မန္တလေးသို့ ရောက်ရှိနေသည့် မိုးသီးဇွန်၏ မင်းကွန်းခရီးစဉ်တွင် ရေယာဉ်ပေါ်၌ မီဒီယာသမား များနှင့်တွေ့ဆုံကာ ABSDF မြောက်ပိုင်းကိစ္စ၌သူ့ထံတွင် တာဝန်ရှိပါက ၄င်းအနေဖြင့် ရှင်းလင်းနိုင်ကြောင်း ပြောကြားခဲ့သည်။
“သူ့မှာတာဝန်ရှိတယ်ဆိုရင် သူရှင်းနိုင်တယ်၊ သူလုပ်ခဲ့တဲ့ ကိစ္စရှိခဲ့ရင်လည်း သူရှင်းနိုင်တယ်၊အခြားရှိခဲ့တဲ့ ကိစ္စရှိခဲ့ရင်လည်း သူလုပ်နိုင်တယ်လို့ ကိုမိုးသီးက ရေယာဉ်ပေါ်မှာပြောခဲ့ပါတယ်”ဟု မန္တလေးမှ သတင်းထောက် တစ်ဦးက ၄င်း၏ ပြောကြားမှုကိုအခြေခံ၍ ပြန်ပြောပြသည်။
အဆိုပါရေယာဉ်ပေါ်ရှိ မိုးသီးဇွန်၏ မင်းကွန်းခရီးစဉ်တွင် မန္တလေး ABSDF ကျောင်းသားရဲဘော်ဟောင်းများ၊ (၈၈)မျိုးဆက်ကျောင်း သားများ၊ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူနှင့်မှ သတင်းသမား (၂၀)၀န်းကျင် ပါဝင်ကြောင်း သိရသည်။
ABSDF ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည့် မိုးသီးဇွန်မှာ စက်တင်ဘာလ(၁၇)ရက်နေ့က မင်းကွန်းခရီးစဉ်အပြန် မရမ်းခြံဆိပ်အရောက်တွင် မန္တလေးမြို့ခံတစ်ဦးက “မိုးသီးဇွန် အလိုမရှိ မြန်မာပြည်က ပြန်ထွက်သွားပါ”ဟူသော ဆိုင်းဘုတ်ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း ကိုလည်း သိရသည်။
“ရှုပ်နေတာကို ရှင်းအောင်လုပ်တာ မိုးသီးဇွန်”ဟု ပါရှိသည့် ဂျာနယ်ပါ ဆောင်းပါးနှင့်ပတ်သက်၍ ယခုကဲ့သို့ ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်းနှင့် ဆန္ဒထုတ်ဖော်သူမှာ အောင်မြေသာဇံမြို့နယ်၊ အနောက်ရပ်ကွက် အကွက်အမှတ်(၅၀)မှ ဦးထွန်းရီ ဖြစ်သည်။
“ဂျာနယ်တွေ အင်တာနက်တွေမှာ ပါတဲ့ မိုးသီးဇွန်က မြန်မာပြည်ကို ဖောက်ခွဲဖို့ လက်နက်တွေဝယ်ဖို့ဆိုတဲ့ စကားက ကျွန်တော်တို့ဝန်းကျင်မှာ ပျံ့နေတယ်၊ အဲ့ဒီတော့ ဒါလေးကို ရှင်းမပြဖို့ သတင်းစာရှင်းလင်းပွဲ လုပ်ပေးစေချင်လို့ တောင်းဆိုခြင်းဖြစ်ပါတယ်၊ ကန့်ကွက်ဆန္ဒပြတာမျိုး မဟုတ်ပါဘူး”ဟု အဆိုပါ ဆိုင်းဘုတ်ကိုင်ဆောင်သူဘေးမှ ဦးဝီရသူ၏ တပြည့်တစ်ဦးက ဆန္ဒထုတ်ဖော်ရခြင်းနှင့်ပတ်သက်၍ ၄င်း၏အမြင်ကိုရှင်းပြသည်။
၎င်းတို့နှစ်ဦးစလုံးမှာလည်း ဦးဝီရသူ၏ တပြည့်အရင်းများဖြစ်ကြောင်း၊ဆရာတော်ကိုလာကြိုရင်း ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်ကြောင်း မိုးသီးဇွန်အပေါ် နားလည်မှုလွဲနေသည်များကိုလည်း ၄င်းအနေဖြင့် ဖြေရှင်းပေးစေ လိုကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
“သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း၊ မိုးသီးဇွန်အား မထောက်ခံကြောင်း” ဆန္ဒထုတ်ဖော်သည့် ဆိုင်းဘုတ်ကိုင်ဆောင် သူက ပြောကြားခဲ့သည်။
အဆိုပါဆန္ဒထုတ်ဖော်သူထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် အမျိုးသမီးတစ်ဦးကလည်း မိုးသီးဇွန်၏ ရပ်တည်မှုအား မသိရှိကြောင်း၊ မြောက်ပိုင်းအရေးအခင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ ပြောဆိုသည်ကို သိလို၍ မေးမြန်းခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခြင်းမဟုတ်ကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ တရားဝင်စာတင်ထားခြင်းမရှိကြောင်းကိုလည်း သိရသည်။
Myanmar Express
3 comments:
ဟေ့ကောင် မိုးသီဖွန် မင်းမှာတာဝန်မရှိရင် ဘယ်သူု့ မှာတာဝန်ရှိလဲ
ပွင့်ပွင့်လင်းလင်းပြောပါလား ..ဝေ့လယ်ဂျောင်ပတ်နဲ့ ဘာကောင်တွေလဲ
မင်းတို့ လုပ်ချင်တိုင်းလုပ်ပြီး .. ပြီးတော့မှ ကြောက်ချီးပါမနေနဲ့ 
ပုလင်းတူဗူးဆို့  ..မင်းတို့ ကောင်တွေအကုန်အတူတူ ..ရှင်းစမ်းပါ
ပွင့်ပွင့်လင်းလင်းပေါ့ .. မင်းမှာတာဝန်မရှိရင် ဘယ်သူတာဝန်ရှိလဲ
သမိုင်းကြောင်းနဲ့ တကွဖြေရှင်းစမ်းပါ .. သမိုင်းကိုသိတဲ့သူတွေ ခံစားခဲ့ရတဲ့သူတွေ ပြည်တွင်းမှာရှိနေတယ် မင်းတို့ ပြောတာတွေကြားချင်နေတယ် .. ဘာမှမဆိုင်တဲ့ ငါတို့ ကအစ ကြားချင်သိချင်နေတယ် ....ရှင်းနိုင်တယ်ဘဲပြောနေတယ်
ဘာတွေရှင်းပြနေလဲ .. ချီးထုတ်အုပ်စု အမြန်ပြန်ပါ
မင်းတို့ပြည်ပမှာ အလှူငွေမရတော့လောက်တာနဲ့  ပြန်မလာပါနဲ့ 
သမိုင်းကြောင်းရှင်းပြီးမှလာခဲ့ကျပါ .. မင်းတို့ စခဲ့တဲ့ဇာတ် မင်းတို့ ပြီးအောင်ကပေးလိုက်ပါ .. အခုကျမှ မဆိုင်ဘူး ..မသိဘူးမလုပ်ပါနဲ့
မင်းလူအတယောက်မှမဟုတ်တာ ..မင်းအသိတရားရှိရင် ..ပြည်သူတွေအတွက်မင်းကြီးကြီးကျယ်ကျယ်ပြောမနေနဲ့  .. အသတ်ခံလိုက်ရတဲ့ ကျောင်းသားတွေရဲ့ မိသားစုတွေကျေနပ်အောင် ကတိတခု( သို့ )စကားတခွန်းတော့ ပြောခဲ့သင့်ပါတယ်
moe thie zon lu lane myanmar ko ma lar per say nae
ပြော ကို မ ပြော ချင် တော့ ပါ ဘူး ။ လူ တိုင်း သိ နေ ပါ ပြီ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်