိုမြင့်လှိုင်နှင့်လည်းကွဲတာကို
အမေရိကားမှရဲဘော်များအသိဆုံးဖြစ်မည်ဖြစ်ပါသည်။နိုင်ငံတကာမြန်မာကျောင်းသားများပထမအကြိမ်ညီလာခံ(၂၀၀၁)မှာလည်းဘာအစ်ရှုးမှတိတိကျကျတာဝန်မယူပဲ စင်အောက်ကနေ လိုက်နှောင့်ယှက်ခဲ့တာလည်း မိုးသီးဖြစ်ပါသည်။အင်ဒီယားနား၊ဖို့ ဝန်းကရဲဘော်များအသိဆုံးဖြစ်ပါသည်။ငါမိုးသီဇွန်ဆိုသော သွေးနထင်ရောက်နေသော ၀မ်းတွင်းရူးရောဂါသည် ကုရာဆေးမရှိဖြစ်နေပါသည်။
မိုးသီးက အမေရိကမှာ ဘာအလုပ်မှ မလုပ်ဘူး.. ဟိုအိမ်တက်စား.. ဒီအိမ်တက်စားသမား..မိုးတိမ်တွေတောင်မှမတည်ငြိမ်တာ မိုးသီးလည်းတနေ့ ကြွေရမှာပါ။
နှစ်ဆယ်ရာစုအကုန်တွင် မြန်မာပြည်တွင်းမှပျောက်ကွယ်
သွားပြီ ဟု ပညာရှင်များက ယူဆထားသော ရှားပါး ခွေးခြင်္သေ့
မျိုးနွယ် တစ်ကောင် အား ယခုနှစ် စက်တင်ဘာလအတွင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်တွေ့ရှိလျှက်ရှိကြောင်း မျက်မြင်သက်သေများကပြောကြားလာ........

Myanmar Express


4 comments:

မင်းတို့ရခိုင်တွေက ခွေးကောင် ကိုကိုကြီးကို အဖေတော်ချင်တာကို့..။ ဒီလူသတ်ဟစ်တလာ ကိုကိုကြီးကို မကြာခင်နိုင်ငံတကာ ခုံရုံးမှာတရားစွဲဆိုလိမ့်မယ်။ ကယ်ပေးမယ်သူ မိုးသီးဇွန် တယောက်ဘဲရှိတယ်။

မိုးသီးဇွန်သားလား?
ယောက်ဖလား?

မင်းပထွေးမိုးသီးဇွန်က သူများကိုကယ်ဖို့ မပြောနဲ့ကိုကိုယ်တိုင်တောင် တောင်းစားနေရတဲ့ကောင် မင်းလိုစောက်ရူးကသာအဖေတော်လိုက်။

ဆလိုင်း ကိုကိုဦး အကြောင်းလည်း သိချင်ပါတယ် သူက ပထမဆုံး ကြိုးမိန့်ကျခဲ့ သူဆိုတော့ သူ့အကြောင်းလေး လက်လှမ်းမှီ သလောက်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်