Subscribe to our RSS Feed

ပုဂ္ဂလိကဘဏ်များ အပေါ် ယုံကြည်မှုရှိရန် ဗဟိုဘဏ်မှပြောကြား

From : The Voice

ယခုရက်ပိုင်းကာလတွင် ပုဂ္ဂလိကဘဏ်လောကနှင့် ပတ်သက်၍ ကောလဟာလ သတင်းများ ထွက်ပေါ်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပင်မှုများဖြစ်သော မေးမြန်းစုံ စမ်းမှုများရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါသည်။အဆိုပါ သတင်းများနှင့် ပက်သက်၍ ကောလဟာလများသာဖြစ်ပြီး ဘဏ်များ၏အကျိုးစီးပွားကို ထိခိုက်စေရန် အလို့ဌာ မလိုလားသူများ ထုတ်လွင့်သော သတင်းသာဖြစ်ကြောင်း ၊ မှန် ကန်မှုမရှိကြောင်း ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားပါသည်။ ပုဂ္ဂလိက ဘဏ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စနစ်တကျ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဘဏ်လုပ်ထုံးလုပ်နည်းများ စည်းကမ်းဥပဒေများနှင့်အညီ လုပ်ငန်းများကို တည်ငြိမ်ခိုင်မာစွာဖြင့် လည်ပတ်လုပ် ကိုင်လျက်ရှိကြောင်း ၊ သို့ဖြစ်၍ ပုဂ္ဂလိက ဘဏ်အားလုံးအပေါ် ပြည်သူလူထုများအနေဖြင့် စိတ်ချယုံကြည်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။ 

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်