Subscribe to our RSS Feed

စင်ကာပူ NUS မှ ဝင်ခွင့်လွယ်ကူစွာဖြင့် ဘွဲ့များကို ဖောဖောသီသီ ပေးနေ


စင်ကာပူအမျိုးသားတက္ကသိုလ် ( NUS )၏လာမည့်နှစ်ဖေဖော်ဝါရီ ဘွဲ့လွန်ဒီပလိုမာတန်း ၀င်ခွင့်အတွက် IELTS အမှတ် ရရှိထားရန်မလိုအပ်တော့ကြောင်း Crown Educationမှ သိရသည်။

ယခင်က ၀င်ခွင့်အတွက် IELTS 6.0 ရရှိရန်လိုအပ်သော်လည်း ယခုနှစ်အတွက်မှု ၄င်းအမှတ်မတင်ပြနိုင်ပါကလည်း ၀င်ခွင့်ဖြေဆိုနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း Crown မှတာဝန်ရှိသူကပြောသည်။
အဆိုပါ ဒီပလိုမာတန်းအတွက် တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိရန်လိုအပ်ပြီး သိပ္ပံဘွဲ့ရရှိသူများအား ဦးစားပေးခေါ်ယူသွားမည်ဖြစ်သည့်အပြင် ကွန်ပြူတာ Programming နှင့် Web Developing အတွေ့ကြုံရှိသူများအတွက် ၀င်ခွင့်ရရှိရန်အခွင့်အရေးပို များကြောင်းသိရသည်။

NUS မှ ၄င်းဒီပလိုမာတန်းအား တစ်နှစ်လျင် ဖေဖော်ဝါရီလ နှင့် သြဂုတ်လများတွင် ခေါ်ယူလေ့ရှိပြီး လက်တွေ့လုပ်ငန်းခွင်အစီအစဉ်ပါ ပါရှိကြောင်း ၊ အသေးစိတ်သိရှိလိုသူများအနေဖြင့် Crown Education တိုက် ( ၂၇၀ )၊ ပထမထပ် ၊ ဒဂုံစင်တာ (II )နှင့် ကမ္ဘောဇဘဏ်ကြား ဖုန်း 09-732 732 77 ၊ 09 – 732 569 65 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Myanmar Express

1 comments:

ဒီသင်တန်းက NUS မှ ၀င်ငွေရရှိအောင် လုပ်စားနေသော လမ်းကြောင်းဖြစ်ပါတယ်။ ဒီသင်တန်းကို နိုင်ငံရင်းသား Singaporean များ တက်ရောက်ခြင်းမရှိဘဲ နိုင်ငံခြားကျောင်းသားများသာ တက်ရောက်သင်ကြားနေပါတယ်။ လက်ရှိအနေအထားအရ ကျောင်းပြီးလျှင် အလုပ်အကိုင်အခွင့်အလမ်းနည်းခြင်း working pass ရရန်ခက်ခဲခြင်းများရှိပါတယ်။ ကျောင်းပြီးရင် ရွာပြန်ရဖို့ လမ်းများပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်