From : 7day
ကိုဝင်းနှင့်
ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလနှင့် ပတ်သက်၍ ဦးအောင်ကိုဝင်းသည် အောက်တိုဘာ
၎ ရက် နံနက်က ဖွင့်လှစ်သည့် သုဝဏ္ဏဘဏ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း
ကိုသီဟအောင်ကပြောသည်။
အောက်တိုဘာ ၁ ရက်နှင့် ဧပြီ ၁ ရက်တို့သည် ဘဏ်များတွင် အတိုးနှုန်းများ ထုတ်ပေးရန် စာရင်းပိတ်သည့်နေ့ (ဘဏ်ပိတ်ရက်)ဖြစ်ပြီး အတိုးနှုန်းများကို ၅ ရက်နေ့အထိ ထုတ်ပေးလေ့ရှိသည်။
"ဒီကောလာဟလက တစ်ဦးတစ်ယောက်က လွှင့်လိုက်တာပါ။ ဒါက နှစ်တိုင်းလုပ်နေကျပဲ။ ၂၀၀၃ ခုနှစ်နောက်ပိုင်း ဗဟိုဘဏ်က ပိုခိုင်မာအောင် လုပ်ထားတယ်။ အာမခံတွေလည်းထားတယ်။ အစိုးရကလည်း တရားလက်လွတ် လုပ်လို့မရအောင် စည်းမျဉ်းတွေနဲ့ ထိန်းထားတယ်"ဟု ဦးအောင်ကိုဝင်းနှင့် အလားတူ နာမည်ထွက်လာသည့် ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က 7Day News သို့ ပြောသည်။
လကုန်ပြီးရက်များမှ စတင်ကာ ငွေကြေးအပ်နှံသူများက ဘဏ်အခြေအနေအပေါ် စိုးရိမ်မှုများနှင့် ငွေကြေးများ ပြန်ထုတ်နေသည်ဆိုသည့် သတင်းများ ပျံ့နှံ့လျက်ရှိသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်