Subscribe to our RSS Feed

အထပ်မြင့် လှေကားများကို သံကူကွန်ကရစ် အမျိုးအစားဖြင့်သာ ဆောက်လုပ် သွားရမည်

From : MRTV4

ရန်ကုန် မြို့တွင်းရှိ အထပ်မြင့် အဆောက်အဦးများရဲ့ အထပ်မြင့် အရေးပေါ် လှေကားများကို ဆောက်လုပ်ရာမှာ သံကူ ကွန်ကရစ် အမျိုးအစားနဲ့သာ
ဆောက်လုပ် သွားရတော့မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို သံကူ ကွန်ကရစ် အမျိုးအစားနဲ့ ဆောက်လုပ် ရတာဟာ အရင်က ဆောက်လုပ်ခဲ့တဲ့ သံလှေကားများဟာ အချိန်ကာလ ကြာမြင့်မှုကြောင့် ဆွေးမြေ့ ပျက်စီးခြင်း၊ အရည်အသွေးများ မပြည့်မီခြင်း အစရှိတာတွေ ဖြစ်ပေါ်တဲ့ အတွက် ယခုလို သံကူ ကွန်ကရစ် အမျိုးအစားနဲ့ ပြောင်းလဲ ဆောက်လုပ်ဖို့ ထုတ်ပြန်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို သံကွန် ကူကရစ် အမျိုးအစားနဲ့ အထပ်မြင့် လှေကား ဆောက်လုပ်မှု ကိုတော့ လက်ရှိ ဆောက်လုပ်ဆဲ အထပ်မြင့် တိုက်တွေနဲ့ နောက်ပိုင်းမှာ ဆောက်လုပ် သွားမယ့် အထပ်မြင့် တိုက်တွေမှာ ဆောက်လုပ် သွားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်က ရှိခဲ့တဲ့ သံလှေကား တွေကိုလည်း သက်ဆိုင်ရာ ကန်ထရိုက်တွေ အနေနဲ့ ခိုင်ခံ့အောင် ပြန်လည် ပြုလုပ် သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ သံကူ ကွန်ကရစ် အမျိုးအစား ဆောက်လုပ်ဖို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးနဲ့ တာဝန်ရှိ သူများမှ  စစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး အထပ်မြင့် လှေကား တွေကို သံကူ ကွန်ကရစ် အမျိုးအစားနဲ့ ဆောက်လုပ်မှု မရှိပါက အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


 Myanmar Express 

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်