Subscribe to our RSS Feed

ကမ္ဘောဇဘဏ် ဘဏ်တိုးထုတ်ရက်ဖြစ်၍ ငွေထုတ်သူများနေခြင်းဖြစ်ဟုဆို

From : popular

လက်တလော ကမ္ဘောဇဘဏ်များ၌ ငွေထုတ်သူများ များပြားရခြင်းမှာ ဘဏ်တိုးငွေ ထုတ်၍ လူများရခြင်းသာ ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒု-ဥက္ကဌ ဦးသန်းလွင်ကပြောသည်။
ကမ္ဘောဇဘဏ်အတွင်း ငွေလာထုတ်ယူသူ များပြားနေမှုနှင့် ပတ်သက်၍ ထွက်ပေါ် လာသည့် ကောလဟာလ သတင်းများကြောင့် ပေါ်ပြူလာ နယူးစ်ဂျာနယ်မှ ဆက်သွယ် စုံစမ်းမေးမြန်းရာတွင် ၄င်းအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။


“ဘဏ်တွေမှာ ပံ

ုမှန် ၂ ရက်က စာရင်းပိတ်ဖို့အတွက် လုံးဝ ရုံးပိတ်တာ ရှိတယ်။ အောက်တိုဘာ ၁ ရက်နဲ့ ဧပြီ ၁ ရက်နေ့တွေမှာ ပုံမှန်ပိတ်နေကြပဲ၊ အဲဒီလိုပိတ်ပြီး နောက်နေ့ဆိုရင် ဘဏ်တိုးကို စထုတ်ပေးတော့တယ်။ အခုကျွန်တော်တို့ ဘဏ်က အောက်တိုဘာ ၂ ရက်နေ့ကနေစပြီး ဘဏ်တိုးငွေထုတ်ပေးတော့ ဘဏ်ခွဲတွေ များပြီး ဘဏ်ကြီး တစ်ဘဏ်ဖြစ် တဲ့အတွက် ကျွန်တော်တို့မှာ လူများနေရတာ ဖြစ်ပါတယ်”ဟု ဦးသန်းလွင် ကပြောကြားသည်။
ပုဂ္ဂလိကဘဏ်များ အနေဖြင့် တစ်နှစ်စာ အတွက် ငွေကို ပုံစံ အမျိုးမျိုးဖြင့် ပေးကြပြီး ယင်းသို့ပေးရာတွင် တချို့ဘဏ်များမှာ ၆ လတစ်ကြိမ်ပေးကြ ရာတွင် ကမ္ဘောဇဘဏ်မှ ဘဏ်တိုးငွေကို ၆ လတွင် တစ်ကြိမ်ထုတ်ပေးကြောင်းသိရသည်။
  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်