From : Popular
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကိုလာမည့်စက်တင်ဘာ ၁၇ ရက်နေ့တွင်ဖွဲ့စည်းမည်ဖြစ်သည်။
အဆိုပါယာယီကောင်စီဖွဲ့စည်းရန်အတွက် ထိုကောင်စီ(ယာယီ)တွင် ဖွဲ့စည်းခန့်အပ်ရန် လျာထားသော ပုဂ္ဂိုလ်များကို ဖိတ်စာများပေးပို့ထားပြီဟု သိရသည်။
အဆိုပါဖွဲ့စည်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ ရှိ Chatrium Hotel တွင်ကျင်းပမည်ဖြစ်ပြီး ယာယီကောင်စီ၏ ဥက္ကဌ၊ဒုဥက္ကဌများနှင့် အတွင်းရေးမှုးအဖွဲ့အား ရွေးချယ်တင်မြောက်ခြင်းနှင့် ယာယီကောင်စီ၏ လုပ်ငန်းတာဝန်များအား ဆွေးနွေးအတည်ပြုမည် ဟုသိရသည်။
သြဂုတ် ၁၀ ရက်က အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်းနိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိခဲ့ပြီး နောက် အဆိုပါကောင်စီ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ မီဒီယာအချို့နှင့် ၎င်းကောင်စီတွင်အဖွဲ့ဝင်အဖြစ်ပါဝင်သည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA )မှ တာဝန်နှင့် လုပ်ကိုင်ခွင့်အချက်အချို့အပေါ် လက်မခံနိုင်ကြောင်း သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။
ယခုဖွဲ့စည်းမည့် ယာယီကောင်စီတွင် ပုဂ္ဂိုလ် ၃၀ ခန့်အပ်ရန်လျာထားပြီး ထိုပုဂ္ဂိုလ်များသည် အမြုတေ စာနယ်ဇင်းကောင်စီမှ ပုဂ္ဂိုလ်အချို့ပါဝင်ကြောင်းသိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်