Subscribe to our RSS Feed

ဝက်မွေးသူ ၀က် စားခံလိုက်ရ

From :  သာနောင်


အမေရိကန် အော်ရီဂွန်မှာ အသက် ၇၀ အရွယ်ရှိ တဲ့ လယ်သမား အဖိုးကြီးကို သူမွေးထားတဲ့ ပေါင်ချိန် ၇၀၀ လောက်ရှိတဲ့ ၀က်တွေက ၀ိုင်းစားသောက်ပစ် လိုက်ပါတယ်တဲ့။ ဒါပေမယ့် သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူတွေကတော့ လယ်သမားအဖိုးအိုဟာ ထူးထူးဆန်း ဆန်း သေဆုံး သွားတာပါလို့ ဆိုပါတယ်။ အဖြစ်က ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ အပတ်က Terry V. Garner ဆိုတဲ့ လယ်သမား အဖိုးအိုဟာ ၀က်တွေကို အစာကျွေးဖို့ သွားခဲ့ပါတယ်။ ဒါပေမယ့် သူ ပြန်မလာတော့လို့ မိသားစုဝင် တယောက် သူ့ကို လိုက်ကြည့်တဲ့ အခါ မြေကြီးပေါ်မှာ နည်းနည်းပါးပါးတွေ့ရတဲ့သူ့သွားလို့ ယူဆလို့ ရတဲ့ အရာနဲ့ အရိုး၊ အသားစ တချို့ကို ပဲ တွေ့လိုက်ရတာပါလို့ NBC သတင်းက ဆိုပါတယ်။ သတင်းတွေအဆိုအရ ၀က်တွေက လယ်သမားအဖိုးအိုရဲ့ ခန္ဓကိုယ် အစိပ်အပိုင်း နည်းနည်းချန်ထားခဲ့ တာဖြစ်မယ်လို့ ဆိုတယ်။ ဒေသ အာဏာပိုင်တွေကတော့ ဂါနာ ဘယ်လိုဖြစ်ပြီး ဒီလို အသက်ဆုံးရှုံးခဲ့ရ တယ် ဆိုတာ စုံစမ်းလေ့လာမှုတွေ လုပ်နေပါ တယ်လို့ ဆိုပါတယ်။ “စုံစမ်းမှုအရ ဖြစ်နိုင်ခြေတွေအများကြီးတွေ့ရတဲ့အထဲမှာ မစ္စတာ ဂါနာဟာ နှလုံးရုတ်တရက် ဖောက်လာ တာ လို့ ကျန်းမာ ရေး တခုခု ဖြစ်ပြီး လဲသွားတဲ့အခါ ၀က်တွေက သူ့ ကို အစာမှတ်ပြီး စားလိုက်တာလား၊ ဆိုတာ စဉ်စားစရာပါ” လို့ Sherriff ရုံးက ဆိုပါတယ်။ အဲဒီရုံးက ကြေညာချက်မှာတော့ အနည်းဆုံး ၀က် တကောင်က မစ္စတာ ဂါနာ ကို ရန်လိုခဲ့ပုံရတယ်လို့ ဖော်ပြထားပါတယ်။ သေမှု သေခင်း ဆရာဝန်ကတော့ မစ္စတာ ဂါနာ ကွယ်လွန်သွားရခြင်းအကြောင်းကို ကျန်နေတဲ့ သူ့ရဲ့ အရိုး၊ အသား စတွေ က တဆင့် စစ်ဆေးနေပါတယ်။ အခုလိုဖြစ်ရပ်ကို ကြည့်ပြီး ၀က်မွေးတဲ့သူတွေ ၀က်စာကျွေးရင် သတိထားရမယ့် သဘောဖြစ်ပါတယ်။ 


Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်