Subscribe to our RSS Feed

ကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနဲ့ အဖွဲ့ ရခိုင် ခရီးစဉ် အပြီး ဘင်္ဂလာသို့ လာမည်

From : narinjara

ရခိုင်ပြည် ပဋိပက္ခကို လာရောက် လေ့လာခဲ့တဲ့ အမေရိကန် အာရှ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Joseph Yun နဲ့ အဖွဲ့ဟာ စက်တင်ဘာ ၁၁ ရက်နေ့မှာ ဒက္ကားကို ရောက်ရှိလာမယ်လို့ သိရပါတယ်။

AP Photo

အဲဒီ အဖွဲ့ဟာ ရခိုင် ပဋိပက္ခကို လေ့လာဖို့ စစ်တွေကို စက်တင်္ဘာ ၈ ရက်နေ့ကနေ ၉ ရက်ထိ သွားရောက်ခဲ့ပါတယ်။

သူတို့ အဖွဲ့မှာ အဖွဲ့ဝင် ၄ဦးပါ ရှိမှာ ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့မှာ (၃) ရက်ကြာနေထိုင်မယ်လို့ သိရပါတယ်။

သူတို့ဟာ ဘင်္ဂလာ ခရီးစဉ် အတွင်းမှာ မြန်မာ နယ်စပ် အနီး ကော့စ်ဘဇားထိ သွားးရောက်မှာ ဖြစ်ပြီ မြန်မာ နိုင်ငံက မွတ်စလင် ဒုက္ခသည်တွေကို ကူညီရေး မူဝါဒများ အပေါ် ဆွေးနွေးမှာ ဖြစ်သလို ရခိုင်ပဋိပက္ခ ဖြစ်ပွားရတဲ့ အကြောင်း အရာတွေလည်း လေ့လာကြမယ်လို့ ဆိုပါတယ်။

ကော့စ်ဘဇားအတွင်းရှိတဲ့ မြန်မာနိုင်ငံ ထွက်ပြေးလာတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် လေ့လာကြမှာ ဖြစ်ပါတယ်။

သူတို့နဲ့ အတူ ဒက္ကာမြို့ အမေရိကန်သံရုံးမှ သံအမတ် Dan W Mozena လည်း ကော့စ်ဘဇားကို လိုက်ပါသွားမယ်လို့ သိရပါတယ်။

မြို့ပေါ် မြန်မာနိုင်ငံသား ဒုက္ခသည်တွေနဲ့တော့ တစ်စုံတရာ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်