Subscribe to our RSS Feed

ဟောင်ကောင်တွင် ရေယာဉ်ချင်းတိုက်မိမှုကြောင့် လူ ၃၆ ဦးထက်မနည်း သေဆုံး

From :planet


ဟောင်ကောင်တွင် ရေယာဉ်ချင်း တိုက်မိမှုကြောင့် သေဆုံးသူ အရေအတွက်သည် (၃၆)ဦးထက်မနည်း ရှိလာခဲ့ကြောင်း သိရှိရသည်။ ဆိပ်ကမ်းတစ်ခုတွင် လှေတစ်စင်းပေါ်မှနေ၍ လှပသော မီးရှူးမီးပန်းများကို စောင့်ကြည့်နေသူများကို ကူးတို့ယာဉ် တစ်စင်းက ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

ဟောင်ကောင်တွင် ရေယာဉ်ချင်းတိုက်မိမှုကြောင့် လူ ၃၆ ဦးထက်မနည်း သေဆုံး
ဟောင်ကောင်တွင် ရေယာဉ်ချင်း တိုက်မိမှုကြောင့် သေဆုံးသူ အရေအတွက်သည် (၃၆)ဦးထက်မနည်း ရှိလာခဲ့ကြောင်း သိရှိရသည်။ ဆိပ်ကမ်းတစ်ခုတွင် လှေတစ်စင်းပေါ်မှနေ၍ လှပသော မီးရှူးမီးပန်းများကို စောင့်ကြည့်နေသူများကို ကူးတို့ယာဉ် တစ်စင်းက ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လှေပေါ်တွင် Power Assets Holding လီမိတက်မှ မိသားစုများ၊ ဝန်ထမ်းများ အပါအဝင် လူပေါင်း (၁၂၀)မျှ လိုက်ပါလာခဲ့သည်။ ဟောင်ကောင်ရှိ လမ်မာကျွန်းအနီးတွင် ရေယာဉ် ရှိနေစဉ် အခြားကူးတို့ တစ်စင်းက ၎င်းတို့အား ဝင်တိုက်သွားခြင်းဟု သိရသည်။



ထိုစဉ်က လှေပေါ်ပါလာသူများသည် တရုတ် အမျိုးသားနေ့ အထိမ်းအမှတ် အလှအပ မီးရှူးမီပန်းများကို ကြည့်ရှုခံစားလျှက် ရှိသည်။ "ဆိပ်ကမ်းက ခွာပြီး (၅)မိနစ်မှာတင် တခြားရေယာဉ် တစ်စင်းက ကျွန်တော်တို့ လှေကို ခါးလယ်က ဖြတ်တိုက်သွားတာပါပဲ။ ဘာတွေ ဖြစ်သွားတယ် ဆိုတာတောင် သေချာ မသိလိုက်ဘူး"ဟု အသက်ရှင် လွတ်မြောက်လာသူ ယွန်ဆီဆီးက ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင် ၎င်း၏ အတွေ့အကြုံကို ဝေမျှ ပြောကြားထားသည်။



၎င်းက မိမိတို့၏ ဝန်ထမ်းများအား မီးရှူးမီးပန်းများ ပြသရန်သာ ရည်ရွယ်ထားပြီး ယခုလို မတော်တဆမှုမျိုး ကြုံရမည်ဟု လုံးဝ တွေးမထားမိကြောင်းလည်း ဖွင့်ဟခဲ့သည်။ ဟောင်ကောင် ရေလမ်းခရီး ပို့ဆောင်ရေး ဌာနက (၁၉၇၁)ခုနှစ်နောက်ပိုင်း ယခုကိစ္စသည် အသေအပျောက် အများဆုံး ရေကြောင်း မတော်တဆမှုဟု ကြေညာခဲ့သည်။ ထိုစဉ်က မကာအိုမှ ဟောင်ကောင်သို့ ခုတ်မောင်းသော Fat Shatအမည်ရှိ ရေယာဉ်သည် တိုင်ဖွန်းမုန်တိုင်း Roseကြောင့် တိမ်းမှောက်သွားပြီး လူပေါင်း (၈၈)ဦး သေဆုံးခဲ့သည်။


  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်