Subscribe to our RSS Feed

ဆက်သွယ်ရေးကဏ္ဍ အနေဖြင့် တစ်နှစ်တာ ကာလအတွင်း ဘီလီယံ ၉၀၀ ကျော် ရှာဖွေနိုင်မည်


From : Internet

ဆက်သွယ်ရေး ကဏ္ဍအနေဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ကျပ်ငွေဘီလီယံ ၉၀၀ ကျော်ကို နိုင်ငံအတွက် ရှာဖွေပေး သွားနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ တိုင်းပြည်ဝင်ငွေ ထောက်ပံ့မှု အနေဖြင့် ၂.၁ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး တိုးတက်မှုအနေဖြင့် ၁၀၅.၅ ရာခိုင်နှုန်းခန့် ရှိမည်ဟုလည်း ခန့်မှန်းထားသည်။ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် လက်ရှိကာလ၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စတင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့်အပြင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ပုဂ္ဂလိကအနေဖြင့် ယှဉ်ပြိုင်လုပ်ကိုင် ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။ “၂၀၁၂-၂၀၁၃ မှာ ၉၈၄ ဘီလီယံလောက် ကျွန်တော်တို့ ရှာပေးဖို့ ရှိနေပြီးတော့ မြင့်တက်မှုနှုန်း အနေနဲ့က ၁၀၅.၅ ရာခိုင်နှုန်းလောက် ရှိမယ်လို့ မျှော်လင့်ထားပါတယ်။ တိုင်းပြည်ဝင်ငွေပေါ်မှာ ထောက်ပံ့ပေးနိုင်တာကတော့ ၂.၁ ရာခိုင်နှုန်းလောက် ဖြစ်လာပါလိမ့်မယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ လိုအပ်ချက် ရှိနေပါသေးတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ လက်ရှိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းကို မကြာမီ၌ ဖျက်သိမ်း၍ Myanmar Telecom ကုမ္ပဏီဟု ပုဂ္ဂလိကအနေဖြင့် ပြန်လည်ဖွဲ့စည်းသွားပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း၌ မိုဘိုင်းဖုန်းလိုင်း ၄ သန်းကို ချထားပေးသွားမည်ဟုလည်း ၎င်းတို့က ခန့်မှန်းထား သည်။ လေးနှစ်တာကာလ စီမံကိန်းအရ ကုမ္ပဏီလေးခု အနေဖြင့် မိုဘိုင်းဖုန်းလိုင်းများကို ချထားပေးရာတွင် အရေအတွက် ၃၉.၅ သန်း ရှိမည်ဟု သိရပြီး အများဆုံး အရေအတွက် ပမာဏကို ဆက်သွယ်ရေးအတွက် ပမာဏကို ဆက်သွယ်ရေး အသွင်ပြောင်း Myanmar Telecom အနေဖြင့်သာ လုပ်ကိုင်ချထားပေးသွားမည်ဟု သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်