Subscribe to our RSS Feed

မြန်မာနိုင်ငံ၏ (၁ဝ၈) နိုင်ငံမြောက် သံတမန် ဆက်ဆံရေးနိုင်ငံ လက်ဗီးယား

From :မြဝတီ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လက်ဗီးယားသမ္မတ နိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကို အခြေခံပြီး သံတမန် ဆက်သွယ်ရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း၊ ကောင်စစ်ဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းတို့နှင့် အညီ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို ထူထောင်လိုသည့် ဆန္ဒရှိ

ကြသည့်အားလျော်စွာ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန် အဆက်အသွယ် ထူထောင်ကြသည်။

ယင်းကဲ့သို့ နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ပြုလုပ်ရန် သဘောတူညီ ချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် လက်ဗီးယား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အက်ဂါ ရင်ကီဗစ်တို့သည် ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် နယူးယောက်မြို့၌ လက်မှတ် ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် သံတမန်ဆက်ဆံမှု တိုးချဲ့ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ လက်ဗီးယား သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁ဝ၈)နိုင်ငံမြောက် သံတမန် ဆက်ဆံရေး ထူထောင်သည့် နိုင်ငံဖြစ်ကြောင်း သတင်းရရှိသည်။
  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်